Input your search keywords and press Enter.

ချင်းအမျိုးသားနေ့ပွဲ CNF တက်မတက် မဆုံးဖြတ်ရသေးဟု ဒေါက်တာလျန်မှုန်းပြော

Salai C.Lian
ထန်တလန်မြို့တွင် ပြည်နယ်အဆင့်ကျင်းပမည့် ၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတွင် ချင်းအမျိုးသားတပ်ဦး (CNF) အနေဖြင့် မိန့်ခွန်းပြောကြားခွင့်မရသည့်အတွက် ပွဲတက်မည် မဟုတ်ကြောင်း သတင်းထွက်ပေါ်နေသည့်အပေါ် ပွဲတက်မတက်အဖွဲ့အတွင်း မဆုံးဖြတ်ရသေးကြောင်း ချင်းအမျိုးသားတပ်ဦး ဒု – ဥက္ကဌ ဒေါက်တာဆလိုင်းလျန်မှုန်းကပြောသည်။

ဒေါက်တာလျန်မှုန်းက “ ကျွန်တော်တို့တက်မတက်မဆုံးဖြတ်ရသေးဘူး။ ဆွေးနွေးကြတုန်းပဲရှိသေးတဲ့အတွက် အတိအကျပြောလို့အဆင်မပြေသေးဘူး။ ဆုံးဖြတ်ချက်တစ်ခုခုချပြီးရင်တော့ ရက်နီးတဲ့အခါကျရင် ပြောမှာပါ” ဟုပြောသည်။

ချင်းအမျိုးသားနေ့အတွက် ချင်းပြည်နယ်အစိုးရအနေဖြင့် ဖိတ်သင့်ဖိတ်ထိုက်သည့် အဖွဲ့အစည်းများကို ဖိတ်ကြားထားပြီး မိန့်ခွန်းပြောရန်အတွက် နှစ်ဦးကသာပြောကြားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့် ရှိသူ စည်ပင် ဝန်ကြီး ဦး စိုးထက်ကပြောသည်။

ဝန်ကြီး ဦး စိုးထက်က “ဒါကတော့ ချင်းပြည်နယ်ရဲ့ ချင်းမျိုးသားနေ့ဖြစ်တဲ့အတွက် ဌာနဆိုင်ရာတွေ၊ နိုင်ငံတော်အကြီးအကဲတွေ၊ အသင်းအဖွဲ့တွေ အားလုံးဖိတ်သင့်ဖိတ်ထိုက်တဲ့သူအားလုံးကို ဖိတ်တယ်၊ CNF က တက်မယ် မတက်ဘူးဆိုတာကတော့ သူတို့အပိုင်းပေါ့နော်၊ ကျွန်တော်တို့အနေနဲ့ကတော့ တက်စေချင်တယ်၊ မိန့်ခွန်းပြောမယ် မပြောဘူးဆိုတာကတော့ ကျွန်တော်တို့မှာ သဘာပတိအဖွဲ့ရှိတယ်၊ အဲထဲက တစ်ဦးမိန့်ခွန်းပြောမယ်၊ နောက်နိုင်ငံတော်အဆင့်က တစ်ဦးပြောမယ်၊ အဲဒီနှစ်ခုပဲ အာဂျင်ဒါ ရှိတယ်၊ ဝန်ကြီးချုပ်တောင်မှာ မိန့်ခွန်းပြောမယ့်ထဲမှာ မပါဘူး၊ အဲဒါကြောင့် အသင်းအဖွဲ့တွေကို ကျွန်တော်တို့မထည့်တာပါ၊ ပြီးခဲ့တဲ့နှစ်တွေမှာလည်း အဲလိုပဲလုပ်နေကြတာဖြစ်တယ်၊ ဆိုတော့ ဝန်ကြီးချုပ်ကိုယ်တိုင်တောင်မပါတဲ့ အခြေအနေမျိုးမှာ CNF အနေနဲ့ သူ့တို့တက်မတက် ပြန်စဉ်းစားသင့်ပါတယ်” ဟု ပြောသည်။

