

Salai Shing Mang
ချင်းပြည်နယ်အတွင်းတက္ကသိုလ်ဝင်တန်းအောင်ချက်သည်၂၁.၂၀ရာခိုင်နှုန်းရှိပြီးနယ်ကျောင်းမှအောင်ချက်တက်လာသောကြောင့်ယခင်နှစ် ၂၀၁၉ ခုနှစ် ထက်ရာခိုင်နှုန်းပိုတက်လာကြောင်းသိရသည်။
“မနှစ်တုန်းကထက်တော့ နည်းနည်းများတာပေါ့၊ မနှစ်တုန်းကတော့ ၁၉.၅၄ ဆိုတော့၁.၆ရာခိုင်နှုန်းပိုများလာတယ်ပေါ့နော်၊ တက်လာတာကနယ်ကျောင်းတွေပိုအောင်လာတဲ့သဘောမှာရှိတယ်မြို့ကျောင်းတွေထက်ပေါ့နော်၊အဲတာလည်းထူးခြားတယ်၊နယ်ကျောင်းတွေအောင်ချက်ကမနှစ်တုန်းကထက်ပိုကောင်းလာတယ်နော်၊ဂုဏ်ထူးထွက်တဲ့ဟာလည်း မနှစ်တုန်းကထက် ပိုများလာတယ်” ဟုချင်းပြည်နယ် ပြည်နယ် ပညာရေးမှူးဦးဘီကူးဒူ မှ Chin World Media သိုု့ပြောသည်။
ချင်းပြည်နယ်အတွင်းဂုဏ်ထူးရဘာသာ ၅ဘာသာ ၂ဦး၊၄ဘာသာ ၆ဦး၊၃ဘာသာ ၁၉ဦး ၊ ၂ဘာသာ ၈၉ဦး၊ ၁ဘာသာ ၄၀၃ ဦးရှိကြောင်းလည်းသိရသည်။
ဟားခါးခရိုင်အတွင်းတက္ကသိုလ်ဝင်တန်းဖြေဆိုသူပေါင်း၂၅၄၉ဦးအနက်ဖြေဆိုအောင်မြင်သူ၄၉၈ဦး၊ဖလမ်းခရိုင်အတွင်းတက္ကသိုလ် ဝင်တန်းဖြေဆိုသူ၃၇၆၈ဦး အနက် ဖြေဆိုအောင်မြင်သူ ၉၅၈ဦး၊ မင်းတပ်ခရိုင်အတွင်း ၆၀၅၃ဦး အနက် ဖြေဆိုအောင်မြင်သူ ၁၁၆ရဦး ရှိသည်။
ချင်းပြည်နယ်တွင် ၅ ဘာသာဂုဏ်ထူးရှင် တီးတိန်မြို့နယ်တွင် ၂ဦး၊ ၄ဘာသာဂုဏ်ထူးရှင် ဟားခါးမြို့နယ်တွင် ၃ဦး၊ တီးတိန်မြို့နယ်တွင် ၂ဦး နှင့် ကန်ပလက်မြို့နယ်တွင် ၁ဦး ဖြစ်သည်။
“မနှစ်တုန်းကထက်တက်လာတယ်၊မနှစ်တုန်းကတော့၁ရဒသမ၊ဒီနှစ်ကြတော့၂၃ဆိုတော့အများကြီးတက်လာပါတယ်၊ဂုဏ်ထူးထွက်တာလည်းဟားခါးမြို့မှာအများဆုံးပေါ့ ၄ဘာသာ ၃ယောက်၊ ၃ဘာသာ ၄ယောက်၊ချင်းပြည်နယ် Top 10 မှာ ထ-၁ ကနေ ၄ယောက်ပါတယ်” ဟု ဟားခါးအခြေခံပညာအထက်တန်းကျောင်း-၁ ကျောင်းအုပ်ဆရာကြီးဦးဗျက်ကျုံး မှ ပြောသည်။
ချင်းပြည်နယ်တွင်မြို့နယ်အလိုက်မင်းတပ်မြို့နယ်သည်၃၀.၄၉ရာခိုင်နှုန်းဖြေဆိုသူ၁၅၃၅ဦးရှိပြီးဖြေဆိုအောင်မြင်သူ၄၆၈ဦးဖြစ်ပြီးအောင်ချက်ရာခိုင်နှုန်းအကောင်းဆုံးမြို့နယ်ဖြစ်သည်။ပလက်ဝမြို့နယ်သည်တက္ကသိုလ်ဝင်တန်းဖြေဆိုသူပေါင်း၂၂၁၄ရှိပြီးအောင်ချက်ရာခိုင်နှုန်း၁၀.၁၂ရှိပြီးချင်းပြည်နယ်တွင်အောင်ချက်အနည်းဆုံးမြို့နယ်ဖြစ်သည်။ချင်းပြည်နယ်တွင်တက္ကသိုလ်ဝင်တန်းဖြေဆိုသူပေါင်း ၁၂၃ရဝ ဦး ရှိပြီးဖြေဆိုအောင်မြင်သူ ၂၆၂၃ဦး ရှိကာရာခိုင်နှုန်းအရ ၂၁.၂၀ ရာခိုင်နှုန်းရှိကြောင်းသိရသည်။