Input your search keywords and press Enter.


Salai C.Lian






Zawgyi Version
ဦးဝမ္မသူးမောင်းကြေးရုပ်ပန္နက်တင်ဖွင့်ပွဲ နှင့် သစ်ပင်စိုက်ပွဲကျင်းပ

ချင်းအမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝမ္မသူးမောင်းကြေးရုပ်ပန္နက်တင်ဖွင့်ပွဲကို မင်းတပ်မြို့ရှိ ဦးဝမ္မသူးမောင်းပန်းခြံတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်ပြုလုပ်ပြီး သစ်ပင်စိုက်ပွဲကိုခေါ်နူးစုမ်အမျိုးသားဥယာဉ်တွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါပွဲတွင် ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦး စိုးထက်၊ နော်ဝေနိုင်ငံ၊ Froland မြို့တော်ဝန် Mr. Ove Gundersen နှင့် နော်ဝေနိုင်ငံရှိ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံဖြစ်မြောက်ရေး အမှုဆောင် ကော်မတီဥက္ကဌ John Thang Mang တို့အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

နော်ဝေနိုင်ငံရှိ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံဖြစ်မြောက်ရေးကော်မတီတွင် ပါဝင်သူ ဆလိုင်း ကျော်မိုးက “သူတို့ခေါ်နူးစုမ်တောင်မှာ သစ်ပင် လာစိုက်တယ်ဆိုတာက အမှတ်တရပေါ့၊ ချင်းပြည်နယ် အစိုးရဖွဲ့နဲ့ အမှတ်တရပေါ့၊ ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အိမ်ခြံတွင်းမှာလည်း ငြိမ်းချမ်းရေးသစ်ပင်စိုက်ကြတယ်” ဟု ပြောသည်။

ယင်းအပြင် နော်ဝေနိုင်ငံ၊ Froland မြို့တော်ဝန် Mr. Ove Gundersen လာရောက်ခြင်းဖြင့် နော်ဝေနိုင်ငံကို သွားလည်ရာတွင် လွယ်ကူစွာ ဗီစာ ရနိုင်တော့မည်ဖြစ်ကြောင်း ဆက်ပြောသည်။

ဆလိုင်းကျော်မိုးက “အရင်က ဆိုရင်တော့ နော်ဝေနိုင်ငံသွားဖို့ ဗီစာ ရဖို့ဆိုတာ အလွန်ခက်ခဲတယ်၊ ဒါပေမဲ့ အခုမြို့တော်ဝင်တို့ လာရောက်ခြင်းဖြင့် ပိုလွယ်ကူမယ်၊ နော်ဝေ သံအမတ်ကြီးကလည်း ပြောတယ်၊ အရင်ထက် သွားလာရေး ပိုလွယ်ကူတော့မယ်” ဟု ပြောသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နော်ဝေနိုင်ငံ Froland မြို့တော်ဝန် Mr.Ove Gundersen နှင့် “ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ”၏ အမှုဆောင် ကော်မတီမှ Salai John Thang Tam Mang တို့ ဦးဆောင်သည့် အဖွဲ့ဝင်များသည် နိုဝင်ဘာလ (၁၆)ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ကြောင်းသိရသည်။