Input your search keywords and press Enter.
ချင်းပါတီ (၃) ပူးပေါင်းထားတဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရဲ့ ပူးတွဲဥက္ကဌဖြစ်တဲ့ ဦးနိုထန်ကပ်နှင့်တွေ့ဆုံးမေးမြန်းခြင်း အပိုင်း (၁)
မေး။ ။ ပထမဆုံးအနေနဲ့ နာမည်နဲ့ လက်ရှိပါတီမှာ တာဝန်ယူထားတဲ့ တာဝန်ကိုသိချင်ပါတယ်။
ဖြေ။ ။ ကျွန်တော့်နာမည်ကတော့ ဦး နိူးထန်ကပ်ဖြစ်ပြီး လက်ရှိမှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီရဲ့ ဥက္ကဌ (၃) ဦးအနက် တစ်ဦးအပါအဝင်ပါ။
မေး။ ။ ယခင်က နိူင်ငံရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှု ကိုပြောပြပေးပါ။
ဖြေ။ ။ ယခင်က ၁၉၉၈ ခုနှစ်ကနေ Chin National Fornt ( CNF ) မှာ ဥက္ကဌ လုပ်ပြီး၊ Chin National Army တည်ထောင်ပြီးတော့ Comanda in Cheif လုပ်ခဲ့တယ်၊ ၁၉၉၂ ခုနှစ်က ကျွန်တော်တို့ အဖွဲ့အတွင်း အဆင်မပြေတဲ့ဟာရှိလို့ အနားယူလိုက်တယ်၊ အဲဒီနောက်ပိုင်း အိန္ဒိယအစိုးရက ကျွန်တော့်ကို မြန်မာပြည်ပို့ပေးတော့ ထောက်ချခံရပြီး ပြန်လွတ်လာတယ်၊ ပြီးတော့ ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်ဖို့ မြန်မာနိူင်ငံမှာ အဆင်မပြေလို့ ၂၀၀၈ အခြေခံဥပဒေ ရေးဆွဲပြီးတော့ ၂၀၁၀ မှာ ချင်းတိုးတက်ရေးပါတီကို တည်ထောင်ပြီး ဥက္ကဌ တာဝန်ယူထားတယ်၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တည်ထောင်တဲ့ထိ ဥက္ကဌ တာဝန်ကို ယူတယ်၊ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှာ ချင်းရေးရာဝန်ကြီး တာဝန်ယူခဲ့တယ်၊ အဲ့ဒီနောက်ပိုင်း ၂၀၁၅ ရွေးကော်ပွဲမှာ ချင်းရေးရာဝန်ကြီး နေရာမှာပဲ ဆက်လက်ယှဉ်ပြိုင်ပေမဲ့ ကျွန်တော်မနိူင်ဘူး၊ အခုချင်းပါတီ ၃ ခုပူးပေါင်းပြီး (၈) လကြာမှပဲ မှတ်ပုံတင် ရနိူင်တော့ မိုးရာသီ ဖြစ်ပေမဲ့ ချင်းပြည်နယ် (၈) မြို့နယ် နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ပါတီရုံးဖွင့်လှစ်ဖို့ ခရီးထွက်ခဲ့တယ်။ ကျွန်တော်တို့ ရည်မှန်းချက်ကတော့ ပါတီအဖွဲ့ချုပ်ရုံးမဟုတ်တဲ့ နေရာတွေမှာ ရုံးခွဲ (၂၀) ကျော်ဖွင့်ဖို့ရှိတယ်၊ လာမယ့်ရွေးကောက်ပွဲမှာလည်း အမတ်နေရာ (၆၀) ဝင်ပြိုင်ဖို့ရှိတယ်၊
မေး။ ။ ချင်းပါတီ (၃) ခုပူးပေါင်းဖြစ်တဲ့အကြောင်း ထပ်ရှင်းပြပေးပါ။
