Input your search keywords and press Enter.

ဘိန်း အစားထိုးစိုက်ပျိုးရန် ဝဥ စိုက်ခင်း တစ်ဧကလျှင် ကျပ် ၁၅ သိန်း ချင်းပြည်နယ်အစိုးရမှ ထောက်ပံ့ပေးမည်

Salai C Lian

ချင်းပြည်နယ်ရှိ ဘိန်းအစားထိုးစိုက်ပျိူးရန် ဝဥ စိုက်ခင်း တစ်ဧကလျှင် ကျပ် ၁၅ သိန်း ထောက်ပံနိုင် ရန် ချင်းပြည်နယ် အစိုးရနှင့် SME Bank တွဲပြီး လုပ်ဆောင်ပေးရန် ဆောင်ရွက်နေကြောင်း ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီး ဦးစိုးထက်က ပြောသည်။
ဝန်ကြီး ဦး စိုးထက်က “ကျွန်တော်တို့ ချင်းပြည်အတွင်းရှိ ၉ မြို့နယ်လုံးကို ပေးဖို့ရှိတယ်၊ တစ်ပြည်နယ်လုံးကို သိန်းပေါင်း ကျပ် ၁၆,၀၀၀ ပေးမယ်၊ တွန်းဇံမြို့နယ်ကိုတော့ သူတို့စီးပွားရေး အစားထိုးပေးဖို့ နှစ်ဆလိုတာပေါ့၊ ဧကနဲ့ကတော့ တစ်ဧကကို ကျပ် ၁၅ သိန်းပေးဖို့လုပ်ထားတယ် အဲ့ဒီအတွက် အခုလုပ်ပေး နေတုန်းဖြစ်တယ်” ဟု ပြောသည်။
အဆိုပါ ထောက်ပံ့ရေးကို လာမည့် ဒီဇင်ဘာလအတွင်း ထောက်ပံ့ပေးနိူင်ဖို့ ကြိုးစားနေကြောင်း စည်ပင် ဝန်ကြီး ဦး စိုးထက် ကပြောသည်။
သူက “ကျွန်တော်အခု ဒီကိစ္စဖြစ်မြောက်နိူင်ဖို့ သွားနေတယ်၊ ဘယ်ချိန်ထောက်ပံ့ပေးနိူင်မလဲ ဆိုတာကတော့ ဒီဇင်ဘာလ မှာလုပ်ပေးနိူင်မယ်ထင်ပါတယ်။ မြို့နယ် ၉ ခုကို ဧက ၁၀၀ စီ ထောက်ပံ့ပေးမယ်၊ အကုန်လုံးက ဧက ၉၀၀ ဆိုတော့ တစ် ဧကကို ၁၅ သိန်းလောက်ဖြစ်မှာပေါ့၊ ဒါကတော့ အစိုးရအနေနဲ့ ပထမ plan ပေါ့” ဟု ပြောသည်။
ယင်းထောက်ပံ့ရေးရနိူင်ဖို့ ပြည်နယ်အစိုးကလည်း ဌာနဆိုင်ရာက စိစစ်ပြီးမှ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
ဝန်ကြီးက “စိုက်ပျိုးရေးဌာနရှိတယ်၊ မြေစာရင်းဌာန ရှိတယ်၊ သစ်တောဌာန ရှိတယ်၊ တစ်ခြားဌာနကလည်း စိစစ်ပြီးလုပ်မှာပေါ့၊ မြို့နယ်အဆင့် ချေးငွေထုတ်ပေးတဲ့ သူတွေက လုပ်ပေးရမှာပေါ့၊ ပြီးတော့ ကျွန်တော်တို့က အပေါင်ပစ္စည်းမပါပဲ လုပ်ပေးမယ်” ဟု ပြောသည်။
“အတိုးနူန်းကြတော့ ၁၃ ရာခိုင်နူန်းကနေ ၁၆ ထိတစ်နှစ်ကို ယူမယ်၊ အစိုးရ ဘဏ်ချေးနူန်းလိုပေါ့၊ ဒါပေမဲ့ သူတို့က သုံးနှစ်မှာပေးမယ်၊ နောက်အတိုးကိုကျတော့ သုံးလ တစ်ကြိမ်ပေးမယ်။ တစ်နှစ်စာ ဆိုရင်တော့ ၈.၅ ဖြစ်မှာပေါ့” ဟု ပြော်သည်။
ချင်းပြည်နယ်အတွင်းရှိ ပထမဆုံးဖြစ်သော ဝဥ ချောက်လှမ်းစက်ကို မင်တပ်မြို့နယ်တွင် တည်ရှိပြီး ချေးငွေ သိန်း ၂၀၀၀ သာရရှိသည့်အတွက် လိုအပ်တဲ့ စက်ကရိယာများ ဝယ်နိူင်ဖို့ရန် ချင်းပြည်နယ် အစိုးရက သိန်း ၁၀၀၀ စိုက်ပေးဖို့ စီစဉ်ထားကြောင်း သိရသည်။

