

Salai Khup Khup
၂၀၁၉ -၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမှုတွင် ချင်းပြည်နယ်အတွင်း စစ်ပွဲဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့်ရှိသူများအနက် ပျက်ကွက်မှုအများဆုံးဖြစ်ကြောင်းသိရသည်။
ခါတိုင်းနှစ်နှင့်မတူပဲ ပလက်ဝမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ယခုနှစ်တွင် ပျက်ကွက်သူ ၄၇၄ ဦးအထိရှိသည်။
ပလက်ဝ ပညာရေးမှူး ဦးအောင်မင်းက “ဖြေဆိုမဲ့ စာရင်းအရကတော့ ၂၆၉၀ ဦး ရှိတာ ဖြေဆိုတာက (၂၂၁၆) ဦးလာဖြေတယ်၊ ပျက်ကွက်တာက (၄၇၄) ဦးပျက်ကွက်တယ် ငါးရောက် နီးပါးပျက်ကွက်တာ ဆိုတော့ ဒီနှစ်က အပျက်ကွက်အများ ဆုံးနှစ်ဖြစ်တယ်”ဟုပြောသည်။
ယခင်နှစ်က ပလက်ဝမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုမှုတွင် ၂၀၀ ေက်ာ္သာပျက်ကွက်ခဲ့သော်လည်း ယခုနှစ်အတွင်း ငါးရာ နီးပါးပျက်ကွက်ခြင်းဖြစ်သည်။
ယခုနှစ်ပလက်ဝမြို့နယ်အတွင်း တက္ကသိုလ်စာမေးပွဲပျက်ကွက်မှုများပြားခြင်းမှာ ဒေသတွင်းလုံခြုံမှုမရှိခြင်းကြောင့် ပျက်ကွက်မှုများရခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
ပလက်ဝဒေသခံဖြစ်သူ ဦးဘူးထန်ပိုင်က “ ဘာပြောရမှန်းတောင်မသိတော့ဘူး။ နယ်မြေအခြေအနေကြောင့် မလာနိုင်တာ၊ မလာရဲတာတွကြောင့် ဖြစ်မယ်။ ကျွန်တော်ခန့်မှန်းတာက ရွာကလာမယ့်လူတွေအတွက် အစားအသောက်ပိုင်းလည်းအခက်အခဲအများကြီးရှိလို့ဖြစ်မယ်။ ကျောင်းဆရာတွေလည်း မသွားလာရဲတော့ ကျောင်းသားတွေလည်း စာမသင်ရတဲ့အခက်အခဲဖြစ်တယ်။ အဲဒီအတွက်အရမ်းဝမ်းနည်းတာပေါ့” ဟုပြောသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်၏ အဓိက ဆက်သွယ်သွားလာရသည့် ကုန်းလမ်းနှင့် ရေလမ်းကြောင်း နှစ်ခုလုံးတွင် မြန်မာတပ်မတော်နှင့် AAတပ်မတော်တို့ အကြားတိုက်ပွဲများ ပြင်းထန်လာသဖြင့် ယာဉ်လိုင်းများ မပြေးဆွဲတော့ခြင်းများကြောင့် စားသောက်ကုန် ပြတ်လပ်မှု အပြင် လောင်စာဆီများ ပြတ်လပ်မှုနှင့် အခြားကုန်ပစ္စည်းများ ပြတ်လပ်မှုကြောင့် ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသားများအတွက် အခက်အခဲများကြုံတွေ့ရကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၂၀၂ဝခုနှစ် မတ်လ(၁၁)ရက်နေ့ကစပြီး တစ်နိုင်ငံလုံးတွင် စတင်ကျင်းပနေပြီ ဖြစ်ပြီး စစ်ပွဲဖြစ်ပွားရာ ဒေသများတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ ဦးရေ နည်းပါးကြောင်းသိရသည်။
Zawgyi
စစ္ပြဲျဖစ္ပြားေနသည့္ ပလက္ဝတြင္ ယခုႏွစ္ တကၠသိုလ္ဝင္တန္းေျဖဆိုသူ ပ်က္ကြက္မႈအမ်ားဆုံးျဖစ္
၂၀၁၉ -၂၀၂၀ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖဆိုမႈတြင္ ခ်င္းျပည္နယ္အတြင္း စစ္ပြဲျဖစ္ပြားေနသည့္ ပလက္ဝၿမိဳ႕နယ္တြင္ တကၠသိုလ္ဝင္တန္း ေျဖဆိုခြင့္ရွိသူမ်ားအနက္ ပ်က္ကြက္မႈအမ်ားဆုံးျဖစ္ေၾကာင္းသိရသည္။
ခါတိုင္းႏွစ္ႏွင့္မတူပဲ ပလက္ဝၿမိဳ႕နယ္တြင္ တကၠသိုလ္ဝင္တန္းေျဖဆိုသူ ယခုႏွစ္တြင္ ပ်က္ကြက္သူ ၄၇၄ ဦးအထိရွိသည္။
ပလက္ဝ ပညာေရးမႉး ဦးေအာင္မင္းက “ေျဖဆိုမဲ့ စာရင္းအရကေတာ့ ၂၆၉၀ ဦး ရွိတာ ေျဖဆိုတာက (၂၂၁၆) ဦးလာေျဖတယ္၊ ပ်က္ကြက္တာက (၄၇၄) ဦးပ်က္ကြက္တယ္ ငါးေရာက္ နီးပါးပ်က္ကြက္တာ ဆိုေတာ့ ဒီႏွစ္က အပ်က္ကြက္အမ်ား ဆုံးႏွစ္ျဖစ္တယ္”ဟုေျပာသည္။
ယခင္ႏွစ္က ပလက္ဝၿမိဳ႕နယ္အတြင္း တကၠသိုလ္ဝင္တန္း ေျဖဆိုမႈတြင္ ၂၀၀ ေက်ာ္သာပ်က္ကြက္ခဲ့ေသာ္လည္း ယခုႏွစ္အတြင္း ငါးရာ နီးပါးပ်က္ကြက္ျခင္းျဖစ္သည္။
ယခုႏွစ္ပလက္ဝၿမိဳ႕နယ္အတြင္း တကၠသိုလ္စာေမးပြဲပ်က္ကြက္မႈမ်ားျပားျခင္းမွာ ေဒသတြင္းလုံျခဳံမႈမရွိျခင္းေၾကာင့္ ပ်က္ကြက္မႈမ်ားရျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
ပလက္ဝေဒသခံျဖစ္သူ ဦးဘူးထန္ပိုင္က “ ဘာေျပာရမွန္းေတာင္မသိေတာ့ဘူး။ နယ္ေျမအေျခအေနေၾကာင့္ မလာနိုင္တာ၊ မလာရဲတာတြေၾကာင့္ ျဖစ္မယ္။ ကၽြန္ေတာ္ခန႔္မွန္းတာက ရြာကလာမယ့္လူေတြအတြက္ အစားအေသာက္ပိုင္းလည္းအခက္အခဲအမ်ားႀကီးရွိလို႔ျဖစ္မယ္။ ေက်ာင္းဆရာေတြလည္း မသြားလာရဲေတာ့ ေက်ာင္းသားေတြလည္း စာမသင္ရတဲ့အခက္အခဲျဖစ္တယ္။ အဲဒီအတြက္အရမ္းဝမ္းနည္းတာေပါ့” ဟုေျပာသည္။
ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္၏ အဓိက ဆက္သြယ္သြားလာရသည့္ ကုန္းလမ္းႏွင့္ ေရလမ္းေၾကာင္း ႏွစ္ခုလုံးတြင္ ျမန္မာတပ္မေတာ္ႏွင့္ AAတပ္မေတာ္တို႔ အၾကားတိုက္ပြဲမ်ား ျပင္းထန္လာသျဖင့္ ယာဥ္လိုင္းမ်ား မေျပးဆြဲေတာ့ျခင္းမ်ားေၾကာင့္ စားေသာက္ကုန္ ျပတ္လပ္မႈ အျပင္ ေလာင္စာဆီမ်ား ျပတ္လပ္မႈႏွင့္ အျခားကုန္ပစၥည္းမ်ား ျပတ္လပ္မႈေၾကာင့္ ယခုႏွစ္ တကၠသိုလ္ဝင္ စာေမးပြဲ ေျဖဆိုၾကသည့္ ေက်ာင္းသားမ်ားအတြက္ အခက္အခဲမ်ားၾကဳံေတြ႕ရေၾကာင္း သိရသည္။
တကၠသိုလ္ဝင္တန္း စာေမးပြဲကို ၂၀၂ဝခုႏွစ္ မတ္လ(၁၁)ရက္ေန႔ကစၿပီး တစ္နိုင္ငံလုံးတြင္ စတင္က်င္းပေနၿပီ ျဖစ္ၿပီး စစ္ပြဲျဖစ္ပြားရာ ေဒသမ်ားတြင္ တကၠသိုလ္ဝင္ စာေမးပြဲ ေျဖဆိုသူ ဦးေရ နည္းပါးေၾကာင္းသိရသည္။