

Salai C.Lian
ကမ္ဘာတစ်လွှားတွင် ပျံ့နှံ့နေသည့် COVID-19 (ခေါ်) ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်သည့် အနေဖြင့် အမေရိကန်နိုိင်ငံ၊ Indiana အခြေစိုက် FBCI (ဖလမ်းနှစ်ခြင်းအသင်း Indiana) အသင်းတော်တွင် အွန်လိုင်းကို အသုံးပြုပြီး ဝတ်ပြုအစည်းဝေးကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံတွင် COVID-19 (ခေါ်) ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် နိုင်ငံတော်အစိုးရမှ လူပေါင်း ၂၅၀ အထက် လူစုလူဝေးခွင့် ရက်အကန့်အသတ်မရှိ တားမြစ်ထားခြင်းကြောင့် ယခုကဲ့သို့ လူမှုကွန်ယက် အသုံးပြုကာ ဝတ်ပြုသည့်အစီအစဉ်ပြုလုပ်ရန် FBCI လူမှုကွန်ယက် စာမျက်နှာတွင် ဗီဒီယိုဖိုင်ဖြင့် FBCI မှ Rev.Dr.Ci Lian Kap မှ တရားဝင် အသင်းသားများထံ ပြောဆိုခဲ့ခြင်းဖြစ်သည်။
FBCI ဆရာတော် Rev. Dr. Ci Lian Kap က “အမေရိကန်အစိုးရအနေနဲ့ လူပေါင်း ၂၅၀ လူစုလူဝေးခွင့်တားမြစ်ထားခြင်းနဲ့ ကျွန်တော်တို့ အနီးနားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးဆက်ခံတဲ့သူတွေ ရှိတဲ့အတွက် ကျွန်တော်တို့ FBCI ကလည်း အရေးကြီးတယ်လို့ သတ်မှတ်ထားတယ်၊ အဲတာကြောင့် ကျွန်တော်တို့ Church ကောင်စီအနေဖြင့် အရေးပေါ် အစည်းအဝေးထိုင်ပြီးတော့ ဆုံးဖြတ်ချက်ချထားတယ်၊ ကျွန်တော်တို့ ဝတ်ပြုအစည်းအဝေး အစီအစဉ်တွေကို လူမှုကွန်ယက်ကနေလုပ်ဆောင်သွားမယ်။ တာဝန်ရှိတဲ့ သူတွေကလည်း လူမှုကွန်ယက်ကနေ သူ့အစီအစဉ်အတိုင်း တာဝန်ယူမယ်” ဟု ပြောသည်။
ထို့ပြင် လူမှုကွန်ယက်ဖြင့် ဝတ်ပြုအစည်းဝေးပြုလုပ်ရာတွင် အစီအစဉ်တင်ဆက်သူ၏ တင်ဆက်သည့်အတိုင်း အသင်းတော် အဖွဲ့ဝင်များအနေဖြင့် လိုက်လုပ်ကြပေးရန် နိူးဆော်ထားသည်။
ဆရာတော် Rev. Dr. Ci Lian Kap က “အသင်းတော်သားများအနေနဲ့၊ ကိုယ့်ဖုန်းဖြစ်စေ၊ ကွန်ပျုတာနဲ့ဖြစ်စေ၊ တီဗီနဲ့ဖြစ်စေ တာဝန်ရှိတဲ့သူ ဦးဆောင်တဲ့အတိုင်း သီချင်းဆိုတဲ့ချိန် လိုက်ဆိုဖို့၊ ဆုတောင်းတဲ့ချိန် ဆုတောင်းဖို့၊ ဒေသနာပောာပြောတဲ့ချိန် လိုက်နာကျင့်သုံးသွားရန် ပြောချင်ပါတယ်၊ ကျွန်တော်တို့ ဘယ်အချိန်ထိ လူမှုကွန်ယက်ကနေ ဝတ်ပြုအစည်းအဝေးကျင်းပမယ်ဆိုတာကတော့ ပြောလို့မရသေးဘူး၊ အစိုးရနဲ့ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ လမ်းညွန်ချက်အတိုင်း လိုက်လုပ်သွားမယ်” ဟု ဆိုသည်။
Covid-19 (ခေါ်) ကိုရိုနာဗိုင်းရပ်(စ်) သည် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO ၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၄၄ နိုင်ငံ၊ ကမ္ဘာ့နိုင်ငံများတွင်း ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၁၁၈၃၂၆ ဦး၊ သေဆုံးသူ စုစုပေါင်း ၄၂၉၂ ဦးရှိသဖြင့် ကမ္ဘာပေါ်တွင် သေဆုံးမှု ရာခိုင်နှုန်း ၃.၆ ရှိနေပြီဖြစ်ကြောင်း သိရသည်။
