Input your search keywords and press Enter.

နည်းပညာတက္ကသိုလ်ကျောင်းသား တာန်ဒါလ်မွန်းမာန် သေဆုံးမှုနှင့် ပတ်သက်ပြီး ကလေးမြို့တွင် ဆန္ဒထုတ်ဖော်မည်

Salai C.Lian

ဆိုင်ကယ်မတော်တဆမှုကြောင့် ကလေးမြို့ ပြည်သူ့ဆေးရုံတွင် သေဆုံးသွားသည့် ကျောင်းသား တာန်ဒါလ်မွန်းမာန်ကိစ္စနှင့်ပတ်သက်ပြီး ဆေးရုံတာဝန်ရှိသူများကို အရေးယူပေးရန် တောင်းဆိုထားသော်လည်း တစ်စုံတစ်ရာ အရေးယူမှုမရှိသောကြောင့် ဖေဖဝါရီလ ၁၀ ရက်နေ့တွင် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

တာန်ဒါလ်မွန်းမာန် သေဆုံးမှုနဲ့ ပတ်သက်ပြီး ကလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ဆေးရုံတာဝန်ရှိသူများမှ သတင်းစာ ရှင်းလင်းပွဲကျင်းပခဲ့ပြီး၊ ယင်းသတင်းစာ ရှင်းလင်းပွဲအပေါ် ကလေးတက္ကသိုလ်ကျောင်းသားအဖွဲ့(၁၆)ဖွဲ့မှ ဆေးရုံတာဝန်ရှိသူများကို အရေးယူပေးရန်နှင့် (၅) ရက်အတွင်း အရေးယူမှုမရှိပါက ဆန္ဒထုတ်ဖော်သွားမည်ဟု ဖေဖဝါရီလ (၁) ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်ခဲ့ကြောင်း သိရသည်။

ဖြစ်မြောက်ရေးကော်မတီဝင် ဆလိုင်း ဟင်နရီက “ကျွန်တော်တို့ ကလေးတက္ကသိုလ်မုခ်ဦး၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ မွန်းလိုင်းနှစ်ခြင်းဘုရားကျောင်း၊ တာဟား EBC လမ်းခွဲ၊ တောင်ဖီလာလမ်းခွဲ၊ ဘူတာလမ်းခွဲတွေမှာ စောင့်ပြီး၊ ဆိမ်ကမ်းသာလမ်းကနေ ပြည်သူ့ဆေးရုံထိ ချီတက်သွားမယ်၊ ပြီးတော့ အရေးပေါ်အသက်ကယ်ဘတ်ဂျက် လုံလောက်စွာထားရှိရန်၊ တာဝန်ခံအာမခံမည့် သူမရှိဟူ၍ လစ်လျူရှုခံလူနာများ ပပျောက်ရန်၊ မြန်မာတစ်နိုင်ငံလုံးရှိ အကျင့်ပျက်ကျန်းမာရေး ဝန်ထမ်းများအား ကျန်းမာရေး ဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေးပြီး ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးရန်ဆိုတဲ့အချက်တွေကို တောင်းဆိုသွားမယ်” ဟု ပြောသည်။

ထို့ပြင် ကျောင်းသားအဖွဲ့အစည်းများအနေဖြင့် ပြည်သူ၏ အသက်သည် နိုင်ငံ၏အသက်၊ ပြည်သူ၏ ကျန်းမာရေးသည် နိုင်ငံ၏ ကျန်းမာရေး၊ မြန်မာနိုင်ငံ၏ ကျန်းမာရေးဘတ်ဂျက်ကို နိုင်ငံတော်အစိုးရ အထွေထွေအသုံးစရိတ်၏ အနည်းဆုံး (၁၀%) အထိ တိုးမြင့်သတ်မှတ်ပေးရန်စာတမ်းများကို ကိုင်ဆောင်ပြီး လှည့်လည်သွားမည်ဖြစ်သည်။

