Input your search keywords and press Enter.

ရခိုင်မှ မကွေးသို့ပြောင်းရွှေ့လာသည့် ချင်းလူမျိုးစစ်ဘေးရှောင်များအား AA နှင့်ဆက်စပ်သူများပါနိုင် ဟုဆိုကာ ဒေသခံများမှ တည်းခိုခွင့်မပေးလိုသည့်အခြေအနေများကြုံတွေ့ရ

Salai Khup Khup

ရခိုင်ပြည်နယ် အမ်းမြို့နယ်ဖက်မှ မကွေးတိုင်းဖက်သို့ ပြောင်းရွေ့လာသည့် ချင်းလူမျိုးစစ်ဘေး ရှောင်များကို ရက္ခိုင့်တပ်မတော်(AA)နှင့် ပက်သက် ဆက်နွယ်မှု ရှိနိုင်သည်ဟု ထင်ကာ မကွေးတိုင်းဒေသကြီး ကျေးရွာအချို့တွင် ယာယီတည်း ခိုခွင့်ကို ဒေသခံများမှ မပေးလိုကြကြောင်း အရှိုချင်းလူငယ်ခေါင်းဆောင် ဆလိုင်း ရိုးမောင်က ပြောသည်။

အရှိုချင်း လူငယ်ခေါင်းဆောင် ဆလိုင်းရိုးမောင်က “ကျွန်တော်တို့ ဒေသမှာ တချို့ချင်းရွာတွေကတောင် လက်မခံချင်ကြဘူး။ ဘာလို့လည်း ဆိုတော့ AA တပ်ဖွဲ့ဝင်တွေထဲမှာ ရခိုင်ပြည်မှာရှိတဲ့ ချင်းလူမျိုး အယောက်(၂၀၀)လောက် ရှိတယ်လို့ AAဖက်က ထုတ်ပြန်ထားတာရှိတော့ တစ်ချို့က ထောက်လှန်းရေးနဲ့များ AAကလွှတ်သလား ဆိုပြီး ဒီမကွေးတိုင်း ဒေသဖက်မှာရှိတဲ့ ကိုယ့်ချင်းလူမျိုး အချင်းချင်းကတောင် လန့်နေကြတယ်။ အကုန်လုံးက မယုံသင်္ကာတဲ့ မျက်လုံးတွေနဲ့ လက်မခံချင် ကြတော့ဘူး။ ညအိပ်ဖို့ကိုတောင် လက်မခံချင်ကြတော့ဘူး”ဟုပြောသည်။

မကွေးတိုင်းဒေသကြီး ကျေးရွာအချို့တွင် ရခိုင်ပြည်နယ် အမ်းမြို့နယ်ဖက်မှ ပြောင်းရွေ့လာသည့် ချင်းလူမျိုး အယောက်(၁၀၀) ကျော်နေပြီဖြစ်ပြီး ကျေးရွာအချို့က တည်းခိုခွင့် မပေးသည့် ပြောင်းရွေ့ချင်းလူမျိုးများကို ရဲစခန်းများတွင် တည်းခိုကြကြောင်း ဆလိုင်းရိုးမောင်က ပြောသည်။

“ရခိုင်ပြည်နယ်ဖက်က ချင်းတွေကလည်း မှတ်ပုံတင်တွေ အပ်မယ်။ ဒီမှာတစ်ညလောက် တည်းမယ် ဆိုတာတောင် ဒီဖက်က လက်မခံရဲကျတော့ ရဲစခန်းကတော့ သူတို့စခန်းမှာလာအိပ်ဖို့ လက်ခံတယ်။ နောက်ပြီး ကျွန်တော်တို့ကလည်း ချင်းရွာမှာ မထားဘဲနဲ့ အောက်ဖက်မှာရှိတဲ့ ဗမာရွာမှာရှိတဲ့ ဘုရားကျောင်းမှာ ထားတယ်”ဟုပြောသည်။

မကွေးတိုင်း ချင်းရေးရာဝန်ကြီး ဦးလှထွန်းက “ဘယ်မြို့နယ်က ဘယ်နှယောက် လာမယ်ဆိုတာ စာတင်ပြလာမှ သိရမှာလေ။ တိုင်းအစိုးရအနေနဲ့ဘာမှ မသိရသေးဘူး။ တိုင်းအစိုးရမှာတင်ပြလာရင် ပြည်ထောင်စုကို တင်ပြရမယ်။ ဒါပြီးမှ အစိုးရက စီစဉ်ပေးမှာပေါ့”ဟုပြောသည်။

လက်ရှိမကွေးတိုင်းဒေသကြီး ကျေးရွာအချို့တွင် ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့သည့် ချင်းလူမျိုးများရာဂဏန်းရှိနေပြီဖြစ်ပြီး ရခိုင်ပြည်နယ်ဖက်မှ နောက်ထပ် ပြောင်းရွေ့လာအုံးမည့် ချင်းလူမျိုး လူဦးရေ ခြောက်ရာကျော် ဝန်းကျင် ရှိနိုင်သေးကြောင်းသိရသည်။

Zawgyi

ရခုိင္မွ မေကြးသို႕ေျပာင္းေရႊ႕လာသည့္ ခ်င္းလူမ်ိဳးစစ္ေဘးေရွာင္မ်ားအား AA ႏွင့္ဆက္စပ္သူမ်ားပါႏုိင္ ဟုဆိုကာ ေဒသခံမ်ားမွ တည္းခိုခြင့္မေပးလုိသည့္အေျခအေနမ်ားႀကံဳေတြ႕ရ

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ဖက္မွ မေကြးတုိင္းဖက္သို႕ ေျပာင္းေရြ႕လာသည့္ ခ်င္းလူမ်ိဳးစစ္ေဘး ေရွာင္မ်ားကို ရကၡိဳင့္တပ္မေတာ္(AA)ႏွင့္ ပက္သက္ ဆက္ႏြယ္မႈ ရွိႏုိင္သည္ဟု ထင္ကာ မေကြးတိုင္းေဒသၾကီး ေက်းရြာအခ်ိဳ႕တြင္ ယာယီတည္း ခိုခြင့္ကို ေဒသခံမ်ားမွ မေပးလုိၾကေၾကာင္း အရႈိခ်င္းလူငယ္ေခါင္းေဆာင္ ဆလိုင္း ရိုးေမာင္က ေျပာသည္။

အရႈိခ်င္း လူငယ္ေခါင္းေဆာင္ ဆလုိင္းရုိးေမာင္က “ကၽြန္ေတာ္တို႔ ေဒသမွာ တခ်ိဳ႕ခ်င္းရြာေတြကေတာင္ လက္မခံခ်င္ၾကဘူး။ ဘာလုိ႔လည္း ဆုိေတာ့ AA တပ္ဖြဲ႔ဝင္ေတြထဲမွာ ရခိုင္ျပည္မွာရွိတဲ႔ ခ်င္းလူမ်ိဳး အေယာက္(၂၀၀)ေလာက္ ရွိတယ္လုိ႔ AAဖက္က ထုတ္ျပန္ထားတာရွိေတာ့ တစ္ခ်ိဳ႕က ေထာက္လွန္းေရးနဲ႔မ်ား AAကလႊတ္သလား ဆိုၿပီး ဒီမေကြးတုိင္း ေဒသဖက္မွာရွိတဲ႔ ကိုယ္႔ခ်င္းလူမ်ိဳး အခ်င္းခ်င္းကေတာင္ လန္႔ေနၾကတယ္။ အကုန္လံုးက မယံုသကၤာတဲ႔ မ်က္လံုးေတြနဲ႔ လက္မခံခ်င္ ၾကေတာ့ဘူး။ ညအိပ္ဖို႔ကိုေတာင္ လက္မခံခ်င္ၾကေတာ့ဘူး”ဟုေျပာသည္။

မေကြးတိုင္းေဒသၾကီး ေက်းရြာအခ်ိဳ႕တြင္ ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ဖက္မွ ေျပာင္းေရြ႕လာသည့္ ခ်င္းလူမ်ိဳး အေယာက္(၁၀၀) ေက်ာ္ေနၿပီျဖစ္ၿပီး ေက်းရြာအခ်ိဳ႕က တည္းခိုခြင့္ မေပးသည့္ ေျပာင္းေရြ႕ခ်င္းလူမ်ိဳးမ်ားကို ရဲစခန္းမ်ားတြင္ တည္းခိုၾကေၾကာင္း ဆလိုင္းရိုးေမာင္က ေျပာသည္။

“ရခုိင္ျပည္နယ္ဖက္က ခ်င္းေတြကလည္း မွတ္ပံုတင္ေတြ အပ္မယ္။ ဒီမွာတစ္ညေလာက္ တည္းမယ္ ဆုိတာေတာင္ ဒီဖက္က လက္မခံရဲက်ေတာ့ ရဲစခန္းကေတာ့ သူတုိ႔စခန္းမွာလာအိပ္ဖုိ႕ လက္ခံတယ္။ ေနာက္ၿပီး ကၽြန္ေတာ္တုိ႔ကလည္း ခ်င္းရြာမွာ မထားဘဲနဲ႔ ေအာက္ဖက္မွာရွိတဲ႔ ဗမာရြာမွာရွိတဲ႔ ဘုရားေက်ာင္းမွာ ထားတယ္”ဟုေျပာသည္။

မေကြးတုိင္း ခ်င္းေရးရာဝန္ၾကီး ဦးလွထြန္းက “ဘယ္ၿမိဳ႕နယ္က ဘယ္ႏွေယာက္ လာမယ္ဆုိတာ စာတင္ျပလာမွ သိရမွာေလ။ တိုင္းအစိုးရအေနနဲ႔ဘာမွ မသိရေသးဘူး။ တုိင္းအစိုးရမွာတင္ျပလာရင္ ျပည္ေထာင္စုကို တင္ျပရမယ္။ ဒါၿပီးမွ အစိုးရက စီစဥ္ေပးမွာေပါ႔”ဟုေျပာသည္။

လက္ရွိမေကြးတုိင္းေဒသၾကီး ေက်းရြာအခ်ိဳ႕တြင္ ရခိုင္ျပည္နယ္မွ ေျပာင္းေရႊ႕သည့္ ခ်င္းလူမ်ိဳးမ်ားရာဂဏန္းရွိေနၿပီျဖစ္ၿပီး ရခုိင္ျပည္နယ္ဖက္မွ ေနာက္ထပ္ ေျပာင္းေရြ႕လာအံုးမည့္ ခ်င္းလူမ်ိဳး လူဦးေရ ေျခာက္ရာေက်ာ္ ဝန္းက်င္ ရွိႏုိင္ေသးေၾကာင္းသိရသည္။