

မေးမြန်းသူ Ruth Su Pan
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ် ကွက်သစ် ရပ်ကွက်တွင် ပျဉ်ထောင်အိမ် ၂ လုံးနှင့် ဝါးဓနီအိမ်၁ လုံး မီးလောင်မှု ဖြစ်ပွားကာ အသက် ၃၆ နှစ် တစ်ဦး သေဆုံးပြီး အိမ်မီးလောင်မူနစ်နာဆုံးရှုံးမှု တန်ဖိုး ၉ သိန်းကျော် ကို စာဖတ်ပရိတ်သတ်များမှဝေဖန်နေမူအပေါ် အိမ်မီးလောင်မူနစ်နာဆုံးရှံူးမူတန်ဖိုးတွက်ချက်ပုံကိုချင်းပြည်နယ်၊ ဟားခါးမြို့နယ်မီးသတ်ဦးစီးမှူးထံ၊ Chin World Media မှ မေးမြန်းထား ပါသည်။
CW ပျဉ်ထောင်အိမ် ၂ လုံးနှင့် ဝါးဓနီအိမ်၁ လုံး အိမ်မီးလောင်မူနစ်နာဆုံးရှုံးမှု တန်ဖိုး ၉ သိန်းကျော် လို့တွက်ချက်တာကိုစာဖတ်ပရိတ်သတ်များမှဝေဖန်နေကြတယ်။အိမ်မီးလောင်မူနစ်နာဆုံးရှံူးမူတန်ဖိုးကိုဆရာတို့မီးသတ်ဌာနကဘယ်လိုတွက်ချက်တာလဲ
ဖြေ- “မီးသတ် ဦးစီးဌာနကနေ ကျွန်တော်တို့ တွက်ချက်နှုန်းထားတွေ ရှိတယ်၊ မီးသတ် ဦးစီးဌာနကနေ ကျွန်တော်တို့ တစ်နိုင်ငံလုံး ၁၀ နှစ် အထက်၊ ၁၀ နှစ် အောက် ပြီးရင် ဘယ်အိမ်တွေ ဆိုရင် ဘယ်လောက်နှုန်းနဲ့ ဆိုပြီးတော့ တွက်ချက် ခိုင်းတာရှိတယ် နော်၊ အဲဒါနဲ့ ကျွန်တော်တို့ တွက်ချက် ထားတာပါ။ ကျွန်တော်တို့က အခု ဥပမာ အိမ်တစ်လုံးဆို ကျွန်တော်တို့လည်း သိတာပေါ့နော်၊ ဒီအိမ် တစ်လုံးကို မီးလောင်ရင်တော့ ဟားခါးမှာပေါ့နော် ပိုဆိုးတာက အနည်းဆုံး သိန်း ၁၀၀ မရှိရင် အိမ်ဆောက်လို့ မရဘူးလေ သိတာပေါ့၊ ဒါမယ့် ဒီတွက်ချက်မှု ဆိုတာက ကျွန်တော်တို့က တွက်ချက်ပြီးတော့မှ ရာခိုင်နှုန်းနဲ့ ဒီလို ဒီလိုတွေ တွက်ရမယ် ဆိုတဲ့ဟာ ရှိတယ်၊ အဲဒါကြောင့် ကျွန်တော်တို့ အဲလို တွက်တာပါ၊ ဒါမယ့် အဲလိုမျိုး တွက်ချက်နှုန်းကိုတော့ ပြောလို့ မရဘူးပေါ့၊ ဒါကတော့ RC ဆိုရင် ၁ စတုရန်းကို ဘယ်လောက် ဆိုပြီးတော့ ကျွန်တော်တို့ ဌာနကနေ သတ်မှတ်ထားတဲ့ နှုန်းထားတွေ ရှိတယ်၊ အုတ်ငှုပ် ဆို ဘယ်လောက်နှုန်းထား၊ ပျဉ်ထောင်အိမ်ဆို ဘယ်လောက်၊ ဝါးဓနိဆိုရင် ဘယ်လောက် ဆိုပြီးတော့ သတ်မှတ်ထားတဲ့ ဟာလေးတော့ ရှိတာပေါ့နော် ဌာနကနေ။
CW ။ ဆရာတို့တွက်ချက်တာလက်တွေ့နဲ့ကင်းကွာတဲ့တန်ဖိုးလို့ဝေဖန်ကြတဲ့အပေါ်ဆရာဘာများပြောလိုလဲ
