Input your search keywords and press Enter.

ဖြည့်စွက် ဘတ်ဂျက်အတွက် အစိုးရမှ လွှတ်တော်တွင် တင်ပြသော်လည်း မျှတမှုမရှိဟုဆိုကာ လွှတ်တော်အမတ်များမှ ကန့်ကွက်မှုကြောင့် ပြန်ဆွေးနွေးမည်ဟုဆို

Salai Benezer

၂၀၁၉-၂၀၂၀ ဖြည့်စွက်ဘတ်ဂျက်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှာ ဇန်နဝါရီလ ၃ဝရက်နေ့တွင် ကျင်းပခဲ့သည့် ချင်းပြည်နယ်လွှတ်တော်တွင် တင်ပြခဲ့ပြီး မျှတမှုမရှိမှုကြောင့် ဟုဆိုကာ လွှတ်တော်အမတ်များမှ ကန့်ကွက်မှုကြောင့် ပြန်လည်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြောင့် မတူပီမြို့နယ်မှ လွှတ်တော်အမတ် ဦးအောင်လျန်ထံမှ သိရသည်။

“လွှတ်တော်ကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍမှာ ဘတ်ဂျက်ရေးဆွဲရင် သက်ဆိုင်ရာဒေသ လွှတ်တော်ကိုယ်စားလှယ်ရဲ့ သဘောထားကိုလည်း တောင်းဆိုရမယ်ဆိုပြီးပါတယ်၊ သူတို့က ဘတ်ဂျက်အကန့်အသတ်ကြောင့် ဆိုတဲ့ဟာကိုအကြောင်းပြပြီးတော့ ဝန်ကြီးရှိတဲ့ မဲဆန္ဒနယ်ကိုဘဲ ဦးစားပေးပြီးတော့ ဘတ်ဂျက်ရေးဆွဲထားတဲ့အတွက် ကျနော်ကလည်း ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်၊ လွှတ်တော်ကိုယ်စားလှယ်အားလုံးကလည်း ကန့်ကွက်ကြတယ်၊ အဲဒါကြောင့် ၄ရက်နေ့မှာ အစည်းအဝေးပြန်လုပ်ပြီးတော့ ပြန်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ကြတယ်”ဟု လွှတ်တော်အမတ် ဦးအောင်လျန်မှ ပြောသည်။

၂၀၁၉-၂၀၂၀ ဖြည့်စွက်ဘတ်ဂျက်အတွက် ချင်းပြည်နယ်၏ ခွဲတမ်းရရှိမှုကို ပြည်ထောင်စုအစိုးရမှ ဒီဇင်ဘာလ ပထမပတ်တွင် ကြေငြာခဲ့ပြီး ချင်းပြည်နယ်အစိုးရမှ ဒီဇင်ဘာလ ၁၂ရက်တွင် သက်ဆိုင်ရာဌာနများမှ ဘတ်ဂျက်ရေးဆွဲရန်နှင့် ဒီဇင်ဘာလ ၁၆ရက်နေ့တွင် နောက်ဆုံးပေးပို့ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်မှ “သူတို့မှာက လေ့လာဖို့အချိန်နည်းတယ်၊ ပြင်ဆင်ချိန်နည်းတယ်ဆိုပြီးပြောတော့ လာမယ့် တင်္နလာ အဂါင်္မှာ ပြန်ဆွေးနွေးဖို့ ညှိနှိုင်းထားပြီးပါပြီ၊ အခုက ဖြည့်စွက်ဘက်ဂျက်ဖြစ်တဲ့အတွက် BE မှာ မပြီးသေးတဲ့လုပ်ငန်းတွေအတွက်ကိုဘဲ ထည့်ဖို့ထားတာပါ၊ ဝန်ကြီးရှိတဲ့နေရာတွေဘဲ ရတယ်ဆိုတာက မဟုတ်ပါဘူး”ဟု ပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘတ်ဂျက်ရေးဆွဲရာတွင် မျှတမှုမရှိကြောင်း ယခင်နှစ်တွင်လည်း လွှတ်တော်အမတ်အချို့မှ ဝေဖန်မှုများရှိခဲ့ပြီး နောက်ပိုင်း ဘတ်ဂျက်ရေးဆွဲရာတွင် မျှမျှတတဖြစ်ရန် လုပ်ဆောင်သွားမည်ဟု ကတိပေးခဲ့ဖူးကြောင်းသိရသည်။

