Input your search keywords and press Enter.

ရွေးကောက်ပွဲသည် တပ်မတော်နှင့်ပြည်ခိုင်ဖြိုးပါတီအတွက်မပြီးသေးပါ

Supporters of the National League for Democracy (NLD) party celebrate in front of the party’s headquarters in Yangon on November 10, 2020, as NLD officials said they were confident of a landslide victory in the weekend’s election. (Photo by Ye Aung THU / AFP)

 

Dr.Lian Pi

ရွေးကောက်ပွဲပြီးစီးသည်မှာ ၂ လပြည့်ပြီဖြစ်ပြီးအရှံးကိုကျေကျေနပ်နပ်လက်ခံကာနောင် ၅ နှစ်အတွက်ပြင်ဆင်နေသည့်နိုင်ငံရေးပါတီများစွာရှိပါသည်။ထို့အတူယခုအချိန်အထိ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများကရွေးကောက်ပွဲတရားမျှတမူမရှိ၊ရွေးကောက်ပွဲပြန်ကျင်းပရေးဆန္ဒထုတ်ဖော်မူများကြိမ်ဖန်များစွာပြုလုပ်နေသလို၊မဲစာရင်းPDFfileများကိုExcelဖိုင်ပြောင်း၍မဲမသမာမူဖြစ်နိုင်မဖြစ်နိုင်တပ်မတော်မှစစ်ဆေးနေမူများသည်လည်းတနိုင်ငံလုံးရှိမြို့နယ်တခုချင်းမဲစာရင်းစစ်ဆေးမူများမှာလည်းမကြာမှီပြီးစီးတော့မည်ဖြစ်သည်။ရွေးကောက်ပွဲသည် တပ်မတော်နှင့်ပြည်ခိုင်ဖြိုးပါတီအတွက်မပြီးသေးပါ။

တပ်မတော်မှစစ်ဆေးလျက်ရှိသည့်မြို့နယ်များတွင်ချင်းပြည်နယ်မှမြို့နယ်များလည်းပါဝင်လာပြီဖြစ်သည်။

ဤနေရာတွင်ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်ပြီး အနည်းဆုံး ၁ နေရာမှ အများဆုံး ၄၅ နေရာအထိအနိုင်ရသောတိုင်းရင်းသားပါတီများမှရွေးကောက်ပွဲနှင့်ပတ်သက်ပြီးခြုံကြည့်လျှင်တရားမျှတသည်ဟုလက်ခံကြထားပြီးထောက်ပြခြင်းမျိုးမရှိသည်ကိုတွေ့ရသည်။စာရေးသူအမြင်တွင်လည်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်ပါတီတခုခုကိုသိသာသည့်ဘက်လိုက်မူ့မရှိခဲ့ဟုမြင်သည်။ရွေးကောက်ပွဲနေ့တွင်လည်းတနိုင်ငံလုံးလွတ်လပ်စွာမိမိကြိုက်နှစ်သက်ရာပါတီကိုမဲပေးနိုင်ခွင့်ရှိခဲ့သည်ကိုတွေ့မြင်နိုင်ပါသည်။

ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်ပြီး လက်မခံဖြစ်နေသည့် ပြည်ခိုင်ဖြိုးပါတီနှင့်တပ်မတော်အဖွဲ့အစည်း ၂ ခုသည်သာယနေ့တိုင်လက်မခံကြောင်းလုပ်ရပ်အမျိုးမျိုးဖြင့်ပြသနေကြပါသည်။တပ်မတော်မှစစ်ဆေးနေသောမဲစာရင်းစစ်ဆေးမူတနိုင်ငံလုံးရှိမြို့နယ်များအားလုံးပြီးစီးလျှင်သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဟုသိရသလို၊သမ္မတဦးဝင်းမြင့်နှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးလှသိန်းအပါအဝင်၁၅ဦးတို့ကိုအမူဖွင့်သင့်မဖွင့်သင့်ကို(၂၉၁၂၀၂၁)ရက်နေ့နံနက်(၉:၃၀)အချိန်ကစပြီးတရားသူကြီး(၃)ဦးရှေ့မှာVideoConferencingစနစ်ဖြင့်ကြားနာဖို့ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံလျှောက်ထားတိုင်ကြားထားမူများရှိသည်။

သမ္မတဦးဝင်းမြင့်ကို လျှောက်ထားတိုင်ကြားသူမှာ မန္တလေးက အမျိုးသားရေးရှေ့နေ ဦးဇော်ဝိတ်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးလှသိန်းကိုတိုင်ကြားသူမှာအမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဌ သရေစည်သူ ဦးစိုးမောင် ဖြစ်သည်။

