Input your search keywords and press Enter.

ရိခေါ်ဒါရ်မြို့တွင် Facility Quarantine ဝင်ရသူများ၏စားစရိတ်အတွက် အစိုးရထံမှ ထောက်ပ့ံကြေး မရရှိ

 

Salai Khup Khup

 

အိန္ဒိယနိုင်ငံမှ ်ပြန်လာပြီးFacility Quarantine ဝင်နေသည့်မြန်မာနိုင်ငံသားများ၏စားစရိတ်ကို ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီမှ အစိုးရထံမှ ထောက်ပံ့ကြေးမရရှိဘဲ ကော်မတီမှ ကျွေးမွေးထားရကြောင်း ရိခေါ်ဒါရ် အမှတ်(၁) အုပ်ချုပ်ရေးမှူး ဦးချန်လျန်မာကဆိုသည်။

ရိခေါ်ဒါရ် အမှတ်(၁) အုပ်ချုပ်ရေးမှူး ဦးချန်လျန်မာက “Quarantine ဝင်တဲ့လူတွေကို ကိုဗစ်ကော်မတီကနေဘဲ လောလောဆယ် အကြွေးနဲ့ ထမင်းတွေ မှာပြီး ကျွေးတယ် အစိုးရကနေတော့ လူတစ်ယောက်ကို တစ်နေ့မှာ ကျပ်၃၅၀၀ ပေးမယ်ဆိုပြီး ပြောပေမဲ့ အခုချိန်ထိ ငွေသားလည်း မရသေးပါဘူး ထောက်ပံရန်ပုံငွေကို ဒေသခံတွေဆီကနေရှာတယ် ကော်မတီမှာလည်း လက်ရှိ သီးသန့်ရန်ပုံငွေ လည်းမရှိတော့ဘူး”ဟုပြောသည်။

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံဖက်ကို ပြန်လာကြသည့် နိုင်ငံသားများကို အိန္ဒိယ- မြန်မာ နယ်စပ်ရောက်လျှင် ၂၁ ရက် အသွားလာကန့်သက်ခြင်း Facility Quarantine စောင့်ကြည့်ထားလျှက် ရှိကြောင်း သိရသည်။ ရိခေါ်ဒါရ် အမှတ်(၁) အုပ်ချုပ်ရေးမှူး ဦးချန်လျန်မာက “အိန္ဒိယနိုင်ငံကနေ နေရပ်ဒေသပြန်တွေ Quarantine ဝင်တဲ့လူတွေက အသုတ်ပေါင်း လေးသုတ်လောက် ရှိသွားပြီထင်တယ် တကယ်တော့ အစိုးရက ထောက်ပံ့မယ့် ကျပ်၃၅၀၀ က တနပ်စာဖိုးလောက်ဘဲ ရှိတာကို လုံးဝလုံလောက်မှုမရှိဘူး ကိုယ့်စရိတ်နဲ့ကိုယ်စားမယ့် လူကို သုံးထောင်ငါးရာနဲ့ ပံ့ပိုးမယ်ဆိုတော့ ဟုတ်သလိုလိုနဲ့ ဘယ်သူှကမှလည်း ကိုယ့်စရိတ်နဲ့ကိုယ် မစားကြဘူး ကော်မတီက နစ်နာတယ် အစိုးရက ကျပ် ၃၅၀၀ ပေးမယ်လို့သာပြောတာ ငွေသားလည်း မရောက်ဘူး”ဟုပြောသည်။

ဇူလိုင်လ ၁၃ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့နှင့် ကျမ်ဖိုင်မြို့များမှ မြန်မာနိုင်ငံသို့ ပြန်လာသည့် နိုင်ငံသား သုံးဦးကိုလည်း ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ် တားဆီးရေးကော်မတီမှ တောင်တန်းသာသနာပြု ထေရဝါဒ ဗုဒ္ဓသာသနာ ဘုန်းကြီးကျောင်းတွင် ၂၁ ရက် အသွားလာ ကန့်သက်ခြင်း Facility Quarantine စောင့်ကြည့်ထားကြောင်း သိရသည်။