ဖြေ။ ။ ချင်းပါတီ (၃) ခု ပေါင်းထားခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ တကယ်တမ်းပြောရင် multi – party system လို့ခေါ်တဲ့ ပါတီအများကြီးတည်ထောင်နိူင်တဲ့ ဒီမိုကရေစီ စနစ်ထဲမှာ ပါတီအများကြီး တည်ထောင်နိူင်ပေမဲ့ ချင်းလူမျိုးနည်းနည်းနဲ့ နိူင်ငံရေးဘက်မှာ အဝေးကြီးမသွားနိုင်သေးတဲ့ ပါတီ နှစ်ခု သုံးခုရှိခြင်းဖြင့် ဘယ်လောက်ပဲ ကျွန်တော်တို့ ရည်ရွယ်ချက်ကောင်းကောင်း ပြည်သူတွေအတွက် နားလည်ဖို့ခက်ခဲတယ်၊ ရွေးကောက်ပွဲမှာလဲ ဘယ်ပါတီကို ရွေးရမလဲ ဆိုတဲ့ ပြသနာရှိတာကြောင့် ကျွန်တော်တို့ ပူးပေါင်းခြင်းဖြစ်တယ်၊ ဒုတိယချက်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပါတီအများကြီးရှိလို့ ရံှုးရခြင်းဖြစ်တယ်ဆိုတဲ့ ခံယူချက်ရှိလို့ ပူးပေါင်းမယ်ဆိုတဲ့အဆိုရယ်၊ ဒီပါတီ (၃) ခုက မူဝါဒနဲ့ ရည်ရွယ်ချက်ကလည်း ၉၉ ရာခိုင်းနှုန်းတူနေတော့ တစ်ခြားစီနေဖို့ မလိုဘူးလို့ ကျွန်တော်တို့မြင်တယ်၊ ပြီးတော့ တိုင်းရင်းသား တွေဖြစ်တဲ့ ကချင်၊ မွန်၊ ရှမ်း၊ ကယား တို့ကလည်း အကုန်လုံးပူးပေါင်း နေပြီဆိုတော့ ကျွန်တော်တို့လည်း ပူးပေါင်းလိုက်ရင် ၁၀၀ ရာခိုင်နှုန်း အလုပ်လုပ်နိူင်မယ်လို့ ကျွန်တော်တို့ထင်လို့ ပူးပေါင်းခြင်းဖြစ်တယ်။
မေး။ ။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မြို့နယ်အတော်များများမှာ ပါတီရုံးသစ်တွေဖွင့်လှစ်ခဲ့ပြီးပြီ။ အဲလိုပါတီပူးပေါင်းပြီးနောက် ပါတီရုံးဖွင့်ပွဲတစ်လျှောက်မှာ ဘာတွေ အခက်အခဲကြုံရတာရှိလဲ။
ဖြေ။ ။ အခုကျွန်တော်တို့ ခရီးစဉ်မှာ အဲလောက်ကြီး အခက်အခဲတော့ မရှိဘူး၊ ဒါပေမဲ့ မိုးရာသီဖြစ်တော့ လမ်းပမ်းဆက်သွယ်ရေးရယ်၊ တစ်ညနှစ်ည လောက်အိပ်ပြီး ခရီးဆက်နေတော့ လူတော့တော်တော်ပင်ပန်းတယ်၊ ပြီးတော့ ထင်တာထက်ပြည်သူတွေက အင်တိုက်အားတိုက်ကြိုဆိုကြတော့ ကျွန်တော်တို့လည်း အားရဖြစ်တယ်၊ ပြည်သူတွေက ကျွန်တော်တို့ပါတီသစ်ကို နွေးထွေးစွာကြိုဆိုကြတော့ ကျွန်တော်တို့ ပင်ပန်းမှုလည်း အကုန်လုံးပျောက်သွားစေတယ်။
မေး ။ ။ ပါတီရုံးဖွင့်ပွဲတွေလုပ်တဲ့အချိန်မှာ ပိုပြီးအားရတဲ့ မြို့နယ်တွေရှိလား။
