Input your search keywords and press Enter.

မြွေတောင်သတ္တုတူးဖော်ခွင့်ရရှိရေးထောက်ခံပေးရန် ကျေးရွာခေါင်းဆောင်အချို့အား ကုမ္ပဏီမှ ငွေကြေးလက်ဆောင်ပေးမှုရှိနေဟုဆို

Salai Khup Khup

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ် တွင်ရှိသည့် မြွေတောင်သတ္တုတူးဖော်ခွင့် ရရှိရန် ဒေသခံလူအနည်းစုကို ငွေကြေးပေးပြီး ထောက်ခံချက် တောင်းနေသည့် ကုမ္ပဏီများရှိနေကြောင်း မြွေတောင်နှင့် ဒေသဖွံ့ဖြိုးရေးအဖွဲ့မှ Mang Za khup ကပြောသည်။

မြွေတောင်နှင့် ဒေသဖွံ့ဖြိုးရေးအဖွဲ့မှ Mang Za Khupက “ကုမ္ပဏီမှ ဒေသခံကျေးရွာ ခေါင်းဆောင်တွေကို ခေါ်တယ်။ ဒေသခံ ကျေးရွာအားလုံး လည်းမဟုတ်ဘူး။ တစ်ရွာနှစ်ရွာလောက်က ခေါင်းဆောင်တွေကို ခေါ်ပြီးတော့ ပိုက်ဆံတွေ လက်ဆောင် ပစ္စည်းတွေပေးပြီးမှ ဒေသခံ သဘောထားချက် ထောက်ခံပေးပါ သဘောနဲ့ ငွေပေးပြီး လုပ်တာဖြစ်တယ်။ ကုမ္ပဏီလုပ်ပုံက တစ်ရွာနဲ့တစ်ရွာ စိတ်ဝမ်းကွဲအောင် လုပ်သလိုဖြစ်တယ်။ အခုလိုပိုက်ဆံပေးပြီး ထောက်ခံချက်နဲ့ အစိုးရဆီက ခွင့်ပြုချက်တောင်းတာကို အစိုးရက ခွင့်ပြုရင် ကျတော်တို့ကတော့ လုံးဝကန့်ကွက်တယ်။ ထောက်ခံချက်ကလည်း လူအနည်းစုက ထောက်ခံတာ လုံးဝ သဘောမတူပါဘူး”ဟုပြောသည်။

ချင်းပြည်နယ်တီးတိန်မြို့နယ်အတွင်းရှိ မြွေတောင်သတ္တု တူးဖော်နိုင်ရန် ရန်ကုန်မြို့တွင် အခြေစိုက်သည့် မြန်မာသီဟကုမ္ပဏီမှ ချင်းပြည်ဖက်ရှိ ကျေးရွာများကို တွေ့ဆုံခြင်း မပြုလုပ်ဘဲ စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းရှိ ကျေးရွာခေါင်းဆောင် အချို့ကိုသာခေါ်ပြီး ငွေနှင့်လက်ဆောင်ပေးခြင်းများ ပြုလုပ်သည့်အပေါ် နောင်တွင်တစ်ရွာနှင့် တစ်ရွာ စိတ်ဝမ်းကွဲပြီး ပြဿနာများ နောက်ပိုင်းတွင် ဖြစ်နိုင်ကြောင်းလည်း Mang Za Khup ကပြောသည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း နယ်စပ်အကြားရှိ မြွေတောင် အနီးနားတွင် ဒေသခံ ကျေးရွာပေါင်း (၁၆) ရွာ တည်ရှိကြောင်းနှင့် သတ္တုတူးဖော်ခွင့် ရရှိရန် မြန်မာသီဟကုမ္ပဏီမှ အစိုးရတွင် ခွင့်ပြုချက် တောင်းဆိုရန် ပြင်ဆင်နေဆဲ ကာလဖြစ်ကြောင်းလည်း သိရှိရသည်။

Mang Za khup က “အစိုးရဖက်ကနေ အများလက်ခံနိုင်တဲ့ ခိုင်မာတဲ့ဥပဒေတွေ လုပ်ထုံးလုပ်နည်း အများက လက်ခံနိုင်တဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ တိတိကျကျ သိရပြီးမှ အကောင်ထည်ဖော်စေချင်တယ်။ ဒေသခံဖက်ကနေ ရလာနိုင်တဲ့ အကျိုးနဲ့ ဆိုးကျိုးက ဘယ်လိုရှိမလဲဆိုတာ ရှင်းရှင်းလင်းလင်း သိနေဖို့လိုပါတယ််”ဟုပြောသည်။

ဦးသိန်းစိန်လက်ထက်ကလည်း North Mining Investment Company မှတူးဖော်ရန်ကြိုးစားခဲ့သော်လည်း ပတ်ဝန်းကျင်နှင့်လူမှုထိခိုက်မှုဆန်းစစ်လေ့လာတွေ့ရှိချက်အရ ကြီးမားသော ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် ကုမ္ပဏီ၏ ပြင်ဆင်မှုများအပေါ် နည်းပညာအားနည်းချက်ကြောင့် အစိုးရမှ တရားဝင်ရပ်ဆိုင်းကြေညာခဲ့သည်။

Zawgyi
ေႁမြေတာင္သတၱဳတူးေဖာ္ခြင့္ရရွိေရးေထာက္ခံေပးရန္ ေက်းရြာေခါင္းေဆာင္အခ်ိဳ႕အား ကုမၸဏီမွ ေငြေၾကးလက္ေဆာင္ေပးမႈရွိေနဟုဆို

ခ်င္းျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းနယ္စပ္ တြင္ရွိသည့္ ေႁမြေတာင္သတၱဳတူးေဖာ္ခြင့္ ရရွိရန္ ေဒသခံလူအနည္းစုကို ေငြေၾကးေပးၿပီး ေထာက္ခံခ်က္ ေတာင္းေနသည့္ ကုမၸဏီမ်ားရွိေနေၾကာင္း ေႁမြေတာင္ႏွင့္ ေဒသဖြံ့ၿဖိဳးေရးအဖြဲ႕မွ Mang Za khup ကေျပာသည္။

ေႁမြေတာင္ႏွင့္ ေဒသဖြံ့ၿဖိဳးေရးအဖြဲ႕မွ Mang Za Khupက “ကုမၸဏီမွ ေဒသခံေက်းရြာ ေခါင္းေဆာင္ေတြကို ေခၚတယ္။ ေဒသခံ ေက်းရြာအားလုံး လည္းမဟုတ္ဘူး။ တစ္ရြာႏွစ္ရြာေလာက္က ေခါင္းေဆာင္ေတြကို ေခၚၿပီးေတာ့ ပိုက္ဆံေတြ လက္ေဆာင္ ပစၥည္းေတြေပးၿပီးမွ ေဒသခံ သေဘာထားခ်က္ ေထာက္ခံေပးပါ သေဘာနဲ႔ ေငြေပးၿပီး လုပ္တာျဖစ္တယ္။ ကုမၸဏီလုပ္ပုံက တစ္ရြာနဲ႔တစ္ရြာ စိတ္ဝမ္းကြဲေအာင္ လုပ္သလိုျဖစ္တယ္။ အခုလိုပိုက္ဆံေပးၿပီး ေထာက္ခံခ်က္နဲ႔ အစိုးရဆီက ခြင့္ျပဳခ်က္ေတာင္းတာကို အစိုးရက ခြင့္ျပဳရင္ က်ေတာ္တို႔ကေတာ့ လုံးဝကန႔္ကြက္တယ္။ ေထာက္ခံခ်က္ကလည္း လူအနည္းစုက ေထာက္ခံတာ လုံးဝ သေဘာမတူပါဘူး”ဟုေျပာသည္။

ခ်င္းျပည္နယ္တီးတိန္ၿမိဳ႕နယ္အတြင္းရွိ ေႁမြေတာင္သတၱဳ တူးေဖာ္နိုင္ရန္ ရန္ကုန္ၿမိဳ႕တြင္ အေျခစိုက္သည့္ ျမန္မာသီဟကုမၸဏီမွ ခ်င္းျပည္ဖက္ရွိ ေက်းရြာမ်ားကို ေတြ႕ဆုံျခင္း မျပဳလုပ္ဘဲ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္အတြင္းရွိ ေက်းရြာေခါင္းေဆာင္ အခ်ိဳ႕ကိုသာေခၚၿပီး ေငြႏွင့္လက္ေဆာင္ေပးျခင္းမ်ား ျပဳလုပ္သည့္အေပၚ ေနာင္တြင္တစ္ရြာႏွင့္ တစ္ရြာ စိတ္ဝမ္းကြဲၿပီး ျပႆနာမ်ား ေနာက္ပိုင္းတြင္ ျဖစ္နိုင္ေၾကာင္းလည္း Mang Za Khup ကေျပာသည္။

ခ်င္းျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္း နယ္စပ္အၾကားရွိ ေႁမြေတာင္ အနီးနားတြင္ ေဒသခံ ေက်းရြာေပါင္း (၁၆) ရြာ တည္ရွိေၾကာင္းႏွင့္ သတၱဳတူးေဖာ္ခြင့္ ရရွိရန္ ျမန္မာသီဟကုမၸဏီမွ အစိုးရတြင္ ခြင့္ျပဳခ်က္ ေတာင္းဆိုရန္ ျပင္ဆင္ေနဆဲ ကာလျဖစ္ေၾကာင္းလည္း သိရွိရသည္။

Mang Za khup က “အစိုးရဖက္ကေန အမ်ားလက္ခံနိုင္တဲ့ ခိုင္မာတဲ့ဥပေဒေတြ လုပ္ထုံးလုပ္နည္း အမ်ားက လက္ခံနိုင္တဲ့ လုပ္ငန္းေဆာင္ရြက္မႈေတြ တိတိက်က် သိရၿပီးမွ အေကာင္ထည္ေဖာ္ေစခ်င္တယ္။ ေဒသခံဖက္ကေန ရလာနိုင္တဲ့ အက်ိဳးနဲ႔ ဆိုးက်ိဳးက ဘယ္လိုရွိမလဲဆိုတာ ရွင္းရွင္းလင္းလင္း သိေနဖို႔လိုပါတယ္္”ဟုေျပာသည္။

ဦးသိန္းစိန္လက္ထက္ကလည္း North Mining Investment Company မွတူးေဖာ္ရန္ႀကိဳးစားခဲ့ေသာ္လည္း ပတ္ဝန္းက်င္ႏွင့္လူမႈထိခိုက္မႈဆန္းစစ္ေလ့လာေတြ႕ရွိခ်က္အရ ႀကီးမားေသာ ထိခိုက္ပ်က္စီးဆုံးရႈံးမႈမ်ားအတြက္ ကုမၸဏီ၏ ျပင္ဆင္မႈမ်ားအေပၚ နည္းပညာအားနည္းခ်က္ေၾကာင့္ အစိုးရမွ တရားဝင္ရပ္ဆိုင္းေၾကညာခဲ့သည္။