Input your search keywords and press Enter.

ဟားခါးမြို့တွင် ကျောင်းလာတက်ကြသည့် ပလက်ဝမြို့မှ ကျောင်းသား/သူများ ကျောင်းပိတ်ရက် အိမ်ပြန်နိုင်မည်မဟုတ်

Shing Mang

ချင်းပြည်နယ် ဟားခါးမြို့တွင် ပလက်ဝမြို့နယ်မှ ကျောင်းလာတက်ကြသည့် ကျောင်းသား/သူများ မိမိဒေသတွင် စစ်ပွဲအခြေအနေကြောင့် အိမ်ပြန်ရန် အခက်အခဲရှိနေခြင်းကြောင့် နေရပ်ပြန်ရန် အစီအစဉ်မရှိသေးကြောင်း ကျောင်းသူကျောင်းသားများထံမှ သိရသည်။

ဟားခါးအစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတက်ရောက်နေသူ အိုက်စံလင်းအောင်မှ “ကျွန်တော်ကတော့ မပြန်တာကြာပြီ ၊ ကျောင်းလာတက်ခါစကတော့ ပြန်ဖြစ်တယ် ၊အဲနောက်ပိုင်း မပြန်ဖြစ်တော့ဘူး။ အခု တတိိယနှစ်ထိပေါ့၊ လမ််းပန်းဆက်သွယ်ရေးကလည်း အဆင်မပြေတော့ အိမ်ကလည်းစိတ်မချတော့ မပြန်ခိုင်းတာပါ၊ကိုယ့်ရဲ့ အသိ အမျိုးတွေအိမ်မှာ နေလိုက်ဦးဆိုပြီး မပြန်ခိုင်ဘူး ဒီမှာကျောင်းတက်ရတာလည်း အခက်ခဲအများကြီးရှိတယ်၊ မိသားစုဘက်လည်း အခုဆိုရင် စီးပွားရေး အဆင်မပြေဘူး။ အိမ်က မိသားစုတွေကိုယ်တိုင်လည်း အစားအသောက်အဆင်မပြေဘူး ၊ကုန်စျေးနှုန်းလည်းတက်နေတယ်ဆိုတော့ တော်တော် ခက်ခဲနေတယ်” ဟုပြောသည်။

ဟားခါးမြို့တွင် ပညာသင်ကြားနေသူများသည် ရွာမပြန်ဘဲ မိမိ ဆွေးမျိုး အသိအိမ်တွင် ကျောင်းပိတ်ရက်အတွင်းနေကြပြီး အချို့သည် ဘာသာရေးဘက်မှ စီစဉ်ပေးသော နေအိမ်များနေထိုင်ကြကြောင်းသိရသည်။

ကျောင်းပိတ်ရက်အတွင်း နေထိုင်ပုံကို အိုက်စံလင်းအောင်မှ ဆက်ပြီး “ကျွန်တော် က ဖလမ်းမှာ အမျိုးတွေရှိလို့ သူတို့ဆီမှာ ကျောင်းပိတ်ရက်အတွင်း သွားနေတယ်၊ မနှစ်တုန်းကတော့ ဟားခါးမှာခဏနေတယ်။ အလုပ်ကြမ်းတွေဖြစ်ဖြစ်လုပ်ကြတာတွေလည်း ရှိတယ်၊ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဝင်ငွေရှာဖြစ်ကြတယ်၊မိန်းကလေးတွေကတော့ မပြန်နိုင်ရင်လည်း အလုပ်ကြမ်းလုပ်ဖို့လည်း သိပ်အဆင်ပြေကြတော့ အိမ်ကတတ်နိုင်သလောက်ပို့တဲ့ဟာနဲ့ပဲ နေကြတယ် ဟုပြောသည်။

အချို့ကျောင်းသားများမှာ ဘာသာရေးအထောက်အပံ့ ဖြင့် ကျောင်းလာတက်ကြရခြင်းဖြစ်ပြီး ၊ ကျောင်းပိတ်ရက်အတွင်း ဘာသာရေးဘက်မှ စီစဉ်ပေးသည့် နေအိမ်များတွင် နေထိုင်ရသော်လည်း အဆင်မပြေမှုတွေရှိနေကြောင်းသိရသည်။

ချင်းခရစ်ယာန် တက္ကသိုလ်တွင် တက်ရောက်သင်ကြားနေသည့် ဆလိုင်းအောင်လင်းမှ “ အခုစစ်ဖြစ်နေတဲ့ ရွာဖက်က ကျွန်တော်တို့ နေတဲ့ရွာတွေနဲ့ အရမ်းနီးနေတယ် အစတုန်းက ရွာပြန်ဖို့ သူငယ်ချင်းတွေနဲ့ စီစဉ်ဖြစ်သေးတယ်။ ဒါပေမယ့်အခု အခြေအနေအရမပြန်ဖြစ်တော့ဘူး၊ လောလောဆယ်က ကျောင်းပိတ်ရက်မှ အပ ၃ရက်လောက်က ကျောင်းမှာနေရတယ်၊ပြီးရင်တော့ ဆရာတွေစီစဉ်ပေးတဲ့ နေအိမ်တွေမှာ ပြန်နေရမှာဖြစ်ပါတယ်၊ မိမိရဲ့အိမ် မဟုတ်တဲ့အတွက် အဆင်မပြေဘူးပေါ့နော် ၊သူတို့ချပေးတဲ့ အိမ်က ဘယ်လောက်ပဲကောင်းကောင်း အားနာတာတွေရှိတဲ့အတွက် နေထိုင်တာကတော့ အဆင်မပြေတာလေးတွေတော့ ရှိတာပေါ့နော်” ဟုပြောသည်။

ဟားခါးမြို့ရှိ ဟားခါးတက္ကသိုလ်၊ ချင်းခရစ်ယာန် တက္ကသိုလ် ၊ စက်မှုလက်မှုသိပ္ပံကျောင်း၊ ပညာရေးဒီဂရီကောလိပ် အစရှိသည့် ကျောင်းများတွင် ပလက်ဝမှ ပညာသင်ကြားနေသူ ကျောင်းသား ဦးရေ ၅၀ ကျော် ခန့်ရှိကြောင်းရှိသည်။

လက်ရှိပလက်ဝတွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး ယမန်နေ့က လေကြောင်းတိုက်ခတ်မှုကြောင့် ဝက်မအုပ်စု ဝက်မကျေးရွာမှ ၈ဦးသေဆုံးပြီး ၁၂ယောက်ဒဏ်ရာရရှိကာ၊ ပြိုင်တင်ရွာတွင် ကလေး တစ်ဦးသေဆုံးကြောင်းသိရသည်။

Zawgyi

ဟားခါးၿမိဳ႕တြင္ ေက်ာင္းလာတက္ၾကသည့္ ပလက္ဝၿမိဳ႕မွ ေက်ာင္းသား/သူမ်ား ေက်ာင္းပိတ္ရက္ အိမ္ျပန္နိုင္မည္မဟုတ္

ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕တြင္ ပလက္ဝၿမိဳ႕နယ္မွ ေက်ာင္းလာတက္ၾကသည့္ ေက်ာင္းသား/သူမ်ား မိမိေဒသတြင္ စစ္ပြဲအေျခအေနေၾကာင့္ အိမ္ျပန္ရန္ အခက္အခဲရွိေနျခင္းေၾကာင့္ ေနရပ္ျပန္ရန္ အစီအစဥ္မရွိေသးေၾကာင္း ေက်ာင္းသူေက်ာင္းသားမ်ားထံမွ သိရသည္။

ဟားခါးအစိုးရစက္မႈလက္မႈသိပၸံေက်ာင္းတက္ေရာက္ေနသူ အိုက္စံလင္းေအာင္မွ “ကၽြန္ေတာ္ကေတာ့ မျပန္တာၾကာၿပီ ၊ ေက်ာင္းလာတက္ခါစကေတာ့ ျပန္ျဖစ္တယ္ ၊အဲေနာက္ပိုင္း မျပန္ျဖစ္ေတာ့ဘူး။ အခု တတိိယႏွစ္ထိေပါ့၊ လမ္္းပန္းဆက္သြယ္ေရးကလည္း အဆင္မေျပေတာ့ အိမ္ကလည္းစိတ္မခ်ေတာ့ မျပန္ခိုင္းတာပါ၊ကိုယ့္ရဲ့ အသိ အမ်ိဳးေတြအိမ္မွာ ေနလိုက္ဦးဆိုၿပီး မျပန္ခိုင္ဘူး ဒီမွာေက်ာင္းတက္ရတာလည္း အခက္ခဲအမ်ားႀကီးရွိတယ္၊ မိသားစုဘက္လည္း အခုဆိုရင္ စီးပြားေရး အဆင္မေျပဘူး။ အိမ္က မိသားစုေတြကိုယ္တိုင္လည္း အစားအေသာက္အဆင္မေျပဘူး ၊ကုန္ေစ်းႏႈန္းလည္းတက္ေနတယ္ဆိုေတာ့ ေတာ္ေတာ္ ခက္ခဲေနတယ္” ဟုေျပာသည္။

ဟားခါးၿမိဳ႕တြင္ ပညာသင္ၾကားေနသူမ်ားသည္ ရြာမျပန္ဘဲ မိမိ ေဆြးမ်ိဳး အသိအိမ္တြင္ ေက်ာင္းပိတ္ရက္အတြင္းေနၾကၿပီး အခ်ိဳ႕သည္ ဘာသာေရးဘက္မွ စီစဥ္ေပးေသာ ေနအိမ္မ်ားေနထိုင္ၾကေၾကာင္းသိရသည္။

