Input your search keywords and press Enter.

မင်းတပ်နှင့် ထီးလင်းကြားရှိ မောချောင်းဖြတ်၍ ဘေလီတံတားဆောက်ပေးရန် အစီအစဉ်မရှိသေး

Salai Khup Khup

ချင်းပြည်နယ် မင်းတပ်မြို့နယ်နှင့် မကွေးတိုင်း ထီးလင်းမြို့နယ်အကြားရှိ မောချောင်းကို ဖြတ်၍ ဘေလီ တံတားတစ်စီး တည်ပေးရန် လောလောဆယ်တွင် မဖြစ်နိုင်သေးကြောင်း ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဖြေကြားထားသည်။

ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် မင်းတပ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေလင်းအောင်မှ မောချောင်းတံတားမှာ နွေရာသီတွင် သွားလာရေး အဆင်ပြေမှုရှိသော်လည်း မိုးရာသီတွင် လုံးဝအဆင်ပြေမှု မရှိခြင်းကြောင့် မောချောင်းကိုဖြတ်ပြီး ဘေလီ တံတားတည်ပေးရန်နှင့် ပက်သက်ပြီး မေးမြန်းခဲ့ခြင်းဖြစ်သည်။

မင်းတပ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေလင်းအောင် မေးမြန်းမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ “မောချောင်းကို 2012-13 ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးမှ တာဝန်ယူ ဖောက်လုပ်ခဲ့တဲ့ လမ်းဖြစ်ပါတယ်။ အဆိုပါချောင်းကို ဘေလီတံတားတည်ဖို့ လမ်းတံတားဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ကျေးရွာဖွံ့ဖြိုးရေးဌာန စာရင်းတွင် မရှိသေးသဖြင့် ချင်းပြည်နယ် အစိုးရဖွဲ့မှ ပြည်ထောင်စု အစိုးရဖွဲ့ရုံးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန လမ်းမှ ဆောက်လုပ်ရေးနှင့် လမ်းတံတားဆောက်လုပ်ရေး ဝန်ကြီးဌာနတွင် စာရင်းတင်ပြပြီး ခွင့်ပြုချက်ရရှိပါက လုပ်ထုံးလုပ်နည်းအရ ဖောက်လုပ်ပေးမည် ဖြစ်ကြောင်း”ဖြေကြားခဲ့သည်။

မင်းတပ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေလင်းအောင်က “မောချောင်းဟာဆိုရင် မင်းတပ်မြို့နဲ့ ထီးလင်းမြို့နယ်အကြားမှာရှိပြီး ကျေးရွာအချင်းချင်း ဆက်သွယ်တဲ့ လမ်းဖြစ်သလို နောင်တစ်ချိန်မှာ ပြည်နယ်တစ်ခုနဲ့ တိုင်းဒေသကြီး တစ်ခုအကြား ဆက်သွယ်ထားတဲ့ လမ်းကြောင်းတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ မင်းတပ်မြို့အရှေ့ဖက်မှာ နေတဲ့သူတွေက မြို့နဲ့ ဝေးကွာလို့ ထီးလင်းမြို့ကို အဓိက အားထားရပါတယ် ဆန်၊ဆီ၊ဆား၊ငါးပိ စတာတွေကို ထီးလင်းမြို့မှာ ဝယ်ယူရသလို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးအတွက်လည်း ထီးလင်းမြို့ကိုဘဲ အားကိုးပြီး နေရတဲ့အတွက် ဒီလမ်းကြောင်းဟာ အလွန်ပင် အရေးကြီးပါတယ်။ ”ဟုပြောသည်။
Zawgyi
မင္းတပ္ႏွင့္ ထီးလင္းၾကားရွိ ေမာေခ်ာင္းျဖတ္၍ ေဘလီတံတားေဆာက္ေပးရန္ အစီအစဥ္မရွိေသး

