Input your search keywords and press Enter.

အသက်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲ ချင်းပြည်နယ် ဆီမီးဖိုင်နယ်ရောက်

၂၀၁၉-၂၀၂ဝခု၊ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိပြီး ချင်းပြည်နယ်ကိုယ်စားပြုဘောလုံးအသင်းမှ ဆီမီးဖိုင်နယ် တက်ရောက်သွားကြောင်း သိရသည်။

အသက် (၂၁) နှစ်အောက် ဘော်လုံးပြိုင်ပွင်တွင် ချင်းပြည်နယ် ကိုယ်စားအနေဖြင့် ဖေဖဝါရီလ (၁) နေ့တွင် အုပ်စုပွဲစဉ်အဖြစ် စစ်တိုင်းတိုင်းအသင်းကို ၁ ဂိုး-၁ ဂိုးဖြင့်သော်လည်းကောင်း၊ ဖေဖဝါရီလ (၄) နေ့တွင် ရခိုင်ပြည်နယ်အသင်းကို ၁ဂိုး-၁ဂိုးဖြင့် သော်လည်းကောင်း ကစားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ချင်းပြည်နယ်အသင်းမှ တနင်္သာရီတိုင်းအသင်းကို ၂ဂိုး-၁ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ ဆမီးဖိုင်နယ်ပွဲအဖြစ် ချင်းပြည်နယ် အသင်းနှင့် ကရင်ပြည်နယ် အသင်း ဖေဖဝါရီ (၉) ရက်နေ့တွင် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi




Photo : Chin Chin Sport