

Salai Benezer
ချင်းပြည်နယ်အတွင်း ရထားလမ်းဆောက်လုပ်ရန် အစီအစဥ်ရှိ မရှိမေးခွန်းကို ဇန်နဝါရီလ ၃၁ရက်နေ့တွင် ကျင်းပခဲ့သည့် ချင်းပြည်နယ်လွှတ်တော်တွင် မတူပီမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်းမှ မေးမြန်းခဲ့ပြီး စီးပွားရေးများအဆင်ပြေလာပါက စဥ်းစားသွားမည်ဟု ပြန်လည်ဖြေကြားခဲ့အကြောင်း သိရသည်။
“ပလက်၀ကနေ ကျောက်တော်ကို ရထားလမ်းဆွဲဖို့ မြေပြင်အနေအထား၊ မြစ်ကူးရမယ့်နေရာတွေမှာကျတော့ ရေပြင်အနေအထားကို လေ့လာပြီးတော့ ရထားလမ်းဆွဲဖို့ အစီအစဥ်ရှိမရှိ မေးမြန်းတော့ စီးပွားရေးအခြေအနေအရ ပလက်၀မှာ ရထားလမ်းဆောက်ဖို့ အစီအစဉ်တော့မရှိသေးဘူးဆိုပြီးပြန်ဖြေတယ်၊ နောက်ပိုင်းအစိုးရလက်ထက်တွေမှာ တစ်ကယ်လို့ စီးပွားရေးကောင်းလာခဲ့ရင်တော့ စဉ်းစားသွားဖို့ရှိတယ်ပေါ့”ဟု မတူပီမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်မှ ပြောသည်။
လက်ရှိ ချင်းပြည်နယ်အတွင်းတွင် လမ်းပမ်းဆက်သွယ်ရေးအနေဖြင့် ကားလမ်းအများစုသာရှိပြီး ရထားလမ်းဖောက်လုပ်ရန် အစီအစဉ်ရှိမရှိမေးခွန်းကို ပထမဆုံးအနေဖြင့် မေးမြန်းလိုက်ခြင်းဖြစ်အကြောင်း လွှတ်တော် ကိုယ်စာလှယ် ဦးအောင်လျန်မှ အပြောသည်။
ဉီးအောင်လျန်၏ ရထားလမ်းဖောက်လုပ်ရန် အစီအစဉ်ရှိမရှိ မေးခွန်းအား ပြည်နယ်အဆင့်တွင် ဖြေကြားနိုင်ခြင်းမရှိသဖြင့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနမှ လက်ရှိအနေဖြင့် စီးပွားရေးအခြေအနေရ စီးနင်းမည့်သည့် နည်းမည်ဖြစ်သဖြင့် အကျိုးအမြတ်ရနိုင်နည်းပါးတာကြောင့် လုပ်ဆောင်ရန် အစီအစဉ်မရှိသေးသော်လည်း နောက်ပိုင်းတွင် စီးပွားရေးအဆင်ပြေလာသည့်အချိန်တွင် လုပ်ဆောင်သွားမည်ဟု ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုမှ ပြန်လည်ဖြေကြားလာသည့်အပေါ် ဦးအောင်လျန်မှ “သူတို့ပြန်ဖြေတာက စီးပွားရေးအဆင်ပြေမှလို့ ပြန်ဖြေပေမယ့် ပူတာအိုရထားလမ်းဖောက်တုန်းကဆိုရင် အိင်္ဂလိပ်အစိုးရက ဘာမှမရှိဘဲနဲ့ဆောက်ပေးခဲ့တာဖြစ်တယ်၊ နောက်တစ်ခု ရှမ်းပြည်နယ် ဂုတ်ထိပ်တံတားနဲ့ ရှမ်းပြည်နယ်မှာ ဖောက်တဲ့ ရထားလမ်းတွေဟာဆိုရင်လည်း အရင်တုန်းကရှမ်းပြည်နယ်မှာ ဘာမှရှိခဲ့ဘဲနဲ့ဖောက်တာဖြစ်တယ်”ဟု အပြောသည်။
ချင်းပြည်နယ်တွင် ရထားလမ်းဖောက်လုပ်ရန် အစီအစဉ်ရှိမရှိမေးခွန်းကို ပထမအကြိမ် လွှတ်တော်သက်တမ်းတွင်လည်း မေးမြန်းခဲ့ခြင်းမရှိခဲ့ဘဲ ဒုတိယအကြိမ် လက်ရှိ လွှတ်တော်သက်တမ်းတွင် ဉီးအောင်လျန်မှ ပထမဆုံးအကြိမ်မေးမြန်းခဲ့ခြင်းဖြစ်အကြောင်းသိရသည်။
Zawgyi Version
