Input your search keywords and press Enter.

AA အဖွဲ့ ချင်းလူမျိုးများပိုင်နက်တွင် စစ်ရေးလုပ်ရှားနေထိုင်ခြင်း မလုပ်ရန် CNF ထုတ်ပြန်

Salai Khup Khup

မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် တို့အနေဖြင့် ချင်းအမျိုးသားပိုင်နက် နယ်မြေအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ချက်ခြင်းရပ်တန့်ရန်နှင့် AA အဖွဲ့အနေဖြင့် ချင်းလူမျိုးများ နေထိုင်ရာ ဒေသများတွင် စစ်ရေးအရ လှုပ်ရှားနေထိုင်ခြင်းများ လုံးဝမပြုလုပ်ရန် မတ်လ(၁၆)ရက်နေ့တွင် ကျင်းပသည့် ချင်းအမျိုးသားတပ်ဦး၏ သတ္တမအကြိမ် ညီလာခံတွင် ထုတ်ပြန်ကြေညာခဲ့သည်။

သတ္တမအကြိမ် ညီလာခံတွင် ချင်းအမျိုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်(Self-determination) ပြန်လည် ရရှိရေး၊ ဒီမိုကရေစီရေး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိပြီး နိုင်ငံရေးတန်းတူမှုရှိသော အမျိုးသားပြည်နယ်များ ပထဝီအခြေခံပြည်နယ်များဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၊ ဒီမိုကရေစီစနစ် တည်ဆောက်ရေး တို့ကို တပ်ဦး၏ ရည်မှန်းချက်ပန်းတိုင် အဖြစ်ချမှတ်ကြောင်း သဘောထားထုတ်ပြန်ချက်တွင်ပါရှိသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ကျေးရွာများတွင် ရက္ခိုင့်တပ်မတော်(AA)နှင့် မြန်မာတပ်မတော် တို့အကြား စစ်ပွဲများ ပြင်းထန်နေပြီး နယ်မြေလုံခြုံမှု မရှိတော့ သဖြင့် ကျေးရွာနေ ဒေသခံပြည်သူ အယောက် ၂၀၀၀ ကျော် ဆမီးဖက်သို့ ပြောင်းရွှေ့နေထိုင်ကြရသည်။

ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) ၏ ညှိနှိုင်းရေးမှုးဖြစ်သူ ဦးစောမြက “ ဒီလိုတောင်းဆိုတာတွေက သုံးလေးနှစ်တောင်ရှိနေပြီ။ ဘာမှထူးလာတာမှမဟုတ်တာ။ အခုထုတ်ပြန်ချက်လည်း ဘာမှထူးလာမှာမဟုတ်ဘူး။ အေအေ လှုပ်ရှားမှုကပိုပြင်းထန်နေပြီ။ တကယ်ကိုယ်ချင်းစာပေးတယ်ဆိုရင် ဖြစ်နိုင်ရင် စစ်ရေးမဟုတ်ရင်တောင် သံတမန်နည်းနည်းဖြင့်ဖြင့် ထိထိရောက်ရောက် လုပ်သင့်တာပေါ့” ဟုပြောသည်။

ချင်းအမျိုးသားတပ်ဦး၏ သတ္တမအကြိမ် ညီလာခံကို ဝီတိုရိယဗဟိုဌာနချုပ်တွင် မတ်လ(၁၆) ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ချင်းအမျိုးသားတပ်ဦး/ တပ်မတော် ကိုယ်စားလှယ်နှင့် လေ့လာသူ စုစုပေါင်း (၁၅၀)ဦး ပါဝင် တက်ရောက်ခဲ့ကြောင်းသိရသည်။

Zawgyi

AA အဖြဲ႕ ခ်င္းလူမ်ိဳးမ်ားပိုင္နက္တြင္ စစ္ေရးလုပ္ရွားေနထိုင္ျခင္း မလုပ္ရန္ CNF ထုတ္ျပန္

