

Salai Khup Khup
ပလက်ဝမြို့နယ်တွင် နယ်မြေလုံခြုံရေးအရ ညမထွက်ရ အမိန့်ကို (၂)လထပ်မံ ထုပ်ပြန်သော်လည်း ဒေသအတွင်း လုံခြုံရေးချထားမှုပိုင်း အားနည်းနေသေးကြောင်း ဒေသခံများကပြောသည်။
ပလက်ဝဒေသခံတစ်ဦးက “လူမူရေးအရတော့ အခက်ခဲတွေတော့ရှိတယ်။ သာရေးနာရေးမှာဖြစ်ဖြစ် ။ လူမှုရေးပိုင်းမှာရောအနည်းနဲ့ အများ အခက်ခဲတော့ ရှိတယ်။ဒါပေမဲ့ လုံခြုံရေးအရ လုပ်တာဆိုတော့ ကောင်းပါတယ်။ ညမထွက်ရအမိန့် ထုတ်ပြီးမှ လုံခြုံရေးကင်း အပြည့်ဝ မထည့် နိုင်တဲ့ဟာတွေ ရှိတယ်။ ညမထွက်ရအမိန့်ထုတ်ပြီးမှ ညကင်းလှည့် တာတွေ စတဲ့လုံခြုံရေးတွေ လည်းလုပ်သင့်တယ်။ ဘာလို့လည်း ဆိုတော့ ညမထွက်ရ တော့ မြို့မှာ လူသွားလူလာတွေ မရှိတော့ တချို့တွေအတွက် ပိုပြီး အဆင်ပြေနိုင်တယ်”ဟုပြောသည်။
နယ်မြေ လုံခြုံရေးအရ ညနေ(၆)နာရီ မှ နံနက်(၆)နာရီအတွင်း ညမထွက်ရန် ပြီးခဲ့သည့် နိုဝင်ဘာလ ကိုးရက်နေ့တွင် ပလက်ဝမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်မှာ ၂၀၂၀ ခုနှစ် (၁) လပိုင်း (၉)ရက်နေ့ အထိဟုသတ်မှတ် ခဲ့သော်လည်း လုံခြုံရေးအရ ထပ်မံ (၂)လ ထပ်တိုးလိုက် ကြောင်းသိရသည်။
ပလက်ဝမြို့နယ်အတွင်းရှိ လမ်းမကြီးများ၊ အများပြည်သူသွားလာရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အဦး နေရာများတွင် ဆူပူလှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်သည့် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ လူ(၅)ဦး (သို့) (၅)ဦးထက်ပို၍ ဖြစ်စေ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊ လှုံ့ဆော်ခြင်း၊ ရုတ်ရင်းဆန်ခတ်ပြုခြင်းတို့ကိုလည်း မပြုလုပ်ရန် အမိန့်ထုတ်စာတွင် ပါရှိသည်။
အဆိုပါ ထုတ်ပြန်လိုက်သည့် အမိန့်ကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း အမိန့်စာအရ သိရသည်။
ပလက်ဝမြို့နယ်အတွင်း ညမထွက်ရ အမိန့်ကြောင့် ခရစ်ယာန်များမှာ နှစ်စဉ်ကျင်းပလေ့ ရှိသော ခရစ်စမတ် ပွဲနှင့် နှစ်သစ်ကူးပွဲများကိုလည်း ယခင်နှစ်များကဲ့သို့ စည်ကားစွာ မကျင်းပနိုင်ကြောင်း ဒေသခံများကပြောသည်။
Zawgyi
ပလက္ဝၿမိဳ႕နယ္တြင္ ညမထြက္ရအမိန္႕(၂)လထပ္မံ တုိးျမွင့္ေသာ္လည္း လံုျခံဳေရးေဆာင္ရြက္ေပးမႈ အပုိင္းတြင္ အားနည္းေနဟုေဒသခံမ်ားဆို