ဖြေ။ “ကျွန်တော်တို့အခု ဆုံးရှုံးမှု တန်ဖိုးက ကျပ် ၉၀၀၀၀၀ သိန်းကျော် လို့ ပြောတဲ့ဟာက အိမ်သုံးပစ္စည်းတွေ မပါဘူး၊ ကျွန်တော်တို့ ဒီ အိမ်အဆောက်အဦးပဲ တွက်တာ။ ကျွန်တော်တို့ မေးတော့ အိမ် ၂ လုံးက သွပ်မိုး သွပ်ကာနှင့် ၁ လုံးက ဝါးကပ်ကာ၊ ဆိုပြီးတော့ အဲတာကို တွက်ချက်တာပါ။”
ကျွန်တော်ပြောချင်တာ တစ်ခုကတော့ ပြည်သူလူထုတွေက မသိဘူးပေါ့နော်၊ ဒီကျွန်တော်တို့ တွက်ချက်တဲ့ ဟာတွေပေါ့နော်။ မသိတဲ့ ခါကျတော့ သူတို့က ဆုံးရှုံးမှုတန်ဖိုးနည်းလို့ ဆိုပြီးတော့ ပြောလာတယ်၊ ဒါမယ့် ကျွန်တော်တို့က တွက်ပေးပါ ဆိုရင်တော့ ကျွန်တော်တို့က အိမ်ပစ္စည်းတွေပါ အကုန်လုံး ပေါင်းထည့်ပြီးတော့ တွက်ပေးလို့ ရတယ်၊ မရဘူး မဟုတ်ဘူး။ ဒါပေမယ့် ဒီဆုံးရှုံးမှု တန်ဖိုးများရင် သူတို့ အတွက် အန္တရယ် ပိုများတယ် အိမ်ရှင်အတွက်။ အိမ်ရှင်အတွက် အန္တရယ်များတယ် ဆိုတာကတော့ ထောင်ပါ ကျသွားနိုင်တယ် ၊အိမ်ရှင်တွေပါ သူတို့ ပေါ့ဆလို့ မီးလောင်တာလေ၊ မပေါ့ဆ ရင်တော့ မီးမလောင်ဘူးလေ၊ အဲဒါကြောင့် သူတို့ ဒီဟာလေးတွေ နည်းနည်းလေးတော့ ပြည်သူလူထု တွေကို ဆုံးရှုံးမှု တန်ဖိုးတွက်တာက မီးသတ် ဦးစီးဌာနကနေ တွက်တာ။ ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့က သူတို့ ပစ္စည်းတွေပါ အကုန်လုံးထည့်ပေးလိုက်လို့ ရှိရင် တရားရုံးရောက်တဲ့ ချိန်ကျရင် ကျွန်တော်တို့က ပြသနာ မရှိဘူး၊ တွက်ပြီးတော့ သူတို့ အိမ်ပစ္စည်း၊ ငွေကြေးတွေက ဥပမာ သိန်း ၁၀၀ ရှိရင် ရှိမှာ၊ အဲဒါကို မထုတ်ပေးပဲနဲ့ မီးလောင်တဲ့ထဲမှာလည်း ပါရင် ပါသွားနိုင်တယ်၊ ဒါမယ့် အဲဒါပါ ထည့်ပေးပါ ဆိုရင်ပြီး တောင်းရင်တော့ ကျွန်တော်တို့ ထည့်ပေးမှာပါ၊ အဲ့ချိန်ကျရင် တရားရုံးရောက်နေတဲ့ ချိန်ကျမှ ထောင်ကျ သွားရင်တော့ ကျွန်တော်တို့လည်း မကယ်နိုင်တော့ဘူး ဖြစ်သွားမယ်နော်။ အဲဒါကြောင့် ပြည်သူလူထုတွေကို နားလည်အောင်တော့ ရှင်းပြပေးချင်ပါတယ်။”
CW ။ မီးလောင်မူတွေဖြစ်ရင်နောက်ဆက်တွဲတရားရုံးမှာဘယ်လိုရင်ဆိုင်ရလေ့ရှိလဲဆရာ။
