

Salai Benezer
ချင်းပြည်နယ်အတွင် သုံးနှစ်အတွင်း အခြေခံပညာကျောင်းပေါင်း ၉၀၀ ကျော် အဆင့်တိုးပေးခဲ့ပြီး အစိုးရမှ ဆက်လက်ထောက်ပံ့နိုင်မှု အားနည်းသဖြင့် ထူးထူးခြားခြား တိုးတက်ပြောင်းလဲသွားခြင်းမရှိကြောင်း လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်းထန်မှ ပြောသည်။
“ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ကျနော်တို့ကျောင်းအများကြီးကို အဆင့်တိုးလိုက်တယ်၊ လူထုကလည်း လိုချင်
လွှတ်တော်ကိုယ်စားလှယ်တွေကလည်းလိုချင်ဆိုတော့လုပ်ပေးလိုက်တယ်၊ ကျောင်းပေါင်း ၉၀၁ကျောင်း အဆင့်တိုးပြီးပီ သုံးနှစ်အတွင်းမှာပေါ့၊ ကျောင်းပေါင်း ၉၀၀ အဆင့်တိုးပြီးတော့ ဘာအကျိုးရှိလာလဲဆိုရင် နိုင်ငံတော်အစိုးရအနေနဲ့ မထောက်ပံ့နိုင်ဘူး၊ အဆောက်အဦးတွေလည်း မဆောက်နိုင်ဘူး၊ တစ်ခြားလိုအပ်တာလည်း မထောက်ပံ့နိုင်တော့ အဆင့်ပဲတိုးပြီးတော့ ဘာမှအကျိုးမရှိဘူး”ဟု လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန်မှ ပြောသည်။
ချင်းပြည်နယ်အတွင်း ကျောင်းပေါင်းများစွာ အဆင့်တိုးပေးခဲ့သော်လည်း ဆက်လက်ထောက်ပံ့နိုင်မှုအားနည်းသဖြင့် ကျောင်းအဆင့် တိုးပေးမှုကို ကန့်သတ်ပြီး အမှန်တစ်ကယ်လိုအပ်သည့် ကျောင်းဆရာ/ဆရာမ များ ပိုမိုခန့်ထားခြင်းများကို ဦးစားပေး ဆောင်ရွက်သွားမည်ဟု ဝန်ကြီးက ပြောပါတယ်။
ချင်းပြည်နယ်အတွင်း အခြေခံကျောင်းအဆင့်များ တိုးလာမှုနှင့်ပတ်သတ်ပြီး ဟားခါးဒေသခံ ကိုအုပ်သဲမှ “အခုနောက်ပိုင်း ကျောင်းအဆင့်တွေ တိုးတက်လာတာတော့ကောင်းပါတယ်၊ ဒါပေမယ့် ကျနော်ခရီးသွားရင်းနဲ့ တွေ့ရတာတစ်ချို့က ကျောင်းသားတစ်ယောက်ဘဲရှိတယ်၊ အဆောက်အဦးတွေကလည်း အရမ်းကောင်းပြန်တယ်၊ တစ်ချို့ကျောင်းတွေကျ ကျောင်းသား/သူတွေ ရှိပေမယ့် အလယ်တန်းကျောင်းမှာ ဆရာ/ဆရာမ တစ်ယောက်ဘဲရှိတာတို့ကို တွေ့ရပြန်တယ်၊ အဲဒါမျိုးတွေကို မျှမျှတတဖြေရှင်းပေးသင့်တယ်လို့မြင်တယ်”ဟု ပြောသည်။
ချင်းပြည်နယ်သည် တစ်နိုင်ငံလုံးအတိုင်းအတာငြင့် ပညာရေးအနိမ့်ဆုံးပြည်နယ်ထဲတွင် ပါဝင်နေပြီး ဆရာ/ဆရာမ လိုအပ်ချက် ၄၀၀၀ နီးပါး ရှိနေကာ ပြည်နယ်အစိုးရအနေဖြင့် ဝန်ထမ်းလိုအပ်ချက်ဖြည့်ဆည်းနိုင်ရန် လုပ်အားပေးဝန်ထမ်းများ ခေါ်ယူရန် စီစဉ်နေကြောင်းသိရသည်။
Zawgyi Version
သံုးႏွစ္အတြင္း အေျခခံေက်ာင္းေပါင္း ၉၀၀ေက်ာ္ အဆင့္တိုးေပးခဲ့ေသာ္လည္း တိုးတက္မႈမရွိဟု လူမႈေရး၀န္ႀကီးဆို
ခ်င္းျပည္နယ္အတြင္ သံုးႏွစ္အတြင္း အေျခခံပညာေက်ာင္းေပါင္း ၉၀၀ ေက်ာ္ အဆင့္တိုးေပးခဲ့ၿပီး အစိုးရမွ ဆက္လက္ေထာက္ပံ့ႏိုင္မႈ အားနည္းသျဖင့္ ထူးထူးျခားျခား တိုးတက္ေျပာင္းလဲသြားျခင္းမရွိေၾကာင္း လူမႈေရး၀န္ႀကီး ဦးေပါင္လြန္းမင္းထန္မွ ေျပာသည္။
“ၿပီးခဲ့တဲ့ သံုးႏွစ္အတြင္း က်ေနာ္တို႔ေက်ာင္းအမ်ားႀကီးကို အဆင့္တိုးလိုက္တယ္၊ လူထုကလည္း လိုခ်င္
လႊတ္ေတာ္ကိုယ္စားလွယ္ေတြကလည္းလိုခ်င္ဆိုေတာ့လုပ္ေပးလိုက္တယ္၊ ေက်ာင္းေပါင္း ၉၀၁ေက်ာင္း အဆင့္တိုးၿပီးပီ သံုးႏွစ္အတြင္းမွာေပါ့၊ ေက်ာင္းေပါင္း ၉၀၀ အဆင့္တိုးၿပီးေတာ့ ဘာအက်ဳိးရွိလာလဲဆိုရင္ ႏိုင္ငံေတာ္အစိုးရအေနနဲ႔ မေထာက္ပံ့ႏိုင္ဘူး၊ အေဆာက္အဦးေတြလည္း မေဆာက္ႏိုင္ဘူး၊ တစ္ျခားလိုအပ္တာလည္း မေထာက္ပံ့နိုင္ေတာ့ အဆင့္ပဲတိုးၿပီးေတာ့ ဘာမွအက်ဳိးမရွိဘူး”ဟု လူမႈေရး၀န္ႀကီး ေပါင္လြန္မင္းထန္မွ ေျပာသည္။
ခ်င္းျပည္နယ္အတြင္း ေက်ာင္းေပါင္းမ်ားစြာ အဆင့္တိုးေပးခဲ့ေသာ္လည္း ဆက္လက္ေထာက္ပံ့ႏိုင္မႈအားနည္းသျဖင့္ ေက်ာင္းအဆင့္ တိုးေပးမႈကို ကန္႔သတ္ၿပီး အမွန္တစ္ကယ္လိုအပ္သည့္ ေက်ာင္းဆရာ/ဆရာမ မ်ား ပိုမိုခန္႔ထားျခင္းမ်ားကို ဦးစားေပး ေဆာင္ရြက္သြားမည္ဟု ၀န္ႀကီးက ေျပာပါတယ္။
ခ်င္းျပည္နယ္အတြင္း အေျခခံေက်ာင္းအဆင့္မ်ား တိုးလာမႈႏွင့္ပတ္သတ္ၿပီး ဟားခါးေဒသခံ ကိုအုပ္သဲမွ “အခုေနာက္ပိုင္း ေက်ာင္းအဆင့္ေတြ တိုးတက္လာတာေတာ့ေကာင္းပါတယ္၊ ဒါေပမယ့္ က်ေနာ္ခရီးသြားရင္းနဲ႔ ေတြ႕ရတာတစ္ခ်ဳိ႕က ေက်ာင္းသားတစ္ေယာက္ဘဲရွိတယ္၊ အေဆာက္အဦးေတြကလည္း အရမ္းေကာင္းျပန္တယ္၊ တစ္ခ်ဳိ႕ေက်ာင္းေတြက် ေက်ာင္းသား/သူေတြ ရွိေပမယ့္ အလယ္တန္းေက်ာင္းမွာ ဆရာ/ဆရာမ တစ္ေယာက္ဘဲရွိတာတို႔ကို ေတြ႕ရျပန္တယ္၊ အဲဒါမ်ဳိးေတြကို မွ်မွ်တတေျဖရွင္းေပးသင့္တယ္လို႔ျမင္တယ္”ဟု ေျပာသည္။
ခ်င္းျပည္နယ္သည္ တစ္ႏိုင္ငံလံုးအတိုင္းအတာျငင့္ ပညာေရးအနိမ့္ဆံုးျပည္နယ္ထဲတြင္ ပါ၀င္ေနၿပီး ဆရာ/ဆရာမ လိုအပ္ခ်က္ ၄၀၀၀ နီးပါး ရွိေနကာ ျပည္နယ္အစိုးရအေနျဖင့္ ၀န္ထမ္းလိုအပ္ခ်က္ျဖည့္ဆည္းနိုင္ရန္ လုပ္အားေပး၀န္ထမ္းမ်ား ေခၚယူရန္ စီစဥ္ေနေၾကာင္းသိရသည္။