Input your search keywords and press Enter.

FDA မှ စားသောက်ကုန်ရောင်းချသည့်ဆိုင်အများစုကို စစ်ဆေးရာတွင် သက်တမ်းလွန်သည့် အစားအသောက်များ အတွေ့များနေဟုဆို

Salai Benezer

ချင်းပြည်နယ်အတွင်းရှိ စားသောက်ကုန်ရောင်းသည့် ဆိုင်များကို သက်တမ်းလွန်စားသောက်ကုန်ပစ္စည်းများနှင့် အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဉီးစီးဌာန(FDA)မှ စစ်ဆေးရာတွင် သက်တမ်းလွန်သည့် အစားအသောက်များ စစ်ဆေးတွေ့ရှိရမှုများကြောင်း ပြည်နယ် FDA တာဝန်ခံ ဒေါက်တာဂျိုးဇက်ထံမှ သိရသည်။

“ကျနော်တို့ ဆိုင်တွေကို သွားပြီးတော့ စစ်တဲ့အချိန်မှာ အတွေ့များတဲ့ဟာက သက်တမ်းလွန်တဲ့ဟာတွေကိုတွေ့တာများတယ်၊ ၁၀ဆိုင်စစ်တယ်ဆိုရင် ၇ဆိုင်လောက်ကတွေ့နေရတယ်၊ ကျနော်တို့ဆိုင်တွေကိုသွားစစ်လို့ရှိရင် ရက်စွဲကြည့်ဖို့အမြဲတမ်းပြောလေ့ရှိတယ်၊ ဒါပေမယ့် သက်တမ်းလွန်တဲ့ဟာတွေကို ခုထိတွေ့နေရတယ်၊ သူတို့မှာတဲ့နေရာကတွေက သက်တမ်းကုန်ခါနီးတွေပို့ပေးလိုက်တာလည်းပါမှာပေါ့၊ ကုန်ရောက်ရောက်ခြင်းမှာ ဆိုင်ရှင်က စစ်ပေးဖို့လိုတယ်”ဟု ပြည်နယ် FDA တာဝန်ခံ ဒေါက်တာ ဂျိုးဇက်မှပြောသည်။

နေပြည်တောမှာရှိသည့် FDA ဌာနချုပ်ရုံးမှ စားသုံးရန်အသင့်သည့် အစားအစာများစာရင်းကို ၃လတစ်ကြိမ်ထုတ်ပြန်လေ့ရှိပြီး ချင်းပြည်နယ်အတွင်းရှိ ဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါ စားသုံးရန်မသင့်သည့် အစားအသောက်များမရှိဘဲ သက်တမ်းလွန်သည့် အစားအသောက်များသာ တွေ့ရလေ့ရှိကြောင်း ဒေါက်တာဂျိုးဇက်မှ ပြောသည်။

ဟားခါးမြို့တွင် စားသောက်ကုန်ရောင်းချနေသူတစ်ဦးဖြစ်သည့် မလွင်လွင်ဦးမှ “FDA က အစားအသောက် လာစစ်လေ့ရှိတာ ကျမအနေနဲ့တော့ ကြိုဆိုပါတယ်၊ ဘာလို့လဲဆိုရင် စားသောက်ဖို့ မသင့်တော်တဲ့ဟာတွေဆိုရင် မရောင်းချင်ဘူးလေ၊ သူတို့မစစ်တဲ့ ပစ္စည်းရှိတယ်ဆိုရင်တောင် သူတို့ကိုပေးပြီးစစ်ခိုင်းတယ်”ဟု ပြောသည်။

စားကုန်ရောင်းသည့် ဈေးဆိုင်များအား စစ်ဆေးခြင်းကို ဟားခါးမြို့တွင် တစ်လနှစ်ကြိမ်၊ ခရိုင်ရုံးရှိသည့် ဖလမ်းမြို့နှင့် မင်းတပ်မြို့တို့တွင် တစ်လတစ်ကြိမ် နှင့် တစ်ပြည်နယ်လုံးရှိ မြို့များတွင် တစ်နှစ်လျှင် တစ်ကြိမ်နှုန်းဖြင့် စစ်ဆေးလေ့ရှိကြောင်းသိရသည်။

ဒေါက်တာ ဂျိုးဇက်မှ “အခုချိန်ထိ သက်တမ်းလွန်တာတွေ့လို့ ဖမ်းဆီးမိသမျှကို သိမ်းဆည်းပြီးတော့ စည်ပင်ကိုအပ်ပြီး သူတို့ကဖျက်စီးတယ်၊ အခုချိန်ထိတော့ တစ်ခြားအရေးယူတာမျိုးတော့ မလုပ်သေးဘူး၊ ဒါပေမဲ့ သက်တမ်းလွန်တာ မတင်ဖို့ အမြဲပြောပေမယ့် စစ်တဲ့အချိန်တိုင်း တွေ့တွေ့နေရတော့ မထူးခြားလာသလိုဖြစ်နေတယ်၊ နောက်ပိုင်းဆိုရင် သတိပေးတာတွေလုပ်ပြီး ဆိုင်ပိတ်သိမ်းခိုင်းပြီး အရေးယူဖို့ ဆွေးနွေးနေတယ်”ဟု ပြောသည်။

Zawgyi Version

FDA မွ စားေသာက္ကုန္ေရာင္းခ်သည့္ဆိုင္အမ်ားစုကို စစ္ေဆးရာတြင္ သက္တမ္းလြန္သည့္ အစားအေသာက္မ်ား အေတြ႕မ်ားေနဟုဆို

ခ်င္းျပည္နယ္အတြင္းရွိ စားေသာက္ကုန္ေရာင္းသည့္ ဆိုင္မ်ားကို သက္တမ္းလြန္စားေသာက္ကုန္ပစၥည္းမ်ားႏွင့္ အစားအေသာက္ႏွင့္ေဆးဝါး ႀကီးၾကပ္ကြပ္ကဲေရးဉီးစီးဌာန(FDA)မွ စစ္ေဆးရာတြင္ သက္တမ္းလြန္သည့္ အစားအေသာက္မ်ား စစ္ေဆးေတြ႕ရွိရမႈမ်ားေၾကာင္း ျပည္နယ္ FDA တာဝန္ခံ ေဒါက္တာဂ်ိဳးဇက္ထံမွ သိရသည္။

“က်ေနာ္တို႔ ဆိုင္ေတြကို သြားၿပီးေတာ့ စစ္တဲ့အခ်ိန္မွာ အေတြ႕မ်ားတဲ့ဟာက သက္တမ္းလြန္တဲ့ဟာေတြကိုေတြ႕တာမ်ားတယ္၊ ၁၀ဆိုင္စစ္တယ္ဆိုရင္ ၇ဆိုင္ေလာက္ကေတြ႕ေနရတယ္၊ က်ေနာ္တို႔ဆိုင္ေတြကိုသြားစစ္လို႔ရွိရင္ ရက္စြဲၾကည့္ဖို႔အျမဲတမ္းေျပာေလ့ရွိတယ္၊ ဒါေပမယ့္ သက္တမ္းလြန္တဲ့ဟာေတြကို ခုထိေတြ႕ေနရတယ္၊ သူတို႔မွာတဲ့ေနရာကေတြက သက္တမ္းကုန္ခါနီးေတြပို႔ေပးလိုက္တာလည္းပါမွာေပါ့၊ ကုန္ေရာက္ေရာက္ျခင္းမွာ ဆိုင္ရွင္က စစ္ေပးဖို႔လိုတယ္”ဟု ျပည္နယ္ FDA တာဝန္ခံ ေဒါက္တာ ဂ်ိဳးဇက္မွေျပာသည္။

ေနျပည္ေတာမွာရွိသည့္ FDA ဌာနခ်ဳပ္႐ုံးမွ စားသုံးရန္အသင့္သည့္ အစားအစာမ်ားစာရင္းကို ၃လတစ္ႀကိမ္ထုတ္ျပန္ေလ့ရွိၿပီး ခ်င္းျပည္နယ္အတြင္းရွိ ဆိုင္မ်ားအား ကြင္းဆင္းစစ္ေဆးရာတြင္ အဆိုပါ စားသုံးရန္မသင့္သည့္ အစားအေသာက္မ်ားမရွိဘဲ သက္တမ္းလြန္သည့္ အစားအေသာက္မ်ားသာ ေတြ႕ရေလ့ရွိေၾကာင္း ေဒါက္တာဂ်ိဳးဇက္မွ ေျပာသည္။

ဟားခါးၿမိဳ႕တြင္ စားေသာက္ကုန္ေရာင္းခ်ေနသူတစ္ဦးျဖစ္သည့္ မလြင္လြင္ဦးမွ “FDA က အစားအေသာက္ လာစစ္ေလ့ရွိတာ က်မအေနနဲ႔ေတာ့ ႀကိဳဆိုပါတယ္၊ ဘာလို႔လဲဆိုရင္ စားေသာက္ဖို႔ မသင့္ေတာ္တဲ့ဟာေတြဆိုရင္ မေရာင္းခ်င္ဘူးေလ၊ သူတို႔မစစ္တဲ့ ပစၥည္းရွိတယ္ဆိုရင္ေတာင္ သူတို႔ကိုေပးၿပီးစစ္ခိုင္းတယ္”ဟု ေျပာသည္။

စားကုန္ေရာင္းသည့္ ေဈးဆိုင္မ်ားအား စစ္ေဆးျခင္းကို ဟားခါးၿမိဳ႕တြင္ တစ္လႏွစ္ႀကိမ္၊ ခရိုင္႐ုံးရွိသည့္ ဖလမ္းၿမိဳ႕ႏွင့္ မင္းတပ္ၿမိဳ႕တို႔တြင္ တစ္လတစ္ႀကိမ္ ႏွင့္ တစ္ျပည္နယ္လုံးရွိ ၿမိဳ႕မ်ားတြင္ တစ္ႏွစ္လၽွင္ တစ္ႀကိမ္ႏႈန္းျဖင့္ စစ္ေဆးေလ့ရွိေၾကာင္းသိရသည္။

ေဒါက္တာ ဂ်ိဳးဇက္မွ “အခုခ်ိန္ထိ သက္တမ္းလြန္တာေတြ႕လို႔ ဖမ္းဆီးမိသမၽွကို သိမ္းဆည္းၿပီးေတာ့ စည္ပင္ကိုအပ္ၿပီး သူတို႔ကဖ်က္စီးတယ္၊ အခုခ်ိန္ထိေတာ့ တစ္ျခားအေရးယူတာမ်ိဳးေတာ့ မလုပ္ေသးဘူး၊ ဒါေပမဲ့ သက္တမ္းလြန္တာ မတင္ဖို႔ အျမဲေျပာေပမယ့္ စစ္တဲ့အခ်ိန္တိုင္း ေတြ႕ေတြ႕ေနရေတာ့ မထူးျခားလာသလိုျဖစ္ေနတယ္၊ ေနာက္ပိုင္းဆိုရင္ သတိေပးတာေတြလုပ္ၿပီး ဆိုင္ပိတ္သိမ္းခိုင္းၿပီး အေရးယူဖို႔ ေဆြးေႏြးေနတယ္”ဟု ေျပာသည္။