ထို့ပြင် နယ်အရပ်ရပ် အဖွဲ့အစည်းများမှ ပေးပို့လာသည့် သဝဏ်လွှာများကို ဖတ်ပေးသွားမည်မဟုတ်ပဲ သဝဏ်လွှာပေးပို့ခြင်း မှတ်တမ်းတင်မှုကိုသာ အစိုးရအနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီး ဦး စိုးထက်က “အခြားအဖွဲ့အစည်းဖြစ်တဲ့ လွှတ်တော်တို့ လိုမျိုးဆိုရင် သဝဏ်လွှာကို ပို့ကြတယ်၊ သဝဏ်လွှာတွေလည်းများနေတော့ ကျွန်တော်တို့ အကုန်လုံးဖတ်ဖို့က အဆင်မပြေဘူး၊ ဆိုတော့ကျွန်တော်တို့အနေနဲ့ မှတ်တမ်းတင်ပေးတယ်၊ အဲဒါကြောင့် သူ့တို့ဖက်ကပြောရင်လည်း မတတ်နိုင်ဘူး၊ ကျွန်တော်တို့ကတော့ ရိုးရိုးရှင်းရှင်းပဲလုပ်တယ်” ဟု ပြောသည်။

နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် ချင်းအမျိုးသားတပ်ဦးအနေဖြင့် ချင်းအမျိုးသားနေ့တွင် မိန့်ခွန်းပြောကြားခွင့် ရရှိသော်လည်း NLD အစိုးရတက်လာပြီးနောက်ပိုင်း ချင်းအမျိုးသားနေ့ပွဲများတွင် မိန့်ခွန်းပြောကြားခွင့် မရကြောင်း သိရသည်။

Zawgyi
ခ်င္းအမ်ိဳးသားေန႔ပြဲ CNF တက္မတက္ မဆုံးျဖတ္ရေသးဟု ေဒါက္တာလ်န္မႈန္းေျပာ

ထန္တလန္ၿမိဳ႕တြင္ ျပည္နယ္အဆင့္က်င္းပမည့္ ၇၂ ႏွစ္ေျမာက္ ခ်င္းအမ်ိဳးသားေန႔ပြဲတြင္ ခ်င္းအမ်ိဳးသားတပ္ဦး (CNF) အေနျဖင့္ မိန႔္ခြန္းေျပာၾကားခြင့္မရသည့္အတြက္ ပြဲတက္မည္ မဟုတ္ေၾကာင္း သတင္းထြက္ေပၚေနသည့္အေပၚ ပြဲတက္မတက္အဖြဲ႕အတြင္း မဆုံးျဖတ္ရေသးေၾကာင္း ခ်င္းအမ်ိဳးသားတပ္ဦး ဒု – ဥကၠဌ ေဒါက္တာဆလိုင္းလ်န္မႈန္းကေျပာသည္။

ေဒါက္တာလ်န္မႈန္းက “ ကၽြန္ေတာ္တို႔တက္မတက္မဆုံးျဖတ္ရေသးဘူး။ ေဆြးေႏြးၾကတုန္းပဲရွိေသးတဲ့အတြက္ အတိအက်ေျပာလို႔အဆင္မေျပေသးဘူး။ ဆုံးျဖတ္ခ်က္တစ္ခုခုခ်ၿပီးရင္ေတာ့ ရက္နီးတဲ့အခါက်ရင္ ေျပာမွာပါ” ဟုေျပာသည္။

ခ်င္းအမ်ိဳးသားေန႔အတြက္ ခ်င္းျပည္နယ္အစိုးရအေနျဖင့္ ဖိတ္သင့္ဖိတ္ထိုက္သည့္ အဖြဲ႕အစည္းမ်ားကို ဖိတ္ၾကားထားၿပီး မိန႔္ခြန္းေျပာရန္အတြက္ ႏွစ္ဦးကသာေျပာၾကားမည္ျဖစ္ေၾကာင္း ခ်င္းျပည္နယ္အစိုးရ ေျပာေရးဆိုခြင့္ ရွိသူ စည္ပင္ ဝန္ႀကီး ဦး စိုးထက္ကေျပာသည္။

