Input your search keywords and press Enter.

MMAတိုက်ခိုက်ရေးသမား တီာလ်ထန်း(Tial Thang) နှင့် Kim Woon Kyoum မလေးရှားတွင် ထိုးသတ်မည်

Salai C Lian

မြန်မာနိူင်ငံဖွား အမေရိကတွင် နေထိုင်သည့် One Championship ကစားသမား Tial “The Dagon Leg” Thang နှင့် တောင်ကိုးရီးယား နိူင်ငံသား Kim Woon Kyoum တို့သည် လာမည့် ဒီဇင်ဘာ ၆ ရက်နေ့တွင် မလေးရှားနိူင်ငံ၌ ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။
“The Dagon Leg” ဖြစ်လူသိများသည့် Tial Cung Thang က “ပထမပွဲမှာ ထိုးခဲ့တဲ့ပုံစံနဲ့မတူပဲ ကျွန်တော်ရဲ့အခြားပုံစံကို ပြနိုင်ဖို့အတွက် ကျွန်တော် လက်ဝှေ့ကိုလည်းပိုမိုအားစိုက်လေ့ကျင့်နေသလို အကောင်းဆုံးကြိုးစားလေ့ကျင့်နေပါတယ်။ နောက်ထပ်ထိုးသတ်ကွင်းမှာ သူရဲ့အောင်နိုင်မှု ရယူဖို့အတွက် Dragon Leg အသင့်ပြင်နေပါပြီခင်ဗျာ” ဟု ၄င်း၏ လူမှုကွန်ယက်တွင် ရေးသားသည်။
Tial Cung Thang ၏ ပြိုင်ဘက် Kim Woon Kyoum (၃၀)နှစ်သည် ၂၀၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ ONE Warrior Series ပြိုင်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ နိုင်ပွဲရရှိခဲ့သူ ဖြစ်သည်။
One Championship: Mark of Greatness ပြိုင်ပွဲကို မလေးရှားနိူင်ငံ၏ မြို့တော် Kuala lumpur ရှိ Axiata Arena တွင် ဒီဇင်ဘာ ၆ ရက်နေ့ ညနေ ၅ နာရီတွင် စတင်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

MMAတုိက္ခုိက္ေရးသမား တီာလ္ထန္း(Tial Thang) ႏွင့္ Kim Woon Kyoum မေလးရွားတြင္ ထိုးသတ္မည္

ျမန္မာႏူိင္ငံဖြား အေမရိကတြင္ ေနထုိင္သည္႔ One Championship ကစားသမား Tial “The Dagon Leg” Thang ႏွင့္ ေတာင္ကုိးရီးယား နူိင္ငံသား Kim Woon Kyoum တုိ႔သည္ လာမည္႔ ဒီဇင္ဘာ ၆ ရက္ေန႔တြင္ မေလးရွားႏူိင္ငံ၌ ထုိးသတ္မည္ျဖစ္ေၾကာင္း သိရသည္။
“The Dagon Leg” ျဖစ္လူသိမ်ားသည္႔ Tial Cung Thang က “ပထမပဲြမွာ ထိုးခဲ့တဲ့ပံုစံနဲ႔မတူပဲ ကြၽန္ေတာ္ရဲ႕အျခားပံုစံကို ျပႏိုင္ဖို႔အတြက္ ကြၽန္ေတာ္ လက္ေဝွ့ကိုလည္းပိုမိုအားစိုက္ေလ့က်င့္ေနသလို အေကာင္းဆံုးျကိုးစားေလ့က်င့္ေနပါတယ္။ ေနာက္ထပ္ထိုးသတ္ကြင္းမွာ သူရဲ႕ေအာင္ႏိုင္မႈ ရယူဖို႔အတြက္ Dragon Leg အသင့္ျပင္ေနပါၿပီခင္ဗ်ာ” ဟု ၄င္း၏ လူမႈကြန္ယက္တြင္ ေရးသားသည္။
Tial Cung Thang ၏ ျပိဳင္ဘက္ Kim Woon Kyoum (၃၀)ႏွစ္သည္ ၂၀၁၈ ခုႏွစ္က က်င္းပခဲ့တဲ့ ONE Warrior Series ျပိဳင္ပြဲတြင္ ယွဥ္ျပိဳင္ထိုးသတ္ခဲ့ရာ ႏိုင္ပြဲရရွိခဲ့သူ ျဖစ္သည္။
One Championship: Mark of Greatness ၿပိဳင္ပြဲကုိ မေလးရွားႏူိင္ငံ၏ ၿမိဳ႕ေတာ္ Kuala lumpur ရွိ Axiata Arena တြင္ ဒီဇင္ဘာ ၆ ရက္ေန႔ ညေန ၅ နာရီတြင္ စတင္က်င္းပမည္ ျဖစ္ေၾကာင္း သိရသည္။