ေက်ာင္းပိတ္ရက္အတြင္း ေနထိုင္ပုံကို အိုက္စံလင္းေအာင္မွ ဆက္ၿပီး “ကၽြန္ေတာ္ က ဖလမ္းမွာ အမ်ိဳးေတြရွိလို႔ သူတို႔ဆီမွာ ေက်ာင္းပိတ္ရက္အတြင္း သြားေနတယ္၊ မႏွစ္တုန္းကေတာ့ ဟားခါးမွာခဏေနတယ္။ အလုပ္ၾကမ္းေတြျဖစ္ျဖစ္လုပ္ၾကတာေတြလည္း ရွိတယ္၊ ကိုယ္တတ္နိုင္တဲ့ဘက္ကေန ဝင္ေငြရွာျဖစ္ၾကတယ္၊မိန္းကေလးေတြကေတာ့ မျပန္နိုင္ရင္လည္း အလုပ္ၾကမ္းလုပ္ဖို႔လည္း သိပ္အဆင္ေျပၾကေတာ့ အိမ္ကတတ္နိုင္သေလာက္ပို႔တဲ့ဟာနဲ႔ပဲ ေနၾကတယ္ ဟုေျပာသည္။

အခ်ိဳ႕ေက်ာင္းသားမ်ားမွာ ဘာသာေရးအေထာက္အပံ့ ျဖင့္ ေက်ာင္းလာတက္ၾကရျခင္းျဖစ္ၿပီး ၊ ေက်ာင္းပိတ္ရက္အတြင္း ဘာသာေရးဘက္မွ စီစဥ္ေပးသည့္ ေနအိမ္မ်ားတြင္ ေနထိုင္ရေသာ္လည္း အဆင္မေျပမႈေတြရွိေနေၾကာင္းသိရသည္။

ခ်င္းခရစ္ယာန္ တကၠသိုလ္တြင္ တက္ေရာက္သင္ၾကားေနသည့္ ဆလိုင္းေအာင္လင္းမွ “ အခုစစ္ျဖစ္ေနတဲ့ ရြာဖက္က ကၽြန္ေတာ္တို႔ ေနတဲ့ရြာေတြနဲ႔ အရမ္းနီးေနတယ္ အစတုန္းက ရြာျပန္ဖို႔ သူငယ္ခ်င္းေတြနဲ႔ စီစဥ္ျဖစ္ေသးတယ္။ ဒါေပမယ့္အခု အေျခအေနအရမျပန္ျဖစ္ေတာ့ဘူး၊ ေလာေလာဆယ္က ေက်ာင္းပိတ္ရက္မွ အပ ၃ရက္ေလာက္က ေက်ာင္းမွာေနရတယ္၊ၿပီးရင္ေတာ့ ဆရာေတြစီစဥ္ေပးတဲ့ ေနအိမ္ေတြမွာ ျပန္ေနရမွာျဖစ္ပါတယ္၊ မိမိရဲ့အိမ္ မဟုတ္တဲ့အတြက္ အဆင္မေျပဘူးေပါ့ေနာ္ ၊သူတို႔ခ်ေပးတဲ့ အိမ္က ဘယ္ေလာက္ပဲေကာင္းေကာင္း အားနာတာေတြရွိတဲ့အတြက္ ေနထိုင္တာကေတာ့ အဆင္မေျပတာေလးေတြေတာ့ ရွိတာေပါ့ေနာ္” ဟုေျပာသည္။

ဟားခါးၿမိဳ႕ရွိ ဟားခါးတကၠသိုလ္၊ ခ်င္းခရစ္ယာန္ တကၠသိုလ္ ၊ စက္မႈလက္မႈသိပၸံေက်ာင္း၊ ပညာေရးဒီဂရီေကာလိပ္ အစရွိသည့္ ေက်ာင္းမ်ားတြင္ ပလက္ဝမွ ပညာသင္ၾကားေနသူ ေက်ာင္းသား ဦးေရ ၅၀ ေက်ာ္ ခန႔္ရွိေၾကာင္းရွိသည္။

လက္ရွိပလက္ဝတြင္ တိုက္ပြဲျပင္းထန္လ်က္ရွိၿပီး ယမန္ေန႔က ေလေၾကာင္းတိုက္ခတ္မႈေၾကာင့္ ဝက္မအုပ္စု ဝက္မေက်းရြာမွ ၈ဦးေသဆုံးၿပီး ၁၂ေယာက္ဒဏ္ရာရရွိကာ၊ ၿပိဳင္တင္ရြာတြင္ ကေလး တစ္ဦးေသဆုံးေၾကာင္းသိရသည္။