လွှတ်တော်အမတ် ဦးအောင်လျန်မှ “သူတို့ကတိမတည်တဲ့အတွက် ကျနော်တို့အနေနဲ့ လုံးဝကန့်ကွက်လိုက်တဲ့အချိန်မှာမှ ပြန်ပြင်မယ်ဆိုပြီး တောင်းတောင်းပန်ပန်နဲ့ ပြောလာတယ်၊ အမှန်က လွှတ်တော်ကိုယ်စာလှယ်ကို အရင်မေးရမှာလေ၊ အဲဒါမှလည်း ဟိုဘက်ဒီဘက် မျှမျှတတရှိမှာ၊ လွှတ်တော်ကိုယ်စားလှယ်တွေ မညီတာကို သူတို့သိလို့ ဒီလိုမျိုးအကွက်တွေ အမဲတမ်းလုပ်နေတာ ဒီတစ်ခါတော့ ကျနော်တို့ ညီကြောင်းကို ပြောလိုက်တော့ သူတို့ဘာမှလုပ်လို့မရတော့ဘူး”ဟု ပြောသည်။

Zawgyi Version

ျဖည့္စြက္ ဘတ္ဂ်က္အတြက္ အစိုးရမွ လႊတ္ေတာ္တြင္ တင္ျပေသာ္လည္း မွ်တမႈမရွိဟုဆိုကာ လႊတ္ေတာ္အမတ္မ်ားမွ ကန္႔ကြက္မႈေၾကာင့္ ျပန္ေဆြးေႏြးမည္ဟုဆို

၂၀၁၉-၂၀၂၀ ျဖည့္စြက္ဘတ္ဂ်က္အတြက္ ခ်င္းျပည္နယ္အစိုးရအဖြဲ႔မွာ ဇန္န၀ါရီလ ၃၀ရက္ေန႔တြင္ က်င္းပခဲ့သည့္ ခ်င္းျပည္နယ္လႊတ္ေတာ္တြင္ တင္ျပခဲ့ၿပီး မွ်တမႈမရွိမႈေၾကာင့္ ဟုဆိုကာ လႊတ္ေတာ္အမတ္မ်ားမွ ကန္႔ကြက္မႈေၾကာင့္ ျပန္လည္ေဆြးေႏြးရန္ ဆံုးျဖတ္ခဲ့ေၾကာင့္ မတူပီၿမဳိ႕နယ္မွ လႊတ္ေတာ္အမတ္ ဦးေအာင္လ်န္ထံမွ သိရသည္။

“လႊတ္ေတာ္ကိုယ္စားလွယ္ရဲ႕ အခန္းက႑မွာ ဘတ္ဂ်က္ေရးဆြဲရင္ သက္ဆိုင္ရာေဒသ လႊတ္ေတာ္ကိုယ္စားလွယ္ရဲ႕ သေဘာထားကိုလည္း ေတာင္းဆိုရမယ္ဆိုၿပီးပါတယ္၊ သူတို႔က ဘတ္ဂ်က္အကန္႔အသတ္ေၾကာင့္ ဆိုတဲ့ဟာကိုအေၾကာင္းျပၿပီးေတာ့ ၀န္ႀကီးရွိတဲ့ မဲဆႏၵနယ္ကိုဘဲ ဦးစားေပးၿပီးေတာ့ ဘတ္ဂ်က္ေရးဆြဲထားတဲ့အတြက္ က်ေနာ္ကလည္း ျပင္းျပင္းထန္ထန္ကန္႔ကြက္တယ္၊ လႊတ္ေတာ္ကုိယ္စားလွယ္အားလံုးကလည္း ကန္႔ကြက္ၾကတယ္၊ အဲဒါေၾကာင့္ ၄ရက္ေန႔မွာ အစည္းအေ၀းျပန္လုပ္ၿပီးေတာ့ ျပန္ေဆြးေႏြးဖို႔ ဆံုးျဖတ္လိုက္ၾကတယ္”ဟု လႊတ္ေတာ္အမတ္ ဦးေအာင္လ်န္မွ ေျပာသည္။

