Input your search keywords and press Enter.

၂၀၂၀ ရွေးကောက်ပွဲအတွက်သြဂုတ်လပထမအပတ်တွင်မဲစာရင်းကြေညာမည်

 

Salai Khup Khup

လာမည့်၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန် သြဂုတ်လပထမအပတ်တွင်မဲစာရင်းကြေညာနိုင်ရန်ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်မှ ဆောင်ရွက်လျက်ရှိကြောင်း ကော်မရှင် အရာရှိ ဦးလင်းကျော်မှဆိုသည်။

ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးလင်းကျော်က “ရှေ့လပိုင်း ပထမပတ်လောက်မှာ အစောဆုံးကတော့ ဒီလနောက်ဆုံး ပတ်ထဲမှာ ကျတော်တို့ မဲစာရင်းကြေညာကပ်ပေးမယ် ၊ ကပ်ကြေညာတဲ့ခါမှာ ပုံစံတွေနဲ့ လျှောက်ဖို့ ဖြစ်လာသလို မဲပေးနိုင်တဲ့သူတွေ မဆုံးရှုံးရအောင် ပါတီတွေကနေ မဲဆန္ဒရှင်တွေရဲ့ လိုအပ်ချက်တွက် မဲပေးနိုင်တဲ့ အခွင့်ရေးတွေ မဆုံးရှုံးအောင် ပူးပေါင်းဆောင်ရွက်မယ် ဆိုရင် ထုတ်ပြန်ထားတဲ့ နည်းဥပဒေအရ မဲစာရင်းတွေကို ထုတ်ပေးနိုင်အောင် ဆောင်ရွက်ပေးမယ် မြို့နယ်ရုံးတွေမှာလည်း Call Center တွေဖွဲ့မယ် Call Center တွေဖွဲ့ခြင်းအားဖြင့် တဂယ်လို့ မဲစာရင်းမှာ မပါသေးတဲ့သူ တွေအက ဖုန်းဆက်လာလို့ ရှိရင် မဲစာရင်းထဲထည့်နိုင်အောင် သက်ဆိုင်ရာ ရပ်ကွက်တွေမှာ လျှောက်နိုင်အောင် ဆောင်ရွက်ပေးပါတယ်”ဟုပြောသည်။

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပတော့မည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် သေချာရွေးချယ် မဲပေးရန် ပူးပေါင်းဆောင်ရွက်ရန် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးလင်းကျော်ကပြောသည်။

သူကဆက်ပြီး “မဲဆန္ဒရှင်ပြည်သူတွေက ကိုယ့်တာဝန်နဲ့ ကိုယ့်အလုပ်ကို လုပ်ကိုင်နေရင်း နိုင်ငံတာဝန် ထမ်းဆောင်နေကြတာ ဖြစ်တယ် အဲကြောင့် ကိုယ်က ဥပဒေပြုနိုင်တဲ့သူ လွှတ်တော်ထဲမှာ ကိုယ့်လူကိုလွှတ်နိုင်တဲ့သူ အစိုးရကို ထိန်းနိုင်ကြောင်းနိုင်တဲ့ လွှတ်တော် လွှတ်ပေးနိုင်တဲ့သူ အစိုးရဖွဲ့တဲ့ခါမှာလည်း ပါတီရဲ့မှုဝါဒတွေ အစိုးရရဲ့ ကောင်းကျိုးတွေ ဆောင်ရွက်ပေးနိုင်တဲ့သူတွေကို မဲပေးဖို့က ဆုံးရှုံးလို့မဖြစ်ဘူး မဲစာရင်းထဲ ပါဖို့ မဲဆန္ဒရှင်တွေနေနဲ့ သေချာရွေးချယ်နိုင်ဖို့က မဲစာရင်းကပ်တဲ့ချိန်မှာ ပါခြင်းမပါခြင်းကို မဲဆန္ဒရှင်တွေနေနဲ့ ပူးပေါင်း ကြည့်ပေးဖို့ တိုက်တွန်းချင်ပါတယ်”ဟုပြောသည်။

ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မဲရုံများ ထပ်မံတိုးချဲ့နိုင်ရေး တို့ကို ကြိုတင်ပြင်ဆင်ထားလျက်ရှိပြီး လက်ရှိ ချင်းပြည်နယ်အတွင်း မဲရုံ လျာထားမှုမှာ ၁၀၉၄ ရုံရှိပြီး မြို့နယ်အလိုက် စီစစ် တိုးချဲ့မှုများကိုလည်း ဆောင်ရွက်သွားမည်ဟု သိရသည်။

ချင်းပြည်နယ်တွင်လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပတော့မည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူလူငယ် အယောက် ၇ သောင်းရှိကြောင်းလည်း သိရသည်။