ဝန္ႀကီး ဦး စိုးထက္က “ဒါကေတာ့ ခ်င္းျပည္နယ္ရဲ့ ခ်င္းမ်ိဳးသားေန႔ျဖစ္တဲ့အတြက္ ဌာနဆိုင္ရာေတြ၊ နိုင္ငံေတာ္အႀကီးအကဲေတြ၊ အသင္းအဖြဲ႕ေတြ အားလုံးဖိတ္သင့္ဖိတ္ထိုက္တဲ့သူအားလုံးကို ဖိတ္တယ္၊ CNF က တက္မယ္ မတက္ဘူးဆိုတာကေတာ့ သူတို႔အပိုင္းေပါ့ေနာ္၊ ကၽြန္ေတာ္တို႔အေနနဲ႔ကေတာ့ တက္ေစခ်င္တယ္၊ မိန႔္ခြန္းေျပာမယ္ မေျပာဘူးဆိုတာကေတာ့ ကၽြန္ေတာ္တို႔မွာ သဘာပတိအဖြဲ႕ရွိတယ္၊ အဲထဲက တစ္ဦးမိန႔္ခြန္းေျပာမယ္၊ ေနာက္နိုင္ငံေတာ္အဆင့္က တစ္ဦးေျပာမယ္၊ အဲဒီႏွစ္ခုပဲ အာဂ်င္ဒါ ရွိတယ္၊ ဝန္ႀကီးခ်ဳပ္ေတာင္မွာ မိန႔္ခြန္းေျပာမယ့္ထဲမွာ မပါဘူး၊ အဲဒါေၾကာင့္ အသင္းအဖြဲ႕ေတြကို ကၽြန္ေတာ္တို႔မထည့္တာပါ၊ ၿပီးခဲ့တဲ့ႏွစ္ေတြမွာလည္း အဲလိုပဲလုပ္ေနၾကတာျဖစ္တယ္၊ ဆိုေတာ့ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ေတာင္မပါတဲ့ အေျခအေနမ်ိဳးမွာ CNF အေနနဲ႔ သူ႔တို႔တက္မတက္ ျပန္စဥ္းစားသင့္ပါတယ္” ဟု ေျပာသည္။

ထို႔ျပင္ နယ္အရပ္ရပ္ အဖြဲ႕အစည္းမ်ားမွ ေပးပို႔လာသည့္ သဝဏ္လႊာမ်ားကို ဖတ္ေပးသြားမည္မဟုတ္ပဲ သဝဏ္လႊာေပးပို႔ျခင္း မွတ္တမ္းတင္မႈကိုသာ အစိုးရအေနျဖင့္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဝန္ႀကီး ဦး စိုးထက္က “အျခားအဖြဲ႕အစည္းျဖစ္တဲ့ လႊတ္ေတာ္တို႔ လိုမ်ိဳးဆိုရင္ သဝဏ္လႊာကို ပို႔ၾကတယ္၊ သဝဏ္လႊာေတြလည္းမ်ားေနေတာ့ ကၽြန္ေတာ္တို႔ အကုန္လုံးဖတ္ဖို႔က အဆင္မေျပဘူး၊ ဆိုေတာ့ကၽြန္ေတာ္တို႔အေနနဲ႔ မွတ္တမ္းတင္ေပးတယ္၊ အဲဒါေၾကာင့္ သူ႔တို႔ဖက္ကေျပာရင္လည္း မတတ္နိုင္ဘူး၊ ကၽြန္ေတာ္တို႔ကေတာ့ ရိုးရိုးရွင္းရွင္းပဲလုပ္တယ္” ဟု ေျပာသည္။

နိုင္ငံေတာ္သမၼတေဟာင္း ဦးသိန္းစိန္ လက္ထက္တြင္ ခ်င္းအမ်ိဳးသားတပ္ဦးအေနျဖင့္ ခ်င္းအမ်ိဳးသားေန႔တြင္ မိန႔္ခြန္းေျပာၾကားခြင့္ ရရွိေသာ္လည္း NLD အစိုးရတက္လာၿပီးေနာက္ပိုင္း ခ်င္းအမ်ိဳးသားေန႔ပြဲမ်ားတြင္ မိန႔္ခြန္းေျပာၾကားခြင့္ မရေၾကာင္း သိရသည္။