Input your search keywords and press Enter.

အသက် ၁၇ နှစ်အရွယ်် ချင်းလူငယ်တစ်ဦး အမေရိကန်တွင် Computing Bio-Chemistry (Ph.D) တက်ရောက်

 

Salai C Lian

 

အမေရိကန်ဖွား မြန်မာနိုင်ငံသား ချင်းလူငယ်တစ်ဦးဖြစ်သည့် ဆဲယ်မူအဲလ်လင်း (အသက် ၁၇)သည် အမေရိကန်ပြည်ထောင်စုရှိ University of Missouri Kansas City တွင် Computing Bio- Chemistry (Ph.D) အထူးပြုဘာသာဖြင့် တက်ရောက် ပြီဖြစ်ကြောင်း ၄င်း၏မိခင်ထံမှသိရပါသည်။

အမေရိကန်နိုင်ငံ ပုံမှန်ပညာရေးစနှစ်တွင် အထက်တန်းကျောင်းကို ၁၈ နှစ်ပြည့်ချိန်တွင် ပြီးဆုံးလေ့ရှိသော်လည်း ဆဲယ်မူအဲလ်လင်းသည် အသက် ၁၃ နှစ်တွင် အထက်တန်းကျောင်း အောင်မြင်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် အမေရိကားနိုင်ငံ ထူးချွန်ကလေးများ (Genious Kid) ဆုကို Unversity of Yale မှ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆဲယ်မူအဲလ်လင်း (အသက် ၁၇)သည် အမေရိကန်ပြည်ထောင်စုနိုင်ငံရှိ University of Missouri Kansas City မှ Computer Software Engineering (ကွန်ပျုတာ အင်ဂျင်နီယာ) ဘွဲ့ကို အထူးတန်းဖြင့် ၂၀၂၀ ခုနှစ် ဧပြီလတွင် အောင်မြင်ခဲ့ပြီး Ph.D ပါရဂူတန်းကို University of Kansas မှာ Computing Bio-Chemistry (ကွန်ပျူတာ ဇီဝ-ဓါတု) ဘာသာရပ်ဖြင့် ၂၀၂၀ ခုနှစ် မေလတွင် စတင်တက်ရောက်ခြင်းဖြစ်သည်။

ဆဲယ်မူအဲလ်လင်းသည် မိခင် ဒေါ်လီဗီဆပ်နိုင်ထန်း (I Love Myanmar) က “သူ့ရည်ရွယ်ချက်ကတော့ သိပ္ပံပညာရှင်တစ်ဦးဖြစ်ချင်သူ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေကို သူလေ့လာနေခဲ့တာကြာပါပြီ။ လူသားဦးနှောက်ဖွဲ့စည်းပုံ တွေးတောနည်းကိုလည်း ဆေးရုံမှာ သုတေသနလုပ်နေပါတယ်။ ဘုရားသခင်ဖန်းဆင်းမှုကို သိပ္ပံနည်းဖြင့် သက်သေထူလိုသူဖြစ်ပါတယ်” ဟုဆိုသည်။

ဆဲယ်မူအဲလ်လင်းသည် ငယ်စဉ်ကလေးဘဝကတည်းက မြန်မာနိုင်ငံအတွင်း မိခင်၏ပရဟိတလုပ်ငန်းများတွင် ပါဝင်ကူညီခဲ့သူဖြစ်သည်။ ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းအဆုံးထိ ခရီးနှင်ခဲ့သူဖြစ်သည်။

 

 

 

အသက္ ၁၇ ႏွစ္အရြယ္္ ခ်င္းလူငယ္တစ္ဦး အေမရိကန္တြင္ Computing Bio-Chemistry (Ph.D) တက္ေရာက္

အေမရိကန္ဖြား ျမန္မာနိုင္ငံသား ခ်င္းလူငယ္တစ္ဦးျဖစ္သည့္ ဆဲယ္မူအဲလ္လင္း (အသက္ ၁၇)သည္ အေမရိကန္ျပည္ေထာင္စုရွိ University of Missouri Kansas City တြင္ Computing Bio- Chemistry (Ph.D) အထူးျပဳဘာသာျဖင့္ တက္ေရာက္ ၿပီျဖစ္ေၾကာင္း ၄င္း၏မိခင္ထံမွသိရပါသည္။

အေမရိကန္နိုင္ငံ ပုံမွန္ပညာေရးစႏွစ္တြင္ အထက္တန္းေက်ာင္းကို ၁၈ ႏွစ္ျပည့္ခ်ိန္တြင္ ၿပီးဆုံးေလ့ရွိေသာ္လည္း ဆဲယ္မူအဲလ္လင္းသည္ အသက္ ၁၃ ႏွစ္တြင္ အထက္တန္းေက်ာင္း ေအာင္ျမင္ခဲ့ၿပီး၊ ၂၀၁၅ ခုႏွစ္တြင္ အေမရိကားနိုင္ငံ ထူးခၽြန္ကေလးမ်ား (Genious Kid) ဆုကို Unversity of Yale မွ ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ဆဲယ္မူအဲလ္လင္း (အသက္ ၁၇)သည္ အေမရိကန္ျပည္ေထာင္စုနိုင္ငံရွိ University of Missouri Kansas City မွ Computer Software Engineering (ကြန္ပ်ဳတာ အင္ဂ်င္နီယာ) ဘြဲ႕ကို အထူးတန္းျဖင့္ ၂၀၂၀ ခုႏွစ္ ဧၿပီလတြင္ ေအာင္ျမင္ခဲ့ၿပီး Ph.D ပါရဂူတန္းကို University of Kansas မွာ Computing Bio-Chemistry (ကြန္ပ်ဴတာ ဇီဝ-ဓါတု) ဘာသာရပ္ျဖင့္ ၂၀၂၀ ခုႏွစ္ ေမလတြင္ စတင္တက္ေရာက္ျခင္းျဖစ္သည္။

ဆဲယ္မူအဲလ္လင္းသည္ မိခင္ ေဒၚလီဗီဆပ္နိုင္ထန္း (I Love Myanmar) က “သူ႔ရည္ရြယ္ခ်က္ကေတာ့ သိပၸံပညာရွင္တစ္ဦးျဖစ္ခ်င္သူ ျဖစ္ပါတယ္။ ဗိုင္းရပ္စ္ပိုးေတြကို သူေလ့လာေနခဲ့တာၾကာပါၿပီ။ လူသားဦးေႏွာက္ဖြဲ႕စည္းပုံ ေတြးေတာနည္းကိုလည္း ေဆး႐ုံမွာ သုေတသနလုပ္ေနပါတယ္။ ဘုရားသခင္ဖန္းဆင္းမႈကို သိပၸံနည္းျဖင့္ သက္ေသထူလိုသူျဖစ္ပါတယ္” ဟုဆိုသည္။

ဆဲယ္မူအဲလ္လင္းသည္ ငယ္စဥ္ကေလးဘဝကတည္းက ျမန္မာနိုင္ငံအတြင္း မိခင္၏ပရဟိတလုပ္ငန္းမ်ားတြင္ ပါဝင္ကူညီခဲ့သူျဖစ္သည္။ ခ်င္းျပည္နယ္ ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းအဆုံးထိ ခရီးႏွင္ခဲ့သူျဖစ္သည္။