Zawgyi
အေမရိကေရာက္ ခ်င္းလူမ်ိဳးမ်ား ကိုရိုနာဗိုင္းရပ္စပ္ေၾကာင့္ အြန္လိုင္းျဖင့္ ဝတ္ျပဳေတာ့မည္
ကမၻာတစ္လႊားတြင္ ပ်ံ႕ႏွံ့ေနသည့္ COVID-19 (ေခၚ) ကိုရိုနာဗိုင္းရပ္စ္ေရာဂါျဖစ္ပြားမႈ ႀကိဳတင္ကာကြယ္သည့္ အေနျဖင့္ အေမရိကန္နိုိင္ငံ၊ Indiana အေျခစိုက္ FBCI (ဖလမ္းႏွစ္ျခင္းအသင္း Indiana) အသင္းေတာ္တြင္ အြန္လိုင္းကို အသုံးျပဳၿပီး ဝတ္ျပဳအစည္းေဝးက်င္းပသြားမည္ ျဖစ္ေၾကာင္း သိရသည္။
အေမရိကန္နိုင္ငံတြင္ COVID-19 (ေခၚ) ကိုရိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ နိုင္ငံေတာ္အစိုးရမွ လူေပါင္း ၂၅၀ အထက္ လူစုလူေဝးခြင့္ ရက္အကန႔္အသတ္မရွိ တားျမစ္ထားျခင္းေၾကာင့္ ယခုကဲ့သို႔ လူမႈကြန္ယက္ အသုံးျပဳကာ ဝတ္ျပဳသည့္အစီအစဥ္ျပဳလုပ္ရန္ FBCI လူမႈကြန္ယက္ စာမ်က္ႏွာတြင္ ဗီဒီယိုဖိုင္ျဖင့္ FBCI မွ Rev.Dr.Ci Lian Kap မွ တရားဝင္ အသင္းသားမ်ားထံ ေျပာဆိုခဲ့ျခင္းျဖစ္သည္။
FBCI ဆရာေတာ္ Rev. Dr. Ci Lian Kap က “အေမရိကန္အစိုးရအေနနဲ႔ လူေပါင္း ၂၅၀ လူစုလူေဝးခြင့္တားျမစ္ထားျခင္းနဲ႔ ကၽြန္ေတာ္တို႔ အနီးနားမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးဆက္ခံတဲ့သူေတြ ရွိတဲ့အတြက္ ကၽြန္ေတာ္တို႔ FBCI ကလည္း အေရးႀကီးတယ္လို႔ သတ္မွတ္ထားတယ္၊ အဲတာေၾကာင့္ ကၽြန္ေတာ္တို႔ Church ေကာင္စီအေနျဖင့္ အေရးေပၚ အစည္းအေဝးထိုင္ၿပီးေတာ့ ဆုံးျဖတ္ခ်က္ခ်ထားတယ္၊ ကၽြန္ေတာ္တို႔ ဝတ္ျပဳအစည္းအေဝး အစီအစဥ္ေတြကို လူမႈကြန္ယက္ကေနလုပ္ေဆာင္သြားမယ္။ တာဝန္ရွိတဲ့ သူေတြကလည္း လူမႈကြန္ယက္ကေန သူ႔အစီအစဥ္အတိုင္း တာဝန္ယူမယ္” ဟု ေျပာသည္။
ထို႔ျပင္ လူမႈကြန္ယက္ျဖင့္ ဝတ္ျပဳအစည္းေဝးျပဳလုပ္ရာတြင္ အစီအစဥ္တင္ဆက္သူ၏ တင္ဆက္သည့္အတိုင္း အသင္းေတာ္ အဖြဲ႕ဝင္မ်ားအေနျဖင့္ လိုက္လုပ္ၾကေပးရန္ နိူးေဆာ္ထားသည္။
ဆရာေတာ္ Rev. Dr. Ci Lian Kap က “အသင္းေတာ္သားမ်ားအေနနဲ႔၊ ကိုယ့္ဖုန္းျဖစ္ေစ၊ ကြန္ပ်ဳတာနဲ႔ျဖစ္ေစ၊ တီဗီနဲ႔ျဖစ္ေစ တာဝန္ရွိတဲ့သူ ဦးေဆာင္တဲ့အတိုင္း သီခ်င္းဆိုတဲ့ခ်ိန္ လိုက္ဆိုဖို႔၊ ဆုေတာင္းတဲ့ခ်ိန္ ဆုေတာင္းဖို႔၊ ေဒသနာေပာာေျပာတဲ့ခ်ိန္ လိုက္နာက်င့္သုံးသြားရန္ ေျပာခ်င္ပါတယ္၊ ကၽြန္ေတာ္တို႔ ဘယ္အခ်ိန္ထိ လူမႈကြန္ယက္ကေန ဝတ္ျပဳအစည္းအေဝးက်င္းပမယ္ဆိုတာကေတာ့ ေျပာလို႔မရေသးဘူး၊ အစိုးရနဲ႔ က်န္းမာေရး ဝန္ႀကီးဌာနနဲ႔ လမ္းညြန္ခ်က္အတိုင္း လိုက္လုပ္သြားမယ္” ဟု ဆိုသည္။
Covid-19 (ေခၚ) ကိုရိုနာဗိုင္းရပ္(စ္) သည္ ကမၻာ့ က်န္းမာေရး အဖြဲ႕ WHO ၏ ထုတ္ျပန္ခ်က္အရ ကမၻာ့နိုင္ငံေပါင္း ၁၄၄ နိုင္ငံ၊ ကမၻာ့နိုင္ငံမ်ားတြင္း ဓာတ္ခြဲအတည္ျပဳ လူနာစုစုေပါင္း ၁၁၈၃၂၆ ဦး၊ ေသဆုံးသူ စုစုေပါင္း ၄၂၉၂ ဦးရွိသျဖင့္ ကမၻာေပၚတြင္ ေသဆုံးမႈ ရာခိုင္ႏႈန္း ၃.၆ ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။