ဖြေ။ “ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်တို့ ဒီဆုံးရှုံးမှု တန်ဖိုးများလေ၊ ကျွန်တော်တို့က တစ်ပြားမှ ရတာတော့ မဟုတ်ဘူး။ ခုနောက်ပိုင်း ၂၀၁၅ နောက်ပိုင်းလောက်မှာ နိုင်ငံတော် အစိုးရကနေ၊ ပြီးရင် ကိုယ့် အစိုးရ အနေနဲ့ပေါ့ ထောက်ပံ့တဲ့ဟာ၊ ကယ်ဆယ်ရေး သုံးပစ္စည်းလေးတွေပေါ့၊ ထောက်ပံ့တဲ့ ဟာတော့ ကျွန်တော်တွေ့ပါတယ်၊ လိုင်းပေါ်မှာလည်း တွေ့တွေ့နေပါတယ်။ အဲဒါပဲ ထောက်ပံ့တာပါ ကျန်တဲ့ဟာ ဒီဆုံးရှုံးမှု တန်ဖိုးတွေက အခု ကျပ် ၉၀၀၀၀၀ ဆိုရင်တောင်မှ ကျွန်တော်တို့လည်း သိတာပဲ၊ အခု ဆိ်ုင်ကယ် တစ်စီးတောင်မှ ကျပ် ၉၀၀၀၀၀ ရှိနေပြီလေ၊ ဆိုင်ကယ် တစ်စီးစာတောင် မရှိဘူးလို့ ဘာဘာညာညာ ရေးထား ကြတယ်၊ မှန်တယ်။ ဒါမယ့် ကျွန်တော်တို့က တရားရုံးရောက်တဲ့ ချိန်ကျရင် ဒီလူက ပိုက်ဆံမရတဲ့ အပြင်ကို အိမ်လည်း လောင်ပြီးပြီ၊ ရှုံးလည်း ရှုံးပြီးပြီ၊ ပြီးရင် ထောင်ကျသွားလို့ရှိရင် ဌာနကနေ လမ်းညွှန်ထားတာရှိတယ်၊ ဆုံးရှုံးမှု တန်ဖိုးတွက်ရင် ဘယ်လိုတွက်ရမယ်၊ ဘယ်ဟာဆိုရင် ဘယ်လောက် အတိုင်းအတာနဲ့တွက်ရမယ်၊ ရာခိုင်နှုန်းနဲ့ တွက်ရမယ်ဆိုတဲ့ဟာ ကျွန်တော်တို့ ညွှန်ကြားထားပြီးသားတော့ ရှိပါတယ်နော်။
အခု ကျွန်တော်တို့ အဲဒါက မီးလောင်ထားတာ ဖြစ်တဲ့ အတွက် ရဲကနေ တရားစွဲတာက သေဆုံးတဲ့ ဦးသန်းဝင်း လေ၊ တရားစွဲတာ ဆိုတော့ ဦးသန်းဝင်းတော့ သူကတော့ တရားရုံးမှာတော့ ရောက်မှာပေါ့၊ သေဆုံးတယ် ဆိုတော့ ဘယ်လို ဖြစ်လာမလဲတော့ မသိဘူး၊ ဒီရဲကနေ တရားဆွဲထာပြီးတော့ ကျွန်တော်တို့ကတော့ မီးလောင်တဲ့ ဆုံးရှုံးမှု တန်ဖိုး တွက်ပေးတယ်၊ မီးငြိမ်းတယ် ကျွန်တော်တို့က။ ပြီးရင် ကျွန်တော်က တရားရုံးတော့ ရောက်အုံးမှာ၊ ပြီးရင် တရားရုံးမှာလည်း သက်သေ ထွက်ဆိုရအုံးမှာ။ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန်မှာ မီးလောင်တယ် ကျွန်တော်တို့က မီးငြိမ်းသတ်ခဲ့တယ် ဘာညာပေါ့နော် အဲဒါ ထွက်ဆိုပြီးမှ တရားရုံးမှာ ဘယ်လိုတွေ ဖြစ်မလဲတော့ မသိသေးဘူးပေါ့နော်၊ အဲဒါကြောင့် သူတို့က ဒီဒဏ်ငွေများရင်တော့ ထောင်ပါကျ သွားနိုင်တယ်ပေါ့နော်။ အဲကြောင့် ဆုံးရုံးမှု တန်ဖိုးများရင်လည်း သူတို့ အိမ်ရှင်ဘက် အနေနဲ့လည်း အန္တရယ်များတာပေါ့နော်၊