ခ်င္းျပည္နယ္အတြင္း ရထားလမ္းေဆာက္ရန္ အစီစဥ္ရွိမရွိ လႊတ္ေတာ္တြင္ ေမးျမန္း
ခ်င္းျပည္နယ္အတြင္း ရထားလမ္းေဆာက္လုပ္ရန္ အစီအစဥ္ရွိ မရွိေမးခြန္းကို ဇန္နဝါရီလ ၃၁ရက္ေန႔တြင္ က်င္းပခဲ့သည့္ ခ်င္းျပည္နယ္လႊတ္ေတာ္တြင္ မတူပီၿမိဳ႕နယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္လ်န္းမွ ေမးျမန္းခဲ့ၿပီး စီးပြားေရးမ်ားအဆင္ေျပလာပါက စဥ္းစားသြားမည္ဟု ျပန္လည္ေျဖၾကားခဲ့အေၾကာင္း သိရသည္။
“ပလက္၀ကေန ေက်ာက္ေတာ္ကို ရထားလမ္းဆြဲဖို႔ ေျမျပင္အေနအထား၊ ျမစ္ကူးရမယ့္ေနရာေတြမွာက်ေတာ့ ေရျပင္အေနအထားကို ေလ့လာၿပီးေတာ့ ရထားလမ္းဆြဲဖို႔ အစီအစဥ္ရွိမရွိ ေမးျမန္းေတာ့ စီးပြားေရးအေျခအေနအရ ပလက္၀မွာ ရထားလမ္းေဆာက္ဖို႔ အစီအစဥ္ေတာ့မရွိေသးဘူးဆိုၿပီးျပန္ေျဖတယ္၊ ေနာက္ပိုင္းအစိုးရလက္ထက္ေတြမွာ တစ္ကယ္လို႔ စီးပြားေရးေကာင္းလာခဲ့ရင္ေတာ့ စဥ္းစားသြားဖို႔ရွိတယ္ေပါ့”ဟု မတူပီၿမိဳ႕နယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္လ်န္မွ ေျပာသည္။
လက္ရွိ ခ်င္းျပည္နယ္အတြင္းတြင္ လမ္းပမ္းဆက္သြယ္ေရးအေနျဖင့္ ကားလမ္းအမ်ားစုသာရွိၿပီး ရထားလမ္းေဖာက္လုပ္ရန္ အစီအစဥ္ရွိမရွိေမးခြန္းကို ပထမဆုံးအေနျဖင့္ ေမးျမန္းလိုက္ျခင္းျဖစ္အေၾကာင္း လႊတ္ေတာ္ ကိုယ္စာလွယ္ ဦးေအာင္လ်န္မွ အေျပာသည္။
ဉီးေအာင္လ်န္၏ ရထားလမ္းေဖာက္လုပ္ရန္ အစီအစဥ္ရွိမရွိ ေမးခြန္းအား ျပည္နယ္အဆင့္တြင္ ေျဖၾကားနိုင္ျခင္းမရွိသျဖင့္ ျပည္ေထာင္စုအဆင့္ ဝန္ႀကီးဌာနမွ လက္ရွိအေနျဖင့္ စီးပြားေရးအေျခအေနရ စီးနင္းမည့္သည့္ နည္းမည္ျဖစ္သျဖင့္ အက်ိဳးအျမတ္ရနိုင္နည္းပါးတာေၾကာင့္ လုပ္ေဆာင္ရန္ အစီအစဥ္မရွိေသးေသာ္လည္း ေနာက္ပိုင္းတြင္ စီးပြားေရးအဆင္ေျပလာသည့္အခ်ိန္တြင္ လုပ္ေဆာင္သြားမည္ဟု ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။
ျပည္ေထာင္စုမွ ျပန္လည္ေျဖၾကားလာသည့္အေပၚ ဦးေအာင္လ်န္မွ “သူတို႔ျပန္ေျဖတာက စီးပြားေရးအဆင္ေျပမွလို႔ ျပန္ေျဖေပမယ့္ ပူတာအိုရထားလမ္းေဖာက္တုန္းကဆိုရင္ အိဂၤလိပ္အစိုးရက ဘာမွမရွိဘဲနဲ႔ေဆာက္ေပးခဲ့တာျဖစ္တယ္၊ ေနာက္တစ္ခု ရွမ္းျပည္နယ္ ဂုတ္ထိပ္တံတားနဲ႔ ရွမ္းျပည္နယ္မွာ ေဖာက္တဲ့ ရထားလမ္းေတြဟာဆိုရင္လည္း အရင္တုန္းကရွမ္းျပည္နယ္မွာ ဘာမွရွိခဲ့ဘဲနဲ႔ေဖာက္တာျဖစ္တယ္”ဟု အေျပာသည္။
ခ်င္းျပည္နယ္တြင္ ရထားလမ္းေဖာက္လုပ္ရန္ အစီအစဥ္ရွိမရွိေမးခြန္းကို ပထမအႀကိမ္ လႊတ္ေတာ္သက္တမ္းတြင္လည္း ေမးျမန္းခဲ့ျခင္းမရွိခဲ့ဘဲ ဒုတိယအႀကိမ္ လက္ရွိ လႊတ္ေတာ္သက္တမ္းတြင္ ဉီးေအာင္လ်န္မွ ပထမဆုံးအႀကိမ္ေမးျမန္းခဲ့ျခင္းျဖစ္အေၾကာင္းသိရသည္။