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္ႏွင့္ မေကြးတိုင္း ထီးလင္းၿမိဳ႕နယ္အၾကားရွိ ေမာေခ်ာင္းကို ျဖတ္၍ ေဘလီ တံတားတစ္စီး တည္ေပးရန္ ေလာေလာဆယ္တြင္ မျဖစ္နိုင္ေသးေၾကာင္း ယေန႔က်င္းပသည့္ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး တြင္ ေဆာက္လုပ္ေရး ဝန္ႀကီးဌာနမွ ေျဖၾကားထားသည္။

ေဖေဖာ္ဝါရီလ (၁၁)ရက္ေန႔တြင္ က်င္းပသည့္ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး တြင္ မင္းတပ္မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေနလင္းေအာင္မွ ေမာေခ်ာင္းတံတားမွာ ေႏြရာသီတြင္ သြားလာေရး အဆင္ေျပမႈရွိေသာ္လည္း မိုးရာသီတြင္ လုံးဝအဆင္ေျပမႈ မရွိျခင္းေၾကာင့္ ေမာေခ်ာင္းကိုျဖတ္ၿပီး ေဘလီ တံတားတည္ေပးရန္ႏွင့္ ပက္သက္ၿပီး ေမးျမန္းခဲ့ျခင္းျဖစ္သည္။

မင္းတပ္မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေနလင္းေအာင္ ေမးျမန္းမႈကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ “ေမာေခ်ာင္းကို 2012-13 ဘ႑ာေရးႏွစ္တြင္ နယ္စပ္ေရးရာဝန္ႀကီးမွ တာဝန္ယူ ေဖာက္လုပ္ခဲ့တဲ့ လမ္းျဖစ္ပါတယ္။ အဆိုပါေခ်ာင္းကို ေဘလီတံတားတည္ဖို႔ လမ္းတံတားေဆာက္လုပ္ေရး ဝန္ႀကီးဌာနႏွင့္ ေက်းရြာဖြံ့ၿဖိဳးေရးဌာန စာရင္းတြင္ မရွိေသးသျဖင့္ ခ်င္းျပည္နယ္ အစိုးရဖြဲ႕မွ ျပည္ေထာင္စု အစိုးရဖြဲ႕႐ုံးသို႔ နယ္စပ္ေရးရာဝန္ႀကီးဌာန လမ္းမွ ေဆာက္လုပ္ေရးႏွင့္ လမ္းတံတားေဆာက္လုပ္ေရး ဝန္ႀကီးဌာနတြင္ စာရင္းတင္ျပၿပီး ခြင့္ျပဳခ်က္ရရွိပါက လုပ္ထုံးလုပ္နည္းအရ ေဖာက္လုပ္ေပးမည္ ျဖစ္ေၾကာင္း”ေျဖၾကားခဲ့သည္။

မင္းတပ္မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေနလင္းေအာင္က “ေမာေခ်ာင္းဟာဆိုရင္ မင္းတပ္ၿမိဳ႕နဲ႔ ထီးလင္းၿမိဳ႕နယ္အၾကားမွာရွိၿပီး ေက်းရြာအခ်င္းခ်င္း ဆက္သြယ္တဲ့ လမ္းျဖစ္သလို ေနာင္တစ္ခ်ိန္မွာ ျပည္နယ္တစ္ခုနဲ႔ တိုင္းေဒသႀကီး တစ္ခုအၾကား ဆက္သြယ္ထားတဲ့ လမ္းေၾကာင္းတစ္ခုလည္း ျဖစ္လာနိုင္ပါတယ္။ မင္းတပ္ၿမိဳ႕အေရွ႕ဖက္မွာ ေနတဲ့သူေတြက ၿမိဳ႕နဲ႔ ေဝးကြာလို႔ ထီးလင္းၿမိဳ႕ကို အဓိက အားထားရပါတယ္ ဆန္၊ဆီ၊ဆား၊ငါးပိ စတာေတြကို ထီးလင္းၿမိဳ႕မွာ ဝယ္ယူရသလို က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ ပညာေရးအတြက္လည္း ထီးလင္းၿမိဳ႕ကိုဘဲ အားကိုးၿပီး ေနရတဲ့အတြက္ ဒီလမ္းေၾကာင္းဟာ အလြန္ပင္ အေရးႀကီးပါတယ္။ ”ဟုေျပာသည္။