

မင်းပြားမြို့နယ်၊ ဖားပျော်(ချင်း) ကျေးရွာမှ ချင်းအမျိုးသား တစ်ဦးဖြစ်သူ ဦးမောင်နီ (အသက်(၇၂)) မှာ နွားရှာသွားရာကနေ ပြီးခဲ့သည့် မေလ (၂၇)ရက်နေ့တွင် AA အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပြီး၊ ၎င်းနေ့ ညနေပိုင်းမှသာ ရိုက်နှက်ဒဏ်ရာများနှင့် ပြန်လာခဲ့ရသည်ဟု မိသားဝင်များမှ ပြောကြားခဲ့ကြောင်း ရခိုင်ပြည်နယ်တွင်းရှိ ချင်းတက္ကသိုလ်ကျောင်းသား/သူများအဖွဲ့ (CUSR)မှ ယနေ့ မေလ (၂၉) ရက်တွင်ထုတ်ပြန်လိုက်သည်။
ထိုဖြစ်စဉ်နဲ့ပတ်သက်၍ အဖွဲ့၏ ဖမ်းဆီးရိုက်နှက်ခြင်းခံခဲ့ရသူ ဦးမောင်နီမှ “မနက် (၁၁)နာရီ လောက်မှာ ရွာနားက တောစပ်မှာ နွားရှာသွားခဲ့တယ်။ အဲ့မှာ AA တွေနဲ့တွေ့ပြီး ကျွန်တော့်ကို ဖမ်းခေါ်သွားကြတယ်။ တောင်ပေါ်ရောက်တော့ ကျွန်တော့်ကို ရိုက်နှက်ကြတယ်။ ရင်ဘက်ကို ခြေထောက်တွေနဲ့ ဆောင့်ကန်ကြတယ်။ ခြေလက်တွေ မလှုပ်နိုင်လောက်အောင် ရိုက်နှက်ပြီးမှ ကျွန်တော့်ကို ရွာဘေးနားမှာ ချထားခဲ့ကြတယ်” ဟု CUSR ကို ပြောကြားခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့အတူ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းပေါက်ကြားပါက မိသားစုဆွေမျိုးများ၏ အသက်အန္တရယ်ကို ဒုက္ခပေးလာမည်ဖြစ်ကြောင်း AA အဖွဲ့၏ ခြိမ်းခြောက်မှုများကို “ဒီသတင်းပေါက်ကြားခဲ့ရင် ခင်ဗျားတို့ မိသားစုတွေကို အရှင်မထားဘူးတဲ့။ ခုအဖေလည်း အိပ်ရာပေါ်က မထနိုင်သေးဘူး။ ခြိမ်းခြောက်မှုတွေရှိနေလို့ မင်းပြားဆေးရုံကိုလည်း ကျွန်တော်တို့ ဆေးကုဖို့ မသွားရဲတော့ဘူးဖြစ်နေတယ်။” ဟု သားဖြစ်သူ မှ CUSR ကို ပြောကြားခဲ့သည်။
ရခိုင်ပြည်တွင်း စစ်ပွဲဖြစ်ပွားမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများမှာ ၂ ဖက် လက်နက်ကိုင်တပ်များ၏ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းများကို မကြာခဏ ကြုံတွေ့နေကြရသည်။
