

ကန်ပက်လက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ဝင်းက “တောင်ပတ်လမ်း ရှောင်ကွင်းလမ်းကို မနှစ်က ဖောက်လုပ်စဉ်ကတည်းကဘဲ အရင်ကားတွေ မတက်ဖို့ အဓိက ရည်ရွယ်ပြီးဖောက်လုပ်တာဖြစ်တယ် ဒီနှစ် DMO အစည်းဝေးပွဲမှာဘဲ မည်သည့်ယာဉ်မှတက်ရောက်ခွင့်မရှိဘူး အရေးပေါ်ယာဉ်တွေ အမှိုက်သိမ်းယာဉ်တွေဘဲ အရေးကြီးကိစ္စရပ် ဆောင်ရွက်မဲ့ ယာဉ်တွေဘဲ ဝင်ထွက်ခွင့်ပြုဖို့ ဆုံးဖြတ်ထားတယ်” ဟုပြောသည်။
ခေါ်နူးစုမ်တောင်သည် အမြင့်ပေ (၁၀၂၀၀) ရှိပြီး တောတောင်အတွင်း ရှားပါးငှက်များဖြင့်သည့် မျက်ခုံးဖြူငှက်ပြာခြောက် တို့အပြင် မျိုးစိတ်ပေါင်း များစွာရှိသည့် သဘာဝပန်းမန်များ တည်ရှိပြီး ခရီးသွားဧည့်သည်များကို သဘာဝ အတိုင်း ခံစားစေလိုကြောင်းလည်း ဒေသခံများထံမှသိရသည်။
ကန်ပက်လက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ဝင်းက “ခရီးသွားတွေ ပင်လယ်ရေမျက်နှာပြင် ၁၀၅၀၀၊၁၀၂၀၀ အထက်ကို လာရောက်တဲ့ခါမှာ သဘာဝ အတိုင်းခံစားစေချင်တယ် ခရီးကားတွေသွားရင် ခြေကျင်နဲ့ တတ်တဲ့သူတွေအတွက် စိတ်အနှောက်ယှက်ဖြစ်တယ် တောင်ထိပ် နှစ်မိုင် သုံးဖာလုံကို မဖြစ်မနေ လမ်းလျှောက်စေချင်တယ် ကျန်းမာရေးအတွက်ဖြစ်ဖြစ် သဘာဝ တောတောင်ကို ခံစားစေချင်တယ်”” ဟုပြောသည်။
အာဆီယံအမွေအနှစ် ဥယာဉ်စာရင်းဝင်သည့် ခေါ်နူးစုမ်အမျိုးသား ဥယာဉ်မှာ နှစ်စဉ်ခရီးသွား ဧည့်သည်များလေ့ရှိပြီး ဒေသခံများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနေသည့် အရင်းမြစ်ကြီး တစ်ခုဖြစ်ကြောင်းလည်း သိရသည်။