

Salai C.Lian
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မောက်လင်းအုပ်စု လက်ပံချောင်းကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှုပိုမို ဖြည့်ဆည်းပေးနိုင်ရန် လာမည့် ဘဏ္ဍာရေးနှစ်တွင် တိုက်နယ်ဆေးရုံတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့တွင် ကလေး မဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးမှ မေးမြန်းခဲ့ခြင်းအပေါ် အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်ရှားမီးမှ “ ကလေးမြို့နယ်၊ မောက်လင်းအုပ်စု၊ လက်ပံချောင်းကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် တိုက်နယ်ဆေးရုံ အဆောက်အဦအား အနီးဆုံးဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ” လွှတ်တော်တွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
အားကစားနှင့်ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် က “ပြည်ထောင်စု အစိုးရအဖွဲ့ ဆုံးဖြတ်ချက်အရ တိုက်နယ်ဆေးရုံကို ၂၀၂၀ – ၂၀၂၁ ခုနှစ်မှစတင်ပြီး စံကိုက်အဆောက်အဦး ဆောက်လုပ်ပေးရန် စီမံကိန်းအစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
လက်ပံချောင်းကျေးရွာသည် အိမ်ခြေ ၃၀၀၀ ဝန်းကျင်ရှိပြီး ကလေးမြို့အနောက်မြောက် ကျေးရွာများတွင် အိမ်ခြေအများဆုံးကျေးရွာဖြစ်သည်။
လက်ပံချောင်းကျေးရွာတွင် လက်ရှိအချိန်တွင် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးခန်းအဆင့်သာရှိပြီး တိုက်နယ်ဆေးရုံတည်ဆောက်ဖွင့်လစ်လာနိူင်ပါက ကလေးမြို့အနောက်မြောက်ဘက် ကျေးရွာပေါင်း ၁၀ ရွာကျော်အတွက် အကျိုးရှိမည် ဖြစ်သည်။
Zawgyi
ကေလးၿမိဳ႕နယ္၊ လက္ပံေခ်ာင္းေက်းရြာအနီးတစ္ဝိုက္ ျပည္သူမ်ား က်န္းမာေရးေစာင့္ေရွာက္မႈပိုမို အဆင္ေျပနိုင္ရန္ တိုက္နယ္ေဆး႐ုံတည္ေဆာက္မည္
စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕နယ္၊ ေမာက္လင္းအုပ္စု လက္ပံေခ်ာင္းေက်းရြာႏွင့္ အနီးတစ္ဝိုက္ရွိ ေဒသခံျပည္သူမ်ား က်န္းမာေရး ေစာင့္ေရွာက္မႈပိုမို ျဖည့္ဆည္းေပးနိုင္ရန္ လာမည့္ ဘ႑ာေရးႏွစ္တြင္ တိုက္နယ္ေဆး႐ုံတည္ေဆာက္မည္ျဖစ္ေၾကာင္း သိရသည္။
ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၄) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (၁၆) ရက္ေျမာက္ေန႔တြင္ ကေလး မဲဆႏၵနယ္ေျမမွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚေအးေအးမူ (ခ) ေဒၚရွားမီးမွ ေမးျမန္းခဲ့ျခင္းအေပၚ အားကစားႏွင့္က်န္းမာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးက ထိုသို႔ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။
ေဒၚရွားမီးမွ “ ကေလးၿမိဳ႕နယ္၊ ေမာက္လင္းအုပ္စု၊ လက္ပံေခ်ာင္းေက်းရြာႏွင့္ အနီးတစ္ဝိုက္ရွိ ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈေပးရန္ တိုက္နယ္ေဆး႐ုံ အေဆာက္အဦအား အနီးဆုံးဘ႑ာေရးႏွစ္တြင္ ထည့္သြင္းလ်ာထားေဆာင္ရြက္ေပးရန္ အစီအစဥ္ ရွိ” လႊတ္ေတာ္တြင္ ေမးျမန္းခဲ့ျခင္းျဖစ္သည္။
အားကစားႏွင့္က်န္းမာေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာ ျမေလးစိန္ က “ျပည္ေထာင္စု အစိုးရအဖြဲ႕ ဆုံးျဖတ္ခ်က္အရ တိုက္နယ္ေဆး႐ုံကို ၂၀၂၀ – ၂၀၂၁ ခုႏွစ္မွစတင္ၿပီး စံကိုက္အေဆာက္အဦး ေဆာက္လုပ္ေပးရန္ စီမံကိန္းအစီအစဥ္ျဖင့္ ဆက္လက္ေဆာင္ရြက္သြားမည္” ဟု ျပန္လည္ေျဖၾကားခဲ့သည္။
လက္ပံေခ်ာင္းေက်းရြာသည္ အိမ္ေၿခ ၃၀၀၀ ဝန္းက်င္ရွိၿပီး ကေလးၿမိဳ႕အေနာက္ေျမာက္ ေက်းရြာမ်ားတြင္ အိမ္ေျခအမ်ားဆုံးေက်းရြာျဖစ္သည္။
လက္ပံေခ်ာင္းေက်းရြာတြင္ လက္ရွိအခ်ိန္တြင္ က်န္းမာေရး ေစာင့္ေရွာက္မႈအတြက္ ေဆးခန္းအဆင့္သာရွိၿပီး တိုက္နယ္ေဆး႐ုံတည္ေဆာက္ဖြင့္လစ္လာနိူင္ပါက ကေလးၿမိဳ႕အေနာက္ေျမာက္ဘက္ ေက်းရြာေပါင္း ၁၀ ရြာေက်ာ္အတြက္ အက်ိဳးရွိမည္ ျဖစ္သည္။