မင္းျပားၿမိဳ႕နယ္မွ ခ်င္းအမ်ိဳးသား တစ္ဦးအား AA အဖြဲ႕မွ ဖမ္းဆီးရိုက္ႏွက္ခဲ့ၿပီး မိသားစုဝင္မ်ားအား အသက္အႏၲရယ္ ၿခိမ္းေျခာက္မႈမ်ား ျပဳခဲ့ဟုထုတ္ျပန္
မင္းျပားၿမိဳ႕နယ္၊ ဖားေပ်ာ္(ခ်င္း) ေက်းရြာမွ ခ်င္းအမ်ိဳးသား တစ္ဦးျဖစ္သူ ဦးေမာင္နီ (အသက္(၇၂)) မွာ ႏြားရွာသြားရာကေန ၿပီးခဲ့သည့္ ေမလ (၂၇)ရက္ေန႔တြင္ AA အဖြဲ႕၏ ဖမ္းဆီးေခၚေဆာင္သြားျခင္းကို ခံခဲ့ရၿပီး၊ ၎ေန႔ ညေနပိုင္းမွသာ ရိုက္ႏွက္ဒဏ္ရာမ်ားႏွင့္ ျပန္လာခဲ့ရသည္ဟု မိသားဝင္မ်ားမွ ေျပာၾကားခဲ့ေၿကာင္း ရခိုင္ျပည္နယ္တြင္းရွိ ခ်င္းတကၠသိုလ္ေက်ာင္းသား/သူမ်ားအဖြဲ႕ (CUSR)မွ ယေန့ ေမလ (၂၉) ရက္တြင္ထုတ္ျပန္လုိက္သည္။
ထိုျဖစ္စဥ္နဲ႔ပတ္သက္၍ အဖြဲ႕၏ ဖမ္းဆီးရိုက္ႏွက္ျခင္းခံခဲ့ရသူ ဦးေမာင္နီမွ “မနက္ (၁၁)နာရီ ေလာက္မွာ ရြာနားက ေတာစပ္မွာ ႏြားရွာသြားခဲ့တယ္။ အဲ့မွာ AA ေတြနဲ႔ေတြ႕ၿပီး ကၽြန္ေတာ့္ကို ဖမ္းေခၚသြားၾကတယ္။ ေတာင္ေပၚေရာက္ေတာ့ ကၽြန္ေတာ့္ကို ရိုက္ႏွက္ၾကတယ္။ ရင္ဘက္ကို ေျခေထာက္ေတြနဲ႔ ေဆာင့္ကန္ၾကတယ္။ ေျခလက္ေတြ မလႈပ္နိုင္ေလာက္ေအာင္ ရိုက္ႏွက္ၿပီးမွ ကၽြန္ေတာ့္ကို ရြာေဘးနားမွာ ခ်ထားခဲ့ၾကတယ္” ဟု CUSR ကို ေျပာၾကားခဲ့ေၿကာင္းထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
ထို႔အတူ အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး သတင္းေပါက္ၾကားပါက မိသားစုေဆြမ်ိဳးမ်ား၏ အသက္အႏၲရယ္ကို ဒုကၡေပးလာမည္ျဖစ္ေၾကာင္း AA အဖြဲ႕၏ ၿခိမ္းေျခာက္မႈမ်ားကို “ဒီသတင္းေပါက္ၾကားခဲ့ရင္ ခင္ဗ်ားတို႔ မိသားစုေတြကို အရွင္မထားဘူးတဲ့။ ခုအေဖလည္း အိပ္ရာေပၚက မထနိုင္ေသးဘူး။ ၿခိမ္းေျခာက္မႈေတြရွိေနလို႔ မင္းျပားေဆး႐ုံကိုလည္း ကၽြန္ေတာ္တို႔ ေဆးကုဖို႔ မသြားရဲေတာ့ဘူးျဖစ္ေနတယ္။” ဟု သားျဖစ္သူ မွ CUSR ကို ေျပာၾကားခဲ့သည္။
ရခိုင္ျပည္တြင္း စစ္ပြဲျဖစ္ပြားမႈမ်ားေၾကာင့္ အျပစ္မဲ့ အရပ္သားျပည္သူမ်ားမွာ ၂ ဖက္ လက္နက္ကိုင္တပ္မ်ား၏ ဖမ္းဆီးျခင္း၊ ၿခိမ္းေျခာက္ျခင္းမ်ားကို မၾကာခဏ ၾကဳံေတြ႕ေနၾကရသည္။