ဆန္ဒပြထုတ်ဖေါ်ရာတွင် ပြည်သူများအနေဖြင့် ပြည်သူ့ဆေးရုံတိုင်းတွင် လူနာများ၏ ကျန်းမာရေးကို မေတ္တာရှေ့ထားစောင့်ရှောက်ကုသမှု အပြည့်အဝရရှိရေး (ဒို့… အရေး)၊ အကျင့်ပျက်ကျန်းမာရေး ဝန်ထမ်းများအား ထိထိရောက်ရောက် အရေးယူပေး (ဒို့…အရေး) ပြည်သူ့ဆေးရုံများတွင် အရေးပေါ်အသက်ကယ်ဘတ်ဂျက်လုံလောက်စွာထားရှိရေး (ဒို့… အရေး) ကျန်းမာရေးဘတ်ဂျက်ကို နိုင်ငံတော်အစိုးရ အထွေထွေအသုံးစရိတ်၏ အနည်းဆုံး (၁၀%) အထိ တိုးမြင့်ရေး (ဒို့… အရေး) ဆိုသည့် အချက်များကိုပါ ကြွေးကြော်သွားမည်ဖြစ်ကြောင်း သိရသည်။

တာန်ဒါလ်မွန်းမာန်သည် ဇန်နဝါရီလ (၂၆) ရက်နေ့တွင် မြို့မစျေးကွေ့အနီး လမ်းမပေါ်တွင် ည(၁၁) နာရီဝန်းကျင်၌ ဆိုင်ကယ်မတော်တဆ ဖြစ်ကာ ကလေးပြည်သူ့ဆေးရုံကြီးတွင် ရောက်ရှိပြီး နောက်နေ့တွင် အသက်သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

Zawgyi
နည္းပညာတကၠသိုလ္ေက်ာင္းသား တာန္ဒါလ္မြန္းမာန္ ေသဆုံးမႈႏွင့္ ပတ္သက္ၿပီး ကေလးၿမိဳ႕တြင္ ဆႏၵထုတ္ေဖာ္မည္

ဆိုင္ကယ္မေတာ္တဆမႈေၾကာင့္ ကေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံတြင္ ေသဆုံးသြားသည့္ ေက်ာင္းသား တာန္ဒါလ္မြန္းမာန္ကိစၥႏွင့္ပတ္သက္ၿပီး ေဆး႐ုံတာဝန္ရွိသူမ်ားကို အေရးယူေပးရန္ ေတာင္းဆိုထားေသာ္လည္း တစ္စုံတစ္ရာ အေရးယူမႈမရွိေသာေၾကာင့္ ေဖဖဝါရီလ ၁၀ ရက္ေန႔တြင္ ဆႏၵထုတ္ေဖာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

တာန္ဒါလ္မြန္းမာန္ ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ကေလးၿမိဳ႕ အေထြေထြေရာဂါကု ေဆး႐ုံႀကီးတြင္ ဇန္နဝါရီလ (၂၉) ရက္ေန႔တြင္ ေဆး႐ုံတာဝန္ရွိသူမ်ားမွ သတင္းစာ ရွင္းလင္းပြဲက်င္းပခဲ့ၿပီး၊ ယင္းသတင္းစာ ရွင္းလင္းပြဲအေပၚ ကေလးတကၠသိုလ္ေက်ာင္းသားအဖြဲ႕(၁၆)ဖြဲ႕မွ ေဆး႐ုံတာဝန္ရွိသူမ်ားကို အေရးယူေပးရန္ႏွင့္ (၅) ရက္အတြင္း အေရးယူမႈမရွိပါက ဆႏၵထုတ္ေဖာ္သြားမည္ဟု ေဖဖဝါရီလ (၁) ရက္ေန႔တြင္ ထုတ္ျပန္ခ်က္ထုတ္ခဲ့ေၾကာင္း သိရသည္။