zawgyi

ဘိန္း အစားထုိးစုိက္ပ်ဳိးရန္ ၀ဥ စုိက္ခင္း တစ္ဧကလွ်င္ က်ပ္ ၁၅ သိန္း ခ်င္းျပည္နယ္အစုိးရမွ ေထာက္ပံ့ေပးမည္
ခ်င္းျပည္နယ္ရွိ ဘိန္းအစားထုိးစုိက္ပ်ိဴးရန္ ၀ဥ စုိက္ခင္း တစ္ဧကလွ်င္ က်ပ္ ၁၅ သိန္း ေထာက္ပံႏုိင္ ရန္ ခ်င္းျပည္နယ္ အစုိးရႏွင့္ SME Bank တြဲၿပီး လုပ္ေဆာင္ေပးရန္ ေဆာင္ရြက္ေနေၾကာင္း ခ်င္းျပည္နယ္ အစုိးရေျပာေရးဆုိခြင့္ရွိသူ စည္ပင္ ၀န္ႀကီး ဦးစုိးထက္က ေျပာသည္။
၀န္ႀကီး ဦး စုိးထက္က “ကၽြန္ေတာ္တုိ႔ ခ်င္းျပည္အတြင္းရွိ ၉ ၿမိဳ႕နယ္လုံးကုိ ေပးဖုိ႔ရွိတယ္၊ တစ္ျပည္နယ္လုံးကုိ သိန္းေပါင္း က်ပ္ ၁၆,၀၀၀ ေပးမယ္၊ တြန္းဇံၿမိဳ႕နယ္ကုိေတာ့ သူတုိ႔စီးပြားေရး အစားထုိးေပးဖုိ႔ ႏွစ္ဆလုိတာေပါ့၊ ဧကနဲ႔ကေတာ့ တစ္ဧကကုိ က်ပ္ ၁၅ သိန္းေပးဖုိ႔လုပ္ထားတယ္ အဲ့ဒီအတြက္ အခုလုပ္ေပး ေနတုန္းျဖစ္တယ္” ဟု ေျပာသည္။
အဆုိပါ ေထာက္ပံ့ေရးကုိ လာမည္႔ ဒီဇင္ဘာလအတြင္း ေထာက္ပံ့ေပးႏူိင္ဖုိ႔ ႀကဳိးစားေနေၾကာင္း စည္ပင္ ၀န္ႀကီး ဦး စုိးထက္ ကေျပာသည္။
သူက “ကၽြန္ေတာ္အခု ဒီကိစၥျဖစ္ေျမာက္ႏူိင္ဖုိ႔ သြားေနတယ္၊ ဘယ္ခ်ိန္ေထာက္ပံ့ေပးႏူိင္မလဲ ဆုိတာကေတာ့ ဒီဇင္ဘာလ မွာလုပ္ေပးႏူိင္မယ္ထင္ပါတယ္။ ၿမိဳ႕နယ္ ၉ ခုကုိ ဧက ၁၀၀ စီ ေထာက္ပံ့ေပးမယ္၊ အကုန္လုံးက ဧက ၉၀၀ ဆုိေတာ့ တစ္ ဧကကုိ ၁၅ သိန္းေလာက္ျဖစ္မွာေပါ့၊ ဒါကေတာ့ အစုိးရအေနနဲ႔ ပထမ plan ေပါ့” ဟု ေျပာသည္။
ယင္းေထာက္ပံ့ေရးရႏူိင္ဖုိ႔ ျပည္နယ္အစုိးကလည္း ဌာနဆုိင္ရာက စိစစ္ၿပီးမွ လုပ္ေဆာင္ေပးမည္ ျဖစ္ေၾကာင္း ၀န္ႀကီးက ေျပာသည္။
၀န္ႀကီးက “စုိက္ပ်ဳိးေရးဌာနရွိတယ္၊ ေျမစာရင္းဌာန ရွိတယ္၊ သစ္ေတာဌာန ရွိတယ္၊ တစ္ျခားဌာနကလည္း စိစစ္ၿပီးလုပ္မွာေပါ့၊ ၿမိဳ႔နယ္အဆင့္ ေခ်းေငြထုတ္ေပးတဲ႔ သူေတြက လုပ္ေပးရမွာေပါ့၊ ျပီးေတာ့ ကၽြန္ေတာ္တုိ႔က အေပါင္ပစၥည္းမပါပဲ လုပ္ေပးမယ္” ဟု ေျပာသည္။
“အတုိးႏူန္းၾကေတာ့ ၁၃ ရာခုိင္ႏူန္းကေန ၁၆ ထိတစ္ႏွစ္ကုိ ယူမယ္၊ အစုိးရ ဘဏ္ေခ်းႏူန္းလုိေပါ့၊ ဒါေပမဲ့ သူတုိ႔က သုံးႏွစ္မွာေပးမယ္၊ ေနာက္အတုိးကုိက်ေတာ့ သုံးလ တစ္ႀကိမ္ေပးမယ္။ တစ္ႏွစ္စာ ဆုိရင္ေတာ့ ၈.၅ ျဖစ္မွာေပါ့” ဟု ေျပာ္သည္။
ခ်င္းျပည္နယ္အတြင္းရွိ ပထမဆုံးျဖစ္ေသာ ၀ဥ ေခ်ာက္လွမ္းစက္ကုိ မင္တပ္ၿမိဳ႕နယ္တြင္ တည္ရွိၿပီး ေခ်းေငြ သိန္း ၂၀၀၀ သာရရွိသည္႔အတြက္ လုိအပ္တဲ႔ စက္ကရိယာမ်ား ၀ယ္ႏူိင္ဖုိ႔ရန္ ခ်င္းျပည္နယ္ အစုိးရက သိန္း ၁၀၀၀ စုိက္ေပးဖုိ႔ စီစဥ္ထားေၾကာင္း သိရသည္။