

Salai Khup Khup
ပလက်ဝမြို့နယ် ဆမီးမြို့ရှိ စစ်ဘေးရှောင်စခန်းနေ ပြည်သူများမှ ဝါးဖြင့်ပြုလုပ်သော လူသုံးကုန်အချို့ကို ရောင်းချနိုင်ရန် စျေးကွက်နှင့် အရင်းအနှီးများ ကူညီပေးသွားမည်ဟု ယခုရက်ပိုင်းတွင် ဆမီးမြို့သို့သွားရောက်ခဲ့သည့် စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။
စည်ပင်ဝန်ကြီး ဦးစိုးထက်က “စစ်ဘေးရှောင် စခန်းတွေရောက်တော့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ကိုယ်ထူကိုယ်ထ ဝါးတွေနဲ့ ဆောက်ပြီး နေဖို့ကြိုးစားနေတဲ့ အချိန်မှာ ဝါးတွေနဲ့ သူတို့ ကျွမ်းကျင်တဲ့ လုပ်ငန်းဖြစ်တဲ့ ဝါးတွေနဲ့ ခမောက်တွေ ခြင်းလုံး ဖျာတွေ အိမ်အကာဝါးကပ်တွေကို စနစ်တကျနဲ့ လုပ်ပြီး ပြန်ရောင်းလို့ရအောင် လူသုံးကုန်တွေ များများထုတ်လုပ်နိုင်အောင် ချင်းပြည်နယ် အစိုးရနေနဲ့ မတည်ငွေ ၁၀ သိန်း RRCCCI က ၁၀ သိန်း စုစုပေါင်း သိန်း ၂၀ ဆယ်ကို ဒီက တာဝန်ရှိသူတွေကို ပေးခဲ့တယ်”ဟုပြောသည်။
သူကဆက်ပြီး “အဓိကတော့ သူတို့လုပ်တဲ့ လက်မှုလုပ်ငန်းနဲ့ စျေးကွက် ရှိအောင် နောက်ပြီး အလှူရှင်တွေ အများကြီးလာတယ် အဲလိုလာတဲ့အခါကြရင် ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ လက်တွေ့ကျကျ လုပ်ထားတဲ့ ခမောက်လေး ဖြစ်ဖြစ် တစ်ခုခုကို လက်ဆောင်နေနဲ့ ပြန်ပေးမှာဖြစ်တယ်”ဟုပြောသည်။
ပလက်ဝမြို့နယ်တွင် တိုက်ပွဲရှောင်သည့် အိမ်ထောင်စု ၁၁၃၂ စုရှိပြီး လူဦးရေအားဖြင့် ၅၀၉ဝဦးရှိကြောင်းနှင့် ဆမီးမြို့တွင် အိမ်ထောင်စု ၆၉၈ စုရှိပြီး လူဦးရေအားဖြင့် ၂၉၆၁ဦး ရှိကြောင်း ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ RRCCCI ၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်AA တို့ကြား တိုက်ပွဲများကြောင့် ပလက်ဝမြို့နှင့် ဆမီးမြို့တွင်သာမက မီးဇာတွင်လည်း စစ်ဘေးအိမ်ထောင်စု ၁၀၂ စု ရှိပြီး လူဦးရေအားဖြင့် ၅၀၄ ဦးရှိကြောင်းလည်း သိရသည်။
ဆမီးၿမိဳ႕ရွိ စစ္ေဘးေရွာင္ ျပည္သူမ်ားမွ ဝါးျဖစ္ ျပဳလုပ္ေသာ လူသုံးကုန္အခ်ိဳ႕ကို ေရာင္းခ်နိုင္ရန္ ကူညီေပးသြားမည္
