Input your search keywords and press Enter.

ကိုရိုနာ ဗိုင်းရပ်စ်အကြောင်း ဆွေးနွေးပွဲ ဟားခါးမြို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာတွင် ပြုလုပ်

Shing Mang

တစ်ကမ္ဘာလုံးတွင် ပြန်နှံ့လျက်ရှိသော COVID 19 ကိုရိုနာ ဗိုင်းရပ်စ်အကြောင်း အသိပညာပေး ဆွေးနွေးပွဲကို ဟားခါးမြို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာအောင်ငွေစံမှ “ဒီနေ့လုပ်တဲ့ပွဲက COVID19 ကမ္ဘာပြန့် ကပ်ရောဂါနဲ့ ပတ်သတ်ပြီးတော့ လောလောဆယ် အနေထားမှာ မြန်မာနိုင်ငံထဲကို တက်နိုင်သမျှ ဝင်မလာစေဖို့ ရောက်လာခဲ့ရင်လည်း စောစောစီးစီး သိရှိပြီး ထိထိရောက်ရောက်ကာကွယ်နိုင်ဖို့ ပြန့်ပွားမှုတွေအတက်နိင်ဆုံး မဖြစ်စေဖို့ ရောဂါဖြစ်ပွားမှု လျော့ကျစေဖို့ရည်ရွယ်တာ ဖြစ်ပါတယ်” ဟုပြောသည်။

ကျန်းမာရေးဌာနတွေပဲ လုပ်ရမှာ မဟုတ်ပဲ ပြည်သူလူထု အလွှာစုံအားလုံး မှ လိုက်နာဆောင်ရွက်မှ ရလဒ်ကောင်းတွေရမှာဖြစ်ကြောင်း၊ချင်းပြည်နယ်မှာ ရှိတဲ့ ပြည်သူပြည်သားတွေအားလုံး တစ်ယောက်ချင်း တစ်ယောက်ချင်းက အသိစိတ်ရှိရှိ လိုက်နာဖို့လိုအပ်ကြောင်းနှင့် ဆင့်ကဲပြန့်ပွား အသိပညာပေးဖို့လိုအပ်ကြောင်း လည်းပြောကြားခဲ့သည်။

ဒေါက်တာအောင်ငွေစံမှ ဆက်ပြီး “ကျွန်တော်တို့ ဆောင်ရွက်နေတာဟာ ကိုယ့်နိုင်ငံအမျိုးသားရေးသာ မကပဲနဲ့ တစ်ကမ္ဘာလုံးနဲ့ချီပြီးဖြစ်နေတာဟာ သတိကြီးကြီးနဲ့ ရင်ဆိုင်ကြရမယ့် ဖြေရှင်းကြရမယ့် အနေထားဖြစ်သည့်အတွက် အားလုံးသည်ပေါ့ပေါ့ဆဆ မနေစေချင်ဘူး၊ ဒါကြောင့် ပြည်သူလူထု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှလည်း လူထုဆီသို့ ဆောင်ရန် ရှောင်ရန်များ ၊သိသင့် သိထိုက်သော အကြောင်းအရာများကို အချိန််နှင့် တစ်ပြေးညီ ပြောပြ ရှင်းပြလျက်ရှိ်ပါတယ်” ဟုပြောသည်။

COVID 19 သည် ရောဂါပိုးမွှား အသစ်ဖြစ်ပြီး အသစ်ဖြစ်သည့်အတွက် ရောဂါပိုးမွှား၏ မူလအခြေတည်တဲ့နေရာ ကူးစက်ပြန့်နှံံ့ပုံ ၊ရောဂါပြန့်နှ့့ံနိုင်စွမ်း တုံ့ပြန်မယ့်အခြေအနေကို တစ်ကမ္ဘာလုံးက လေ့လာနေဆဲ ဆန်းစစ်နေဆဲ ကာလဖြစ်သည်ဟုလည်းသိရသည်။

ဆွေးနွေးပွဲ တက်ရောက်သူ ဒေါက်တာ ကျုံးပီးမှ “ အရမ်းကောင်းတယ် ပြည်သူနှင့် ကျန်းမာရေးဌာနလက်တွဲပြီး အခုဖြစ်နေတဲ့ရောဂါကို အတူတူကာကွယ်ဖို့ လမ်းစဖွင့်ပေးတဲ့အရာဘဲ W.H.O က pandemic လို့ပြောပြီးနောက်ဘယ်လိုကာကွယ်ရမယ် ဆိုတဲ့အချက်လေးချက်ကို ပြည်သူတိုင်းကိုယ်တတ်နိုင်သလောက်လိုက်နာ ရမှာဘဲ 1.Prepare and be ready2.Detect, protect and treat3. Reduce transmission4. Innovate and learn ဒီအချက်တွေထဲမှာ ပြည်သူတွေအလုပ်နိုင်ဆုံးက နံပါတ်၃ ဘဲ လက်ကိုဆေးပါ ခဏခဏဆေးပါရေ ဆပ်ပြာနှင့်ဆေးပါ Alcohol ပါတဲ့ လက်ဆေးရည်တွေနှင့်ဆေးပါ ကိုင်မိတိုင်းလက်ဆေးပါ” ဟုပြောသည်။

ယခုဆွေးနွေးပွဲကို ယနေ့ညနေပိုင်း ၆နာရီ ဝန်းကျင်ခန့်တွင် ပြုလုပ်ခဲ့ ပြီး ဌာနဆိုင်ရာများ အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်ဆွေးခဲ့ကြောင်းလည်းသိရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID 19 ကိုရိုနာ ဗိုင်းရပ်စ်သည် တစ်ကမ္ဘာလုံးတွင် ပြန့်နှံလျက်ရှိပြီး ယနေ့ထိ တစ်ကမ္ဘာလုံးတွင် အတည်ပြုလူနာ ၁၂၅၀၄၈ဦးရှိပြီး သေဆုံးသူ ၄၆၁၃ ဦး ရှိုပြီဖြစ်ကြောင်းသိရသည်။

Zawgyi

ကိုရိုနာ ဗိုင္းရပ္စ္အေၾကာင္း ေဆြးေႏြးပြဲ ဟားခါးၿမိဳ႕ ျပည္နယ္ျပည္သူ႔က်န္းမာေရးဌာတြင္ ျပဳလုပ္

တစ္ကမၻာလုံးတြင္ ျပန္ႏွံ့လ်က္ရွိေသာ COVID 19 ကိုရိုနာ ဗိုင္းရပ္စ္အေၾကာင္း အသိပညာေပး ေဆြးေႏြးပြဲကို ဟားခါးၿမိဳ႕ ျပည္နယ္ျပည္သူ႔က်န္းမာေရးဌာတြင္ ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။

ခ်င္းျပည္နယ္ ျပည္သူ႔က်န္းမာေရးႏွင့္ကုသေရးဦးစီးမႉး ေဒါက္တာေအာင္ေငြစံမွ “ဒီေန႔လုပ္တဲ့ပြဲက COVID19 ကမၻာျပန႔္ ကပ္ေရာဂါနဲ႔ ပတ္သတ္ၿပီးေတာ့ ေလာေလာဆယ္ အေနထားမွာ ျမန္မာနိုင္ငံထဲကို တက္နိုင္သမၽွ ဝင္မလာေစဖို႔ ေရာက္လာခဲ့ရင္လည္း ေစာေစာစီးစီး သိရွိၿပီး ထိထိေရာက္ေရာက္ကာကြယ္နိုင္ဖို႔ ျပန႔္ပြားမႈေတြအတက္နိင္ဆုံး မျဖစ္ေစဖို႔ ေရာဂါျဖစ္ပြားမႈ ေလ်ာ့က်ေစဖို႔ရည္ရြယ္တာ ျဖစ္ပါတယ္” ဟုေျပာသည္။

က်န္းမာေရးဌာနေတြပဲ လုပ္ရမွာ မဟုတ္ပဲ ျပည္သူလူထု အလႊာစုံအားလုံး မွ လိုက္နာေဆာင္ရြက္မွ ရလဒ္ေကာင္းေတြရမွာျဖစ္ေၾကာင္း၊ခ်င္းျပည္နယ္မွာ ရွိတဲ့ ျပည္သူျပည္သားေတြအားလုံး တစ္ေယာက္ခ်င္း တစ္ေယာက္ခ်င္းက အသိစိတ္ရွိရွိ လိုက္နာဖို႔လိုအပ္ေၾကာင္းႏွင့္ ဆင့္ကဲျပန႔္ပြား အသိပညာေပးဖို႔လိုအပ္ေၾကာင္း လည္းေျပာၾကားခဲ့သည္။

ေဒါက္တာေအာင္ေငြစံမွ ဆက္ၿပီး “ကၽြန္ေတာ္တို႔ ေဆာင္ရြက္ေနတာဟာ ကိုယ့္နိုင္ငံအမ်ိဳးသားေရးသာ မကပဲနဲ႔ တစ္ကမၻာလုံးနဲ႔ခ်ီၿပီးျဖစ္ေနတာဟာ သတိႀကီးႀကီးနဲ႔ ရင္ဆိုင္ၾကရမယ့္ ေျဖရွင္းၾကရမယ့္ အေနထားျဖစ္သည့္အတြက္ အားလုံးသည္ေပါ့ေပါ့ဆဆ မေနေစခ်င္ဘူး၊ ဒါေၾကာင့္ ျပည္သူလူထု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွလည္း လူထုဆီသို႔ ေဆာင္ရန္ ေရွာင္ရန္မ်ား ၊သိသင့္ သိထိုက္ေသာ အေၾကာင္းအရာမ်ားကို အခ်ိန္္ႏွင့္ တစ္ေျပးညီ ေျပာၿပ ရွင္းျပလ်က္ရွိ္ပါတယ္” ဟုေျပာသည္။

COVID 19 သည္ ေရာဂါပိုးမႊား အသစ္ျဖစ္ၿပီး အသစ္ျဖစ္သည့္အတြက္ ေရာဂါပိုးမႊား၏ မူလအေျခတည္တဲ့ေနရာ ကူးစက္ျပန႔္ႏွံံ့ပုံ ၊ေရာဂါျပန႔္ႏွ႕့ံနိုင္စြမ္း တုံ႔ျပန္မယ့္အေျခအေနကို တစ္ကမၻာလုံးက ေလ့လာေနဆဲ ဆန္းစစ္ေနဆဲ ကာလျဖစ္သည္ဟုလည္းသိရသည္။

ေဆြးေႏြးပြဲ တက္ေရာက္သူ ေဒါက္တာ က်ဳံးပီးမွ “ အရမ္းေကာင္းတယ္ ျပည္သူႏွင့္ က်န္းမာေရးဌာနလက္တြဲၿပီး အခုျဖစ္ေနတဲ့ေရာဂါကို အတူတူကာကြယ္ဖို႔ လမ္းစဖြင့္ေပးတဲ့အရာဘဲ W.H.O က pandemic လို႔ေျပာၿပီးေနာက္ဘယ္လိုကာကြယ္ရမယ္ ဆိုတဲ့အခ်က္ေလးခ်က္ကို ျပည္သူတိုင္းကိုယ္တတ္နိုင္သေလာက္လိုက္နာ ရမွာဘဲ 1.Prepare and be ready2.Detect, protect and treat3. Reduce transmission4. Innovate and learn ဒီအခ်က္ေတြထဲမွာ ျပည္သူေတြအလုပ္နိုင္ဆုံးက နံပါတ္၃ ဘဲ လက္ကိုေဆးပါ ခဏခဏေဆးပါေရ ဆပ္ျပာႏွင့္ေဆးပါ Alcohol ပါတဲ့ လက္ေဆးရည္ေတြႏွင့္ေဆးပါ ကိုင္မိတိုင္းလက္ေဆးပါ” ဟုေျပာသည္။

ယခုေဆြးေႏြးပြဲကို ယေန႔ညေနပိုင္း ၆နာရီ ဝန္းက်င္ခန႔္တြင္ ျပဳလုပ္ခဲ့ ၿပီး ဌာနဆိုင္ရာမ်ား အရပ္ဖက္အဖြဲ႕အစည္းမ်ား တက္ေရာက္ေဆြးခဲ့ေၾကာင္းလည္းသိရသည္။

တ႐ုတ္နိုင္ငံ ဝူဟန္ၿမိဳ႕မွ စတင္ျဖစ္ပြားေသာ အသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါ COVID 19 ကိုရိုနာ ဗိုင္းရပ္စ္သည္ တစ္ကမၻာလုံးတြင္ ျပန႔္ႏွံလ်က္ရွိၿပီး ယေန႔ထိ တစ္ကမၻာလုံးတြင္ အတည္ျပဳလူနာ ၁၂၅၀၄၈ဦးရွိၿပီး ေသဆုံးသူ ၄၆၁၃ ဦး ရွိုၿပီျဖစ္ေၾကာင္းသိရသည္။