ျဖစ္ေျမာက္ေရးေကာ္မတီဝင္ ဆလိုင္း ဟင္နရီက “ကၽြန္ေတာ္တို႔ ကေလးတကၠသိုလ္မုခ္ဦး၊ ကြန္ပ်ဴတာတကၠသိုလ္၊ နည္းပညာတကၠသိုလ္၊ မြန္းလိုင္းႏွစ္ျခင္းဘုရားေက်ာင္း၊ တာဟား EBC လမ္းခြဲ၊ ေတာင္ဖီလာလမ္းခြဲ၊ ဘူတာလမ္းခြဲေတြမွာ ေစာင့္ၿပီး၊ ဆိမ္ကမ္းသာလမ္းကေန ျပည္သူ႔ေဆး႐ုံထိ ခ်ီတက္သြားမယ္၊ ၿပီးေတာ့ အေရးေပၚအသက္ကယ္ဘတ္ဂ်က္ လုံေလာက္စြာထားရွိရန္၊ တာဝန္ခံအာမခံမည့္ သူမရွိဟူ၍ လစ္လ်ဴရႈခံလူနာမ်ား ပေပ်ာက္ရန္၊ ျမန္မာတစ္နိုင္ငံလုံးရွိ အက်င့္ပ်က္က်န္းမာေရး ဝန္ထမ္းမ်ားအား က်န္းမာေရး ဝန္ႀကီးဌာနမွ စုံစမ္းစစ္ေဆးၿပီး ထိထိေရာက္ေရာက္ အေရးယူ ေဆာင္ရြက္ေပးရန္ဆိုတဲ့အခ်က္ေတြကို ေတာင္းဆိုသြားမယ္” ဟု ေျပာသည္။

ထို႔ျပင္ ေက်ာင္းသားအဖြဲ႕အစည္းမ်ားအေနျဖင့္ ျပည္သူ၏ အသက္သည္ နိုင္ငံ၏အသက္၊ ျပည္သူ၏ က်န္းမာေရးသည္ နိုင္ငံ၏ က်န္းမာေရး၊ ျမန္မာနိုင္ငံ၏ က်န္းမာေရးဘတ္ဂ်က္ကို နိုင္ငံေတာ္အစိုးရ အေထြေထြအသုံးစရိတ္၏ အနည္းဆုံး (၁၀%) အထိ တိုးျမင့္သတ္မွတ္ေပးရန္စာတမ္းမ်ားကို ကိုင္ေဆာင္ၿပီး လွည့္လည္သြားမည္ျဖစ္သည္။

ဆႏၵျပထုတ္ေဖၚရာတြင္ ျပည္သူမ်ားအေနျဖင့္ ျပည္သူ႔ေဆး႐ုံတိုင္းတြင္ လူနာမ်ား၏ က်န္းမာေရးကို ေမတၱာေရွ႕ထားေစာင့္ေရွာက္ကုသမႈ အျပည့္အဝရရွိေရး (ဒို႔… အေရး)၊ အက်င့္ပ်က္က်န္းမာေရး ဝန္ထမ္းမ်ားအား ထိထိေရာက္ေရာက္ အေရးယူေပး (ဒို႔…အေရး) ျပည္သူ႔ေဆး႐ုံမ်ားတြင္ အေရးေပၚအသက္ကယ္ဘတ္ဂ်က္လုံေလာက္စြာထားရွိေရး (ဒို႔… အေရး) က်န္းမာေရးဘတ္ဂ်က္ကို နိုင္ငံေတာ္အစိုးရ အေထြေထြအသုံးစရိတ္၏ အနည္းဆုံး (၁၀%) အထိ တိုးျမင့္ေရး (ဒို႔… အေရး) ဆိုသည့္ အခ်က္မ်ားကိုပါ ေႂကြးေၾကာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

တာန္ဒါလ္မြန္းမာန္သည္ ဇန္နဝါရီလ (၂၆) ရက္ေန႔တြင္ ၿမိဳ႕မေစ်းေကြ႕အနီး လမ္းမေပၚတြင္ ည(၁၁) နာရီဝန္းက်င္၌ ဆိုင္ကယ္မေတာ္တဆ ျဖစ္ကာ ကေလးျပည္သူ႔ေဆး႐ုံႀကီးတြင္ ေရာက္ရွိၿပီး ေနာက္ေန႔တြင္ အသက္ေသဆုံးသြားခဲ့ျခင္း ျဖစ္သည္။