ျမန္မာတပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္မေတာ္ တို႔အေနျဖင့္ ခ်င္းအမ်ိဳးသားပိုင္နက္ နယ္ေျမအတြင္း ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ား ခ်က္ျခင္းရပ္တန႔္ရန္ႏွင့္ AA အဖြဲ႕အေနျဖင့္ ခ်င္းလူမ်ိဳးမ်ား ေနထိုင္ရာ ေဒသမ်ားတြင္ စစ္ေရးအရ လႈပ္ရွားေနထိုင္ျခင္းမ်ား လုံးဝမျပဳလုပ္ရန္ မတ္လ(၁၆)ရက္ေန႔တြင္ က်င္းပသည့္ ခ်င္းအမ်ိဳးသားတပ္ဦး၏ သတၱမအႀကိမ္ ညီလာခံတြင္ ထုတ္ျပန္ေၾကညာခဲ့သည္။

သတၱမအႀကိမ္ ညီလာခံတြင္ ခ်င္းအမ်ိဳးသားတို႔၏ ကိုယ္ပိုင္ျပဌာန္းခြင့္(Self-determination) ျပန္လည္ ရရွိေရး၊ ဒီမိုကေရစီေရး အမ်ိဳးသားတန္းတူေရးႏွင့္ ကိုယ္ပိုင္ျပဌာန္းခြင့္ အခြင့္အေရးမ်ား အျပည့္အဝရွိၿပီး နိုင္ငံေရးတန္းတူမႈရွိေသာ အမ်ိဳးသားျပည္နယ္မ်ား ပထဝီအေျခခံျပည္နယ္မ်ားျဖင့္ စုဖြဲ႕ထားသည့္ ဖက္ဒရယ္ျပည္ေထာင္စု ထူေထာင္ေရး၊ ဒီမိုကေရစီစနစ္ တည္ေဆာက္ေရး တို႔ကို တပ္ဦး၏ ရည္မွန္းခ်က္ပန္းတိုင္ အျဖစ္ခ်မွတ္ေၾကာင္း သေဘာထားထုတ္ျပန္ခ်က္တြင္ပါရွိသည္။

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ရွိ ေက်းရြာမ်ားတြင္ ရကၡိဳင့္တပ္မေတာ္(AA)ႏွင့္ ျမန္မာတပ္မေတာ္ တို႔အၾကား စစ္ပြဲမ်ား ျပင္းထန္ေနၿပီး နယ္ေျမလုံျခဳံမႈ မရွိေတာ့ သျဖင့္ ေက်းရြာေန ေဒသခံျပည္သူ အေယာက္ ၂၀၀၀ ေက်ာ္ ဆမီးဖက္သို႔ ေျပာင္းေရႊ႕ေနထိုင္ၾကရသည္။

ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ားေရးရာ ေပါင္းစပ္ညႇိႏွိုင္းေရးေကာင္စီ (KACC) ၏ ညႇိႏွိုင္းေရးမႈးျဖစ္သူ ဦးေစာျမက “ ဒီလိုေတာင္းဆိုတာေတြက သုံးေလးႏွစ္ေတာင္ရွိေနၿပီ။ ဘာမွထူးလာတာမွမဟုတ္တာ။ အခုထုတ္ျပန္ခ်က္လည္း ဘာမွထူးလာမွာမဟုတ္ဘူး။ ေအေအ လႈပ္ရွားမႈကပိုျပင္းထန္ေနၿပီ။ တကယ္ကိုယ္ခ်င္းစာေပးတယ္ဆိုရင္ ျဖစ္နိုင္ရင္ စစ္ေရးမဟုတ္ရင္ေတာင္ သံတမန္နည္းနည္းျဖင့္ျဖင့္ ထိထိေရာက္ေရာက္ လုပ္သင့္တာေပါ့” ဟုေျပာသည္။

ခ်င္းအမ်ိဳးသားတပ္ဦး၏ သတၱမအႀကိမ္ ညီလာခံကို ဝီတိုရိယဗဟိုဌာနခ်ဳပ္တြင္ မတ္လ(၁၆) ရက္ေန႔မွ (၁၉)ရက္ေန႔အထိ က်င္းပခဲ့ၿပီး အဆိုပါ အခမ္းအနားတြင္ ခ်င္းအမ်ိဳးသားတပ္ဦး/ တပ္မေတာ္ ကိုယ္စားလွယ္ႏွင့္ ေလ့လာသူ စုစုေပါင္း (၁၅၀)ဦး ပါဝင္ တက္ေရာက္ခဲ့ေၾကာင္းသိရသည္။

Photo; CNF Head Quarter FB page