ပလက္ဝၿမိဳ႕နယ္ ဆမီးၿမိဳ႕ရွိ စစ္ေဘးေရွာင္စခန္းေန ျပည္သူမ်ားမွ ဝါးျဖစ္ ျပဳလုပ္ေသာ လူသုံးကုန္အခ်ိဳ႕ကို ေရာင္းခ်နိုင္ရန္ ေစ်းကြက္ႏွင့္ အရင္းအႏွီးမ်ား ကူညီေပးသြားမည္ဟု ယခုရက္ပိုင္းတြင္ ဆမီးၿမိဳ႕သို႔သြားေရာက္ခဲ့သည့္ စည္ပင္ဝန္ႀကီး ဦးစိုးထက္က ေျပာသည္။
စည္ပင္ဝန္ႀကီး ဦးစိုးထက္က “စစ္ေဘးေရွာင္ စခန္းေတြေရာက္ေတာ့ အလုပ္အကိုင္အခြင့္အလမ္းေတြကို ကိုယ္ထူကိုယ္ထ ဝါးေတြနဲ႔ ေဆာက္ၿပီး ေနဖို႔ႀကိဳးစားေနတဲ့ အခ်ိန္မွာ ဝါးေတြနဲ႔ သူတို႔ ကၽြမ္းက်င္တဲ့ လုပ္ငန္းျဖစ္တဲ့ ဝါးေတြနဲ႔ ခေမာက္ေတြ ျခင္းလုံး ဖ်ာေတြ အိမ္အကာဝါးကပ္ေတြကို စနစ္တက်နဲ႔ လုပ္ၿပီး ျပန္ေရာင္းလို႔ရေအာင္ လူသုံးကုန္ေတြ မ်ားမ်ားထုတ္လုပ္နိုင္ေအာင္ ခ်င္းျပည္နယ္ အစိုးရေနနဲ႔ မတည္ေငြ ၁၀ သိန္း RRCCCI က ၁၀ သိန္း စုစုေပါင္း သိန္း ၂၀ ဆယ္ကို ဒီက တာဝန္ရွိသူေတြကို ေပးခဲ့တယ္”ဟုေျပာသည္။
သူကဆက္ၿပီး “အဓိကေတာ့ သူတို႔လုပ္တဲ့ လက္မႈလုပ္ငန္းနဲ႔ ေစ်းကြက္ ရွိေအာင္ ေနာက္ၿပီး အလႉရွင္ေတြ အမ်ားႀကီးလာတယ္ အဲလိုလာတဲ့အခါၾကရင္ ေက်းဇူးတုံ႔ျပန္တဲ့ အေနနဲ႔ လက္ေတြ႕က်က် လုပ္ထားတဲ့ ခေမာက္ေလး ျဖစ္ျဖစ္ တစ္ခုခုကို လက္ေဆာင္ေနနဲ႔ ျပန္ေပးမွာျဖစ္တယ္”ဟုေျပာသည္။
ပလက္ဝၿမိဳ႕နယ္တြင္ တိုက္ပြဲေရွာင္သည့္ အိမ္ေထာင္စု ၁၁၃၂ စုရွိၿပီး လူဦးေရအားျဖင့္ ၅၀၉ဝဦးရွိေၾကာင္းႏွင့္ ဆမီးၿမိဳ႕တြင္ အိမ္ေထာင္စု ၆၉၈ စုရွိၿပီး လူဦးေရအားျဖင့္ ၂၉၆၁ဦး ရွိေၾကာင္း ျပည္သူမ်ား အေရးေပၚ ကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရး ေကာ္မတီ RRCCCI ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျမန္မာတပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္မေတာ္AA တို႔ၾကား တိုက္ပြဲမ်ားေၾကာင့္ ပလက္ဝၿမိဳ႕ႏွင့္ ဆမီးၿမိဳ႕တြင္သာမက မီးဇာတြင္လည္း စစ္ေဘးအိမ္ေထာင္စု ၁၀၂ စု ရွိၿပီး လူဦးေရအားျဖင့္ ၅၀၄ ဦးရွိေၾကာင္းလည္း သိရသည္။