Input your search keywords and press Enter.

အိန္ဒိယနိုင်ငံမှ မြန်မာပြည် ပြန်လာမည့် ချင်းလူမျိုး ၁၉၀ ဝန်းကျင်ရှှိဟုဆို

 

 

Salai C Lian

Covic 19 ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ အိန္ဒိယနိုင်ငံမှ ပြည်တွင်းပြန်လာလိုသူ ချင်းလူမျိုး ၁၉၀ ဦးဝန်းကျင်ရှိပြီး လက်ရှိအချိန်ထိ ၆ ဦး သာပြန်လည်ရောက်ရှိသေးကြောင်း တမူးမြို့နယ် ပြည်သူ့လွွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်းကပြောသည်။

သူက “ချင်းပြည်နယ်ကနေပြန်လာဖို့ စာရင်းပို့ထားတာတော့ ရှိတယ်၊ အတိအကျတော့ မသိဘူး၊ အရင်က ကျွန်တော်တို့ စာရင်းအရဆိုရင် ချင်းပြည်နယ်က တင်တဲ့ဟာဆိုရင် ၁၉၀ ဝန်းကျင် လောက်တော့ရှိသေးတယ်၊ အဲဒီထဲမှာ ၇ ဦးတော့ရောက်ကြတယ်၊ ကျန်တဲ့သူတွေက သူတို့ဘယ်ချိန်ရောက်မလဲ ဆိုတာတော့ ပြောလို့မရသေးဘူး၊ မြန်မာပြည်အနေနဲ့တော့ လမ်းဖွင့်ပေးထားတယ်၊ တိုင်းအစိုးရနှင့် ပြည်ထောင်စုကို တင်ပြပြီး လိုတဲ့ဟာတွေ လုပ်ဆောင်ပေးတယ်” ဟု ဆိုသည်။
အိန္ဒိယနိုင်ငံသို့ ချင်းလူမျိုးများသည် အကြောင်းအမျိုးမျိုးကြောင့် ရောက်ကြခြင်းဖြစ်ပြီး အချို့သည် ပညာရေးနှင့်ပတ်သက်ပြီးရောက်ရှိနေကြသကဲ့သို့ အများစုမှာ တရားမဝင်ရောက်ရှိကြသူများလည်းရှိသည်။

ဦးနိုင်ဝင်းက “ သူတို့အခြေအနေကလည်း မတူကြဘူး၊ တစ်ချို့ကတော့ တရားဝင်နဲ့သွားကြတယ်၊ တစ်ချို့ကလည်း တရားမဝင်ပေါ့၊ ပြီးတော့ ပညာသင်တဲ့သူတွေလည်းပါတယ်၊ ဆိုတော့ ပြန်လာမယ့်သူတွေ အကုန်လုံးလက်ခံတယ်၊ သို့ပေမဲ့ အချို့နေရာမှာ အိန္ဒိယအစိုးရကလည်း ကူညီနိူင်တဲ့နေရာရှိသလို တရားမဝင်ကျတော့ ကူညီဖို့ သူတို့မှာလည်း အခက်အခဲရှိတယ်၊ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက်ကူညီပေးနေတယ်” ဟု ပြောသည်။

လက်ရှိအချိန်အထိ ကမ္ဘာ့ကပ်ရောဂါကြောင့် အိန္ဒိယနိုင်ငံရောက် မြန်မာပြည်သားများ တမူးမြို့ မိုရေးနယ်စပ်မှ ပြန်ဝင်လာသူ ၇ ဦး၊ ၁၀ ဦး၊ ၃၆ ဦး စသည်ဖြင့် အုပ်စုအလိုက် ပြန်လာကြပြီး တမူးမြို့နယ်တွင် Quarantine ဝင်ကြကြောင်းသိရသည်။