၂၀၁၉-၂၀၂၀ ျဖည့္စြက္ဘတ္ဂ်က္အတြက္ ခ်င္းျပည္နယ္၏ ခြဲတမ္းရရွိမႈကို ျပည္ေထာင္စုအစိုးရမွ ဒီဇင္ဘာလ ပထမပတ္တြင္ ေၾကျငာခဲ့ၿပီး ခ်င္းျပည္နယ္အစိုးရမွ ဒီဇင္ဘာလ ၁၂ရက္တြင္ သက္ဆိုင္ရာဌာနမ်ားမွ ဘတ္ဂ်က္ေရးဆြဲရန္ႏွင့္ ဒီဇင္ဘာလ ၁၆ရက္ေန႔တြင္ ေနာက္ဆံုးေပးပို႔ရန္ ညႊန္ၾကားခဲ့ေၾကာင္း သိရသည္။

ခ်င္းျပည္နယ္အစိုးရ၏ ေျပာေရးဆိုခြင့္ရွိသူ ဦးစိုးထက္မွ “သူတို႔မွာက ေလ့လာဖုိ႔အခ်ိန္နည္းတယ္၊ ျပင္ဆင္ခ်ိန္နည္းတယ္ဆိုၿပီးေျပာေတာ့ လာမယ့္ တနၤလာ အဂါၤမွာ ျပန္ေဆြးေႏြးဖို႔ ညႇိႏႈိင္းထားၿပီးပါၿပီ၊ အခုက ျဖည့္စြက္ဘက္ဂ်က္ျဖစ္တဲ့အတြက္ BE မွာ မၿပီးေသးတဲ့လုပ္ငန္းေတြအတြက္ကိုဘဲ ထည့္ဖို႔ထားတာပါ၊ ၀န္ႀကီးရွိတဲ့ေနရာေတြဘဲ ရတယ္ဆိုတာက မဟုတ္ပါဘူး”ဟု ေျပာသည္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ ဘတ္ဂ်က္ေရးဆြဲရာတြင္ မွ်တမႈမရွိေၾကာင္း ယခင္ႏွစ္တြင္လည္း လႊတ္ေတာ္အမတ္အခ်ဳိ႕မွ ေ၀ဖန္မႈမ်ားရွိခဲ့ၿပီး ေနာက္ပိုင္း ဘတ္ဂ်က္ေရးဆြဲရာတြင္ မွ်မွ်တတျဖစ္ရန္ လုပ္ေဆာင္သြားမည္ဟု ကတိေပးခဲ့ဖူးေၾကာင္းသိရသည္။

လႊတ္ေတာ္အမတ္ ဦးေအာင္လ်န္မွ “သူတို႔ကတိမတည္တဲ့အတြက္ က်ေနာ္တို႔အေနနဲ႔ လံုး၀ကန္႔ကြက္လိုက္တဲ့အခ်ိန္မွာမွ ျပန္ျပင္မယ္ဆိုၿပီး ေတာင္းေတာင္းပန္ပန္နဲ႔ ေျပာလာတယ္၊ အမွန္က လႊတ္ေတာ္ကိုယ္စာလွယ္ကို အရင္ေမးရမွာေလ၊ အဲဒါမွလည္း ဟိုဘက္ဒီဘက္ မွ်မွ်တတရွိမွာ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ မညီတာကို သူတို႔သိလို႔ ဒီလိုမ်ဳိးအကြက္ေတြ အမဲတမ္းလုပ္ေနတာ ဒီတစ္ခါေတာ့ က်ေနာ္တို႔ ညီေၾကာင္းကို ေျပာလိုက္ေတာ့ သူတို႔ဘာမွလုပ္လို႔မရေတာ့ဘူး”ဟု ေျပာသည္။