သမ္မတဦးဝင်းမြင့်နှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးလှသိန်းအပါအဝင်၁၅ဦးတို့ကိုအမူဖွင့်သင့်မဖွင့်သင့်ကို(၂၉၁၂၀၂၁)ရက်နေ့နံနက်(၉:၃၀)အချိန်ကစပြီးပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးတွင်တရားသူကြီး(၃)ဦးရှေ့မှာ Video Conferencingစနစ်ဖြင့်ကြားနာမည်ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီသည်တနိုင်ငံလုံးတွင် NLD ပါတီနှင့်အဓိကယှဉ်ပြိုင်သည့်ပါတီဖြစ်ပြီးမဲဆွယ်ကာလတွင်လည်း NLDနှင့်တန်းတူမဲဆွယ်ခွင့်ရခဲ့သည့်ပါတီဖြစ်သည်။

တပ်မတော်နှင့်ပြည်ခိုင်ဖြိုးပါတီအနေဖြင့်မဲသမာမူများကိုဖြစ်စဉ်ဖြင့်ထိထိရောက်ရောက်မထောက်ပြနိုင်ပဲမဲထပ်နေသည့်စာရင်းနှင့်မဲသမာမူဖြစ်နိုင်သည့်စာရင်းဟူ၍သာထုတ်ပြန်နေသည်ကိုတွေ့ရပါသည်။၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရအစိုးရသည်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုရွေးချယ်ဖွဲ့စည်းပေးရခြင်းကြောင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုဘက်လိုက်သည်ဟုပြည်ခိုင်ဖြိုးပါတီနှင့်တပ်မတော်မှရွေးကောက်ပွဲမတိုင်ခင်ဖြစ်စေ၊ရွေးကောက်ပွဲပြီးကာလတွင်ဖြစ်စေစဉ်ဆက်မပြတ်ဝေဖန်နေခြင်းဖြစ်သည်။

မည်သို့ပဲဝေဖန်စေကာမူပြည်သူ့ဆန္ဒကိုထင်ဟပ်သည့်ရွေးကောက်ပွဲရလဒ်ကိုထိခိုက်မည်မဟုတ်သော်လည်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်၂၀၂ဝရွေးကောက်ပွဲတွင်ဘက်လိုက်ခဲ့ကြောင်း၊၂၀၂ဝရွေးကောက်ပွဲရလဒ်ကိုလက်မခံကြောင်းတပ်မတော်နှင့်ပြည်ခိုင်ဖြိုးပါတီမှဆက်လက်လုပ်ဆောင်မည်ပုံဆောင်သည်။

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့်NLDပါတီသည်မြန်မာပြည်လူထု၏နှစ်ပေါင်းများစွာအခိုင်အမာထောက်ခံအားပေးမူကိုရထားသည့်ပါတီဖြစ်သည့်အတွက်ရွေးကောက်ပွဲတွင်အနိုင်ရရန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏အကူအညီလိုသည့်ပါတီမဟုတ်သည်ကိုတပ်မတော်နှင့်ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များနားမလည်နိုင်သေးသည်ကိုပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ၊မဲစာရင်းစစ်ဆေးနေသည့်တပ်မတော်၏လုပ်ရပ်များကသက်သေပြနေသည်။

ထို့အတူ၂၀၂၁ခုနှစ်တွင်အသစ်ဖွဲ့စည်းမည့်အစိုးရအနေဖြင့်၂၀၂၁ခုနှစ်တွင်အသစ်ပြန်လည်ဖွဲ့စည်းမည့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုရွေးကောက်ပွဲစောင့်ကြည့်သည့်လူမူ့အဖွဲ့အစည်းများ၊နိုင်ငံရေးပါတီပေါင်းစုံ၏သဘောထားများကိုရယူပြီး၂၀၀၈ဖွဲ့စည်းပုံ၏ဘောင်တွင်းလူအများလက်ခံနိုင်မည့်အနိုင်ရပါတီတခုတည်းသဘောဖြင့်ခန့်အပ်သည့်ပုံစံမပေါက်သည့်ရွေးကောက်ပွဲကော်မရှင်အသစ်ကိုဖွဲ့စည်းသင့်ကြောင်းအကြံပြုလိုပါသည်။သို့မဟုတ်ပါက၂၀၂၅ခုနှစ်ရွေးကောက်ပွဲတွင်လည်းဒိုင်လူကြီးလုပ်ရမည့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုတပ်မတော်နှင့်ပြည်ခိုင်ဖြိုးပါတီမှဆက်လက်ကန့်ကွက်နေအုံးမည်ဖြစ်သည် ။