ပလက္ဝၿမိဳ႕နယ္တြင္ နယ္ေျမလံုျခံဳေရးအရ ညမထြက္ရ အမိန္႔ကို (၂)လထပ္မံ ထုပ္ျပန္ေသာ္လည္း ေဒသအတြင္း လံုျခံဳေရးခ်ထားမႈပိုင္း အားနည္းေနေသးေၾကာင္း ေဒသခံမ်ားကေျပာသည္။
ပလက္ဝေဒသခံတစ္ဦးက “လူမူေရးအရေတာ့ အခက္ခဲေတြေတာ့ရွိတယ္။ သာေရးနာေရးမွာျဖစ္ျဖစ္ ။ လူမႈေရးပိုင္းမွာေရာအနည္းနဲ႔ အမ်ား အခက္ခဲေတာ့ ရွိတယ္။ဒါေပမဲ႔ လံုျခံဳေရးအရ လုပ္တာဆုိေတာ့ ေကာင္းပါတယ္။ ညမထြက္ရအမိန္႔ ထုတ္္ၿပီးမွ လုံျခံဳေရးကင္း အျပည့္ဝ မထည့္ ႏုိင္တဲ႔ဟာေတြ ရွိတယ္။ ညမထြက္ရအမိန္႔ထုတ္ၿပီးမွ ညကင္းလွည့္ တာေတြ စတဲ႔လံုျခံဳေရးေတြ လည္းလုပ္သင့္တယ္။ ဘာလုို႔လည္း ဆိုေတာ့ ညမထြက္ရ ေတာ့ ၿမိဳ႕မွာ လူသြားလူလာေတြ မရွိေတာ့ တခ်ိဳ႕ေတြအတြက္ ပိုၿပီး အဆင္ေျပႏိုင္တယ္”ဟုေျပာသည္။
နယ္ေျမ လံုျခံဳေရးအရ ညေန(၆)နာရီ မွ နံနက္(၆)နာရီအတြင္း ညမထြက္ရန္ ၿပီးခဲ႔သည့္ နိုဝင္ဘာလ ကိုးရက္ေန႔တြင္ ပလက္ဝၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနမွ ထုတ္ျပန္ခဲ႔ၿပီး အဆိုပါ ထုတ္ျပန္ခ်က္မွာ ၂၀၂၀ ခုႏွစ္ (၁) လပိုင္း (၉)ရက္ေန႔ အထိဟုသတ္မွတ္ ခဲ႔ေသာ္လည္း လံုျခံဳေရးအရ ထပ္မံ (၂)လ ထပ္တုိးလုိက္ ေၾကာင္းသိရသည္။
ပလက္ဝၿမိဳ႕နယ္အတြင္းရွိ လမ္းမၾကီးမ်ား၊ အမ်ားျပည္သူသြားလာရာလမ္း၊ လမ္းသြယ္၊ လမ္းၾကား၊ အမ်ားျပည္သူႏွင့္ သက္ဆုိင္သည့္ အေဆာက္အဦး ေနရာမ်ားတြင္ ဆူပူလႈံ႕ေဆာ္လုိေသာ ရည္ရြယ္ခ်က္ျဖင့္ ျဖစ္ေစ၊ ျပစ္မႈတစ္စံုတစ္ရာ က်ဴးလြန္သည့္ ရည္ရြယ္ခ်က္ျဖင့္ျဖစ္ေစ၊ လူ(၅)ဦး (သို႔) (၅)ဦးထက္ပို၍ ျဖစ္ေစ စုေဝးျခင္း၊ စီတန္းလွည့္လည္ျခင္း၊ ဟစ္ေအာ္ေၾကြးေၾကာ္ျခင္း၊ လႈံ႕ေဆာ္ျခင္း၊ ရုတ္ရင္းဆန္ခတ္ျပဳျခင္းတုိ႔ကိုလည္း မျပဳလုပ္ရန္ အမိန္႔ထုတ္စာတြင္ ပါရွိသည္။
အဆိုပါ ထုတ္ျပန္လုိုက္သည့္ အမိန္႔ကို ေဖာက္ဖ်က္က်ဴးလြန္ပါက တည္ဆဲဥပေဒအရ အေရးယူမည္ ျဖစ္ေၾကာင္း အမိန္႔စာအရ သိရသည္။
ပလက္ဝၿမိဳ႕နယ္အတြင္း ညမထြက္ရ အမိန္႔ေၾကာင့္ ခရစ္ယာန္မ်ားမွာ ႏွစ္စဥ္က်င္းပေလ႔ ရွိေသာ ခရစ္စမတ္ ပြဲႏွင့္ ႏွစ္သစ္ကူးပြဲမ်ားကိုလည္း ယခင္ႏွစ္မ်ားကဲ့သို႕ စည္ကားစြာ မက်င္းပႏုိင္ေၾကာင္း ေဒသခံမ်ားကေျပာသည္။