Input your search keywords and press Enter.

ချင်းပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် နိုင်ငံရေး၊စစ်ရေး၊အုပ်ချုပ်ရေးအတွေ့အကြုံရှိသည့်ကိုယ်စားလှယ်ကိုရွေးချယ်ရန် ချင်းအရပ်ဖက်အဖွဲ့အစည်း ၈ ဖွဲ့ကထုတ်ပြန်

Salai Khup Khup
လာမည့်ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နေရာအတွက် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး နောက်ခံအတွေ့အကြုံ ပြည့်ဝသောသူကို ရွေးချယ်တာဝန်ပေးအပ်ရန် ချင်းအရပ်ဖက် လူမှုအဖွဲ့အစည်း(၈)ဖွဲ့က ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်ခဲ့သည်။
ထုတ်ပြန်ချက်နှင့် ပက်သက်ပြီး ပြောရေးဆိုခွင့်ရှိ ပီတာလွယ်လူးက “လက်ရှိဝန်ကြီးချုပ်လည်း ကောင်းပါတယ် ကျတော်တို့ သတင်းကြားတာတော့ လာမယ့် အစိုးရသက်တမ်းမှာ လက်ရှိဝန်ကြီးချုပ်ကို ထပ်ရွေးဖို့ သတင်းကြားတယ် ဆိုတော့ ဒီထက် ပိုအရည်ချင်းရှိတဲ့သူ ဘတ်စုံမှာ အတွေ့ကြုံရှိတဲ့သူကို လိုချင်တယ် ဒီငါးနှစ်သက်တမ်းမှာ သူလည်းလုပ်နိုင်ခဲ့ပြီ လာမယ့် ငါးနှစ်မှာNLD ပုံရိပ်ကို ပိုကောင်းအောင် ချင်းပြည်နယ်ကိုလည်း ပိုတိုးတက်အောင် လုပ်နိုင်တဲ့သူ ချင်းပြည်သူတွေရဲ့ ဆန္ဒနဲ့ တစ်ထပ်ထဲ လုပ်နိုင်တဲ့ ဝန်ကြီးချုပ်ကို ခန့်စေချင်လို့ ထုတ်ပြန်ချက် ထုတ်လိုက်တာဖြစ်တယ်”ဟုပြောသည်။
တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်သက်တမ်းတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်နေရာအတွက် အတွေ့အကြုံပြည့်ဝသည့် ပြည်သူ့ကိုယ်စားလှယ် ရွေးချယ် တာဝန်ပေးအပ်နိုင်ရေးအတွက် ချင်းအရပ်ဖက် အဖွဲ့အစည်း (၈)ဖွဲ့အစည်းများဖြစ်သည့် khumi Youth Association(KYA)၊ khmi Youth Association(yangon)၊ Thrid Eye Organization၊ Vabawk Organization၊ တောင်ဇလပ်လူငယ်အဖွဲ့၊ Cho Women Organization၊ Matu Social Development Organization၊ Cnter Chin Youth Organization တို့က ပူးပေါင်း ထုတ်ပြန်ချက် ထုတ်ခဲ့သည်။
လက်ရှိ အနိုင်ရချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲတွင် လက်ရှိစည်ပင်၀န်ကြီးတာ၀န်ထမ်းဆောင်နေသူဦးစိုးထက် ၁ ဦးသာ တပ်မတော်တွင်ဒုတိယဗိုလ်မူးကြီးအဆင့်ဖြင့်တပ်ရင်းမူး၊တပ်နယ်မူးတာ၀န်များထမ်းဆောင်ဖူးသူဖြစ်သည်။
NLDပါတီပြောရေးဆိုခွင့်ရှိသူမုံရွာအောင်ရှင်က လက်ရှိပြည်နယ်နှင့်တိုင်းဒေသကြီး၀န်ကြီးချုပ်များထဲတွင် ထက်၀က်ခန့်လာမည့်အစိုးရသစ်ထဲပြန်ပါ၀င်လာနိုင်ကြောင်းမီဒီယာများထံဖြေကြားထားသည်။