ဖြေ။ ။ ကျွန်တော် ပိုအားရတဲ့မြို့နယ်ဆိုရင်တော့ မင်းတပ်၊ မတူပီ၊ ကန်ပလက်ကို သိပ်မထင်ထားပေမဲ့ တော်တော်လေးကောင်းတယ်၊ ပြီးတော့ ဒုတိယအကြိမ် ခရီးစဉ်ကလည်း ထန်တလန်ကနေ စပြီးတော့ အကုန်လုံးတူနေတယ်၊ ဥပမာ ပြောရရင် တီးတိန်ဘက်ကိုသွားတဲ့ချိန် သိပ်မထင်ထားပေမဲ့ တော်တော်လေး ကောင်းတယ်၊ တွန်းဇံကလည်း ပါတီတောင် တည်ထောင်နိူင်မလားလို့ ထင်မိပေမယ့် ကောင်းကောင်းလေးဖွဲ့စည်းနိူင်ခဲ့တယ်၊ တမူးဘက်လည်း အရမ်းကောင်းတယ်၊ အထူးသဖြင့် ကလေးနဲ့ တမူးက တောင်ပေါ်ကနေ ဆင်းလာတဲ့ ချင်းတွေများတော့ အရမ်းအရေးကြီးတယ်၊ ကျွန်တော်တို့ အခြေအနေကောင်းပါတယ်။
မေး။ ။ ခေတ်အဆက်ဆက်ကြည့်ရင် ပြည်မပါတီမှာ မနေရင် ရာထူးကောင်းကောင်းမရနိူင်ဘူးဆိုတဲ့ အယူအဆရှိတဲ့သူတွေအပေါ် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ဘယ်လိုတုန့်ပြန်ချင်လဲ။
ဖြေ။ ။ ပြည်မပါတီကို ကျွန်တော်တို့ ပူးပေါင်းလို့ ရာထူးကောင်းရမယ်ဆိုတဲ့ နိူင်ငံရေးလောကထဲ ဝင်နေတဲ့သူတွေကတော့ အမည်ခံနိူင်ငံရေးသမားတွေပဲ ဖြစ်တယ်။ Nationalism ဆိုတဲ့ ကိုယ့်တိုင်းပြည်ကို ချစ်တဲ့သူလို့ ကျွန်တော်ကတော့ မမြင်ဘူး၊ အဲဒါကြောင့် ဒီလိုအတွေးရှိတဲ့သူတွေကတော့ ကိုယ့်တိုင်းပြည်ကို ဖျက်စီးတဲ့သူနှင့် ကိုယ့်အမျိုးသား စိတ်ဓါတ်ကို ပြောင်းလဲစေတဲ့သူလို့ ပဲကျွန်တော်ကတော့ စဉ်းစားမိတယ်၊ အဲလိုပြောလို့ သူတို့တွေက ပညာမတတ်ဘူးဆိုဒါမျိုးတော့ မဟုတ်ဘူး၊ သူတို့ရဲ့နိူင်ငံရေး ကစားပုံကတော့ ရာထူးတစ်နေရာသာကြည့်ပြီး၊ ရာထူးရရင်လည်း သူတို့နေတဲ့ ပြည်မပါတီ မူဝါဒနှင့် ရည်ရွယ်ချက်ကို လိုက်နာဖို့ လိုအပ်တဲ့အတွက် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအပေါ်သူတို့ ဘယ်လောက်ပဲ ချစ်ချစ်အလုပ်မဖြစ်နိူင်တော့ဘူး လို့မြင်တယ်၊ အကျဉ်းချုပ်ပြောလိုက်ရင် ရာထူးကိုသာကြည့်တဲ့အတွက် တကယ် ရင်နာစရာကောင်းတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့က ရာထူးဘယ်လောက်ပဲ ကြီးနေပါစေ ပြည်မပါတီမှာနေတော့ သူတို့ရဲ့မူဝါဒကို လိုက်နာရမှာပဲ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်အမျိုးသားတွေအတွက် တကယ်အလုပ်လုပ်နိူင်မယ့်သူကတော့ ချင်းပါတီမှာ သူတို့နေသင့်တယ်၊ ချင်းပါတီရပ်တည်ချက်ကလည်း ချင်းပြည်သူတွေအတွက်ပဲ အဓိက လုပ်ဆောင်နေတာ၊ ကိုယ်လူမျိုးကို ချစ်ရင် ချင်းပါတီမှာ နေသင့်တယ်လို့ ကျွန်တော်ကမြင်တယ်။
မေ။ ။ ချင်းပါတီကို ပြည်မပါတီထက် မဲပိုပေးဖို့ ဘာကြောင့်ပိုလိုအပ်တယ်လို့ ထင်တာလဲ။
ဖြေ။ ။ ဘာကြောင့် ချင်းပါတီကို ပြည်မပါတီထက် ပိုမဲပေးသင့်သလဲ ဆိုတော့ အကျဉ်းချုပ်ပြောရရင် ချင်းကချင်းကိုမရပ်တည်ပေးဘူးဆိုရင် ဘယ်သူကရပ်တည်ပေးမှာလဲ၊ ရခိုင်ကရခိုင်ပါတီကို ရပ်တည်ပေးတယ်၊ ဗမာတွေကို သွားကြည့်မယ်ဆိုရင် ရှမ်း၊ ကချင်ပါတီတွေကို ဘယ်တော့မှ ရပ်တည်ပေးမှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သူတို့က နိူင်ငံရေးအမြင်ရှိတာတော်တော်ကြာပြီ၊ ဒါပေမဲ့ ကျွန်တော်တို့ ချင်းတွေက ကိုယ့်ချင်းပါတီကို မဲသွားပေးတာထက် ဗမာပါတီကို မဲသွားပေးတာ ကိုယ့်လူမျိုးချစ်သလိုလိုနဲ့ ပိုပြီးအလုပ်လုပ်နိူင်မယ်လို့ ထင်နေကြတယ်၊ ဒါဟာ တော်တော်မှားတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်၊ အဲဒါကြောင့် ချင်းပါတီကို မဲပေးသင့်တယ်၊ ဥဗမာ ချင်းပါတီခေါင်းဆောင်တွေကို မဲသွားပေးရင် ခေါင်းဆောင်တွေကို သွားကူညီတာ မဟုတ်ပဲ သူ့ဟာသူကူညီတာဖြစ်တယ်၊ ကိုယ့်လူမျိုးမှာ တကယ်လိုအပ်တဲ့ လမ်း၊ တံတားလောက်မဟုတ်ပဲ ကျွန်တော်တို့ စာပေယဉ်ကျေးမှု ပိုတိုးတက်စေချင်တယ်ဆိုရင် ကိုယ့်ချင်းပါတီကို မဲပေးရမယ်၊ ဒါကို ချင်းလူထုကိုယ်တိုင် နားလည်ရင် campign လုပ်စရာတောင်လိုမှာ မဟုတ်တော့ဘူးလို့ ကျွန်တော်ယုံကြည်တယ်၊ ကျွန်တော်တို့ကြားမှာ နားလည်မှုလွဲတာရှိရင် ကျွန်တော်တို့ကလည်း စုံစမ်းပြီး ပြန်လည်ရှင်းလင်းဖို့လိုတယ်လို့ ကျွန်တော်ယုံကြည်တယ်။
Zawgyi
ဖြေ။ ။ ကျွန်တော့်နာမည်ကတော့ ဦး နိုးထန်ကပ်ဖြစ်ပြီး လက်ရှိမှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီရဲ့ ဥက္ကဌ (၃) ဦးအနက် တစ်ဦးအပါအ၀င်ပါ။
မေး။ ။ ယခင်က နိုင်ငံရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှု ကိုပြောပြပေးပါ။
ဖြေ။ ။ ချင်းပါတီ (၃) ခု ပေါင်းထားခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ တကယ်တမ်းပြောရင် multi – party system လို့ခေါ်တဲ့ ပါတီအများကြီးတည်ထောင်နိုင်တဲ့ ဒီမိုကရေစီ စနစ်ထဲမှာ ပါတီအများကြီး တည်ထောင်နိုင်ပေမဲ့ ချင်းလူမျိုးနည်းနည်းနဲ့ နိုင်ငံရေးဘက်မှာ အဝေးကြီးမသွားနိုင်သေးတဲ့ ပါတီ နှစ်ခု သုံးခုရှိခြင်းဖြင့် ဘယ်လောက်ပဲ ကျွန်တော်တို့ ရည်ရွယ်ချက်ကောင်းