

Salai C.Lian
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် အမျိုးသမီးပြည့်တန်ဆာသာမက အမျိုးသားပြည့်တန်ဆာအရေအတွက် အယောက် ၅၀၀ နှင့် ၁၀၀၀ ကြားရှိနေကြောင်း မီဇိုရမ်အခြေစိုက်သတင်းဌာန The Zozam Times ကဖော်ပြသည်။
အဆိုပါစစ်တမ်းကို MSACS မှပြုစုထားသည့် စစ်တမ်းဖြစ်ပြီး မီဇိုရမ်တစ်ပြည်နယ်လုံးတွင် အမျိုးသမီး ပြည့်တန်ဆာ၊ အမျိုးသားပြည့်တန်ဆာအပြင် ပြည့်တန်ဆာလုပ်ငန်းမဟုတ်ပဲ လိင်တူဆက်ဆံသည့် အမျိုးသားလည်း အများအပြား ရှိကြောင်း မှတ်တမ်းတွင်ပါရှိသည်။
ထိုသို့ လိင်တူဆက်ဆံသည့် အမျိုးသားအရေအတွက် မီဇိုရမ်ပြည်နယ်မြို့တော်ဖြစ်သည့် Aizawl နှင့် Lunglei တွင် ပိုများကြောင်း ဖော်ပြထားသည်။
MSACS အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက “တစ်ချို့က လုပ်ငန်းကြီးကြီး လုပ်တဲ့သူတွေလည်း ရှိကြတယ်၊ မူးယစ်ဆေးဝါးကြောင့်လို့တော့ ပြောလို့မရဘူး၊ တော်တော်များများကတော့ အရက်သောက်ကြတယ်၊ ကျောင်းသားတွေမှာ အများအပြားဖြစ်တယ်၊ ဒီလိုနေတဲ့သူတွေထဲ အခြောက်တွေတော့ မပါဘူး၊ (Men having sex with Men) သုံးတဲ့သူတွေထဲမှာ တစ်ချို့တွေကတော့ မိသားစုတွေကလည်း အသိမှတ်ပြုပေးတဲ့သူတွေရှိတယ်” ဟု ပြောသည်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုသည့် ပြည်နယ်မဟုတ်ပေ။
Zawgyi
မီဇိုရမ္ျပည္နယ္တြင္ အမ်ိဳးသား ျပည့္တန္ဆာ ၅၀၀ မွ ၁၀၀၀ ၾကားရွိဟုဆို
အိႏၵိယနိုင္ငံ၊ မီဇိုရမ္ျပည္နယ္တြင္ အမ်ိဳးသမီးျပည့္တန္ဆာသာမက အမ်ိဳးသားျပည့္တန္ဆာအေရအတြက္ အေယာက္ ၅၀၀ ႏွင့္ ၁၀၀၀ ၾကားရွိေနေၾကာင္း မီဇိုရမ္အေျခစိုက္သတင္းဌာန The Zozam Times ကေဖာ္ျပသည္။
အဆိုပါစစ္တမ္းကို MSACS မွျပဳစုထားသည့္ စစ္တမ္းျဖစ္ၿပီး မီဇိုရမ္တစ္ျပည္နယ္လုံးတြင္ အမ်ိဳးသမီး ျပည့္တန္ဆာ၊ အမ်ိဳးသားျပည့္တန္ဆာအျပင္ ျပည့္တန္ဆာလုပ္ငန္းမဟုတ္ပဲ လိင္တူဆက္ဆံသည့္ အမ်ိဳးသားလည္း အမ်ားအျပား ရွိေၾကာင္း မွတ္တမ္းတြင္ပါရွိသည္။
ထိုသို႔ လိင္တူဆက္ဆံသည့္ အမ်ိဳးသားအေရအတြက္ မီဇိုရမ္ျပည္နယ္ၿမိဳ႕ေတာ္ျဖစ္သည့္ Aizawl ႏွင့္ Lunglei တြင္ ပိုမ်ားေၾကာင္း ေဖာ္ျပထားသည္။
MSACS အဖြဲ႕၏ တာဝန္ရွိသူ တစ္ဦးက “တစ္ခ်ိဳ႕က လုပ္ငန္းႀကီးႀကီး လုပ္တဲ့သူေတြလည္း ရွိၾကတယ္၊ မူးယစ္ေဆးဝါးေၾကာင့္လို႔ေတာ့ ေျပာလို႔မရဘူး၊ ေတာ္ေတာ္မ်ားမ်ားကေတာ့ အရက္ေသာက္ၾကတယ္၊ ေက်ာင္းသားေတြမွာ အမ်ားအျပားျဖစ္တယ္၊ ဒီလိုေနတဲ့သူေတြထဲ အေျခာက္ေတြေတာ့ မပါဘူး၊ (Men having sex with Men) သုံးတဲ့သူေတြထဲမွာ တစ္ခ်ိဳ႕ေတြကေတာ့ မိသားစုေတြကလည္း အသိမွတ္ျပဳေပးတဲ့သူေတြရွိတယ္” ဟု ေျပာသည္။
အိႏၵိယနိုင္ငံ၊ မီဇိုရမ္ျပည္နယ္တြင္ ျပည့္တန္ဆာလုပ္ငန္းကို တရားဝင္ခြင့္ျပဳသည့္ ျပည္နယ္မဟုတ္ေပ။
Photo credit ; Gulf News