Input your search keywords and press Enter.

ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကြောင့် တမူး-မိုးရေး နယ်စပ်ဂိတ် ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဟုဆို

Salai Benezer

မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်သည့် တမူး- မိုးရေး ဂိတ်ကို မတ်(၁၀)ရက်နေ့ မနက်ပိုင်းကစပြီး မဏီပူရ်ပြည်နယ်အစိုးရအဖွဲ့က ရက်အကွန့အသတ်မရှိ နယ်စပ်အဝင်အထွက် တားမြစ်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း တမူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) မှ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦး ထံမှသိရသည်။

“နယ်စပ်ဂိတ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဆိုပြီး သူတို့ဘက်ကပိတ်လိုက်တာပါ၊ မဏီပူရ်အစိုးရကနေပြီးတော့ တရားဝင်ပိတ်လိုက်တာဖြစ်ပါတယ်၊ ကျနော်တို့မြန်မာဘက်ခြမ်းကတော့ မပိတ်သေးဘူး၊ ပြည်ထောင်စုအဆင့်ကိုတော့ စာတင်ထားပါတယ်” ဟု တမူးမြို့မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးမှ ပြောသည်။

တမူးမြို့တွင် အိန္ဒိယ-မြန်မာ နယ်စပ်ဝင်ပေါက်ဂိတ်အမှတ်(၁)နဲ့(၂)ရှိပြီး ဂိတ်(၂)ခုလုံးကို သွားလာဝင်ထွက်ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး နယ်စပ်ဂိတ်ပိတ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံဘက်ခြမ်းတွင်ရှိသည့် နန့်ဖာလုံစျေး အရောင်းအဝယ် ရပ်ဆိုင်းသွားကြောင်း သိရသည်။

မြန်ဖာလုံစျေးမှာ တရားဝင်ပိတ်လိုက်ခြင်း မဟုတ်ဘဲ အိန္ဒိယဘက်ခြမ်းနှင့် အဝင်အထွက်မရှိတော့သည့်အတွက် အရောင်းအဝယ်မရှိတော့ဘဲ အလိုအလျောက်ပိတ်သွားခြင်းဖြစ်ကြောင်း တိုင်းလွှတ်တော်အမတ် ဦးမြင့်နိုင်ဦးက ပြောသည်။

မြန်မာ- အိန္ဒိယနယ်စပ်ဂိတ်တွေကို အိန္ဒိယနိုင်ငံဘက်ခြမ်းက စတင်ပိတ်ပင်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို စာတင်အကြောင်းကြားထားပြီး ဂိတ်ပြန်ဖွင့်ပါက ပြည်သူလူထုထံ အသိပေးသွားမှာဖြစ်ကြောင်း သိရသည်။

အလားတူ ချင်းပြည်အတွင်းတွင်ရှိသည့် အန္ဒိယ-မြန်မာနယ်စပ်ဂိတ်ကိုလည်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ယာယိပိတ်ထားရန် မီဇိုရမ်လွှတ်တော်ကော်မတီမှ တိုက်တွန်းထားကြောင်း သိရသည်။

အထူးသဖြင့် မီဇိုရမ်ပြည်နယ် ချမ်ဖိုင် စီရင်စုအတွင်းတွင် အိန္ဒိယ-မြန်မာနယ်စပ်ကို အမြန်ဆုံး ပိတ်သင့်ကြောင်း၊ တရုတ်အပါအဝင် တခြားအရှေ့တောင် အာရှနိုင်ငံများမှ ကုန်သည်များ အဝင်အထွက် များပြားသည့်နေရာဖြစ်ပြီး၊ ကိုရိုနာဗိုင်းရပ်စ် အစစ်အဆေးလည်း မရှိသည့်အတွက် အလွန်အန္တရာယ်ကြီးကြောင်း ချမ်ဖိုင်တင်မက တခြားစီရင်စုတွေက နယ်စပ်ဂိတ်တွေကိုပါ အမြန်ဆုံး ပိတ်သင့်ကြောင်း မီဇိုရမ် လွှတ်တော်ကော်မတီမှ ထုတ်ပြန်ထားသည်။

Zawgyi Version

ကိုရိုနာ ဗိုင္းရပ္စ္ေရာဂါေၾကာင့္ တမူး-မိုးေရး နယ္စပ္ဂိတ္ ရက္အကန္႔အသတ္မရွိ ပိတ္ထားမည္ဟုဆို

ျမန္မာ-အိႏၵိယနယ္စပ္ျဖစ္သည့္ တမူး- မိုးေရး ဂိတ္ကို မတ္(၁၀)ရက္ေန႔ မနက္ပိုင္းကစၿပီး မဏီပူရ္ျပည္နယ္အစိုးရအဖြဲ႕က ရက္အကြန႔အသတ္မရွိ နယ္စပ္အ၀င္အထြက္ တားျမစ္ပိတ္ပင္လိုက္ၿပီျဖစ္ေၾကာင္း တမူးၿမိဳ႕နယ္မဲဆႏၵနယ္အမွတ္(၁) မွ စစ္ကိုင္းတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္နိုင္ဦး ထံမွသိရသည္။

“နယ္စပ္ဂိတ္က ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ဆိုၿပီး သူတို႔ဘက္ကပိတ္လိုက္တာပါ၊ မဏီပူရ္အစိုးရကေနၿပီးေတာ့ တရား၀င္ပိတ္လိုက္တာျဖစ္ပါတယ္၊ က်ေနာ္တို႔ျမန္မာဘက္ျခမ္းကေတာ့ မပိတ္ေသးဘူး၊ ျပည္ေထာင္စုအဆင့္ကိုေတာ့ စာတင္ထားပါတယ္” ဟု တမူးၿမဳိ႕မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ႏိုင္ဦးမွ ေျပာသည္။

တမူးၿမိဳ႕တြင္ အိႏၵိယ-ျမန္မာ နယ္စပ္၀င္ေပါက္ဂိတ္အမွတ္(၁)နဲ႔(၂)ရွိၿပီး ဂိတ္(၂)ခုလုံးကို သြားလာ၀င္ထြက္ခြင့္ ပိတ္ပင္လိုက္ျခင္းျဖစ္ၿပီး နယ္စပ္ဂိတ္ပိတ္လိုက္ျခင္းေၾကာင့္ ျမန္မာနိုင္ငံဘက္ျခမ္းတြင္ရွိသည့္ နန္႔ဖာလံုေစ်း အေရာင္းအ၀ယ္ ရပ္ဆိုင္းသြားေၾကာင္း သိရသည္။

ျမန္ဖာလံုေစ်းမွာ တရား၀င္ပိတ္လိုက္ျခင္း မဟုတ္ဘဲ အိႏၵိယဘက္ျခမ္းႏွင့္ အ၀င္အထြက္မရွိေတာ့သည့္အတြက္ အေရာင္းအ၀ယ္မရွိေတာ့ဘဲ အလိုအေလ်ာက္ပိတ္သြားျခင္းျဖစ္ေၾကာင္း တိုင္းလႊတ္ေတာ္အမတ္ ဦးျမင့္ႏိုင္ဦးက ေျပာသည္။

ျမန္မာ- အိႏၵိယနယ္စပ္ဂိတ္ေတြကို အိႏၵိယနိုင္ငံဘက္ျခမ္းက စတင္ပိတ္ပင္လိုက္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ျပည္ေထာင္စုအစိုးရအဖြဲ႕ကို စာတင္အေၾကာင္းၾကားထားၿပီး ဂိတ္ျပန္ဖြင့္ပါက ျပည္သူလူထုထံ အသိေပးသြားမွာျဖစ္ေၾကာင္း သိရသည္။

အလားတူ ခ်င္းျပည္အတြင္းတြင္ရွိသည့္ အႏၵိယ-ျမန္မာနယ္စပ္ဂိတ္ကိုလည္း ကိုရိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ ယာယိပိတ္ထားရန္ မီဇို၇မ္လႊတ္ေတာ္ေကာ္မတီမွ တိုက္တြန္းထားေၾကာင္း သိရသည္။

အထူးသျဖင့္ မီဇိုရမ္ျပည္နယ္ ခ်မ္ဖိုင္ စီရင္စုအတြင္းတြင္ အိႏိၵယ-ျမန္မာနယ္စပ္ကို အျမန္ဆံုး ပိတ္သင့္ေၾကာင္း၊ တရုတ္အပါအဝင္ တျခားအေရွ႕ေတာင္ အာရွနိုင္ငံမ်ားမွ ကုန္သည္မ်ား အဝင္အထြက္ မ်ားျပားသည့္ေနရာျဖစ္ၿပီး၊ ကိုရိုနာဗိုင္းရပ္စ္ အစစ္အေဆးလည္း မရွိသည့္အတြက္ အလြန္အႏၱရာယ္ၾကီးေၾကာင္း ခ်မ္ဖိုင္တင္မက တျခားစီရင္စုေတြက နယ္စပ္ဂိတ္ေတြကိုပါ အျမန္ဆံုး ပိတ္သင့္ေၾကာင္း မီဇိုရမ္ လႊတ္ေတာ္ေကာ္မတီမွ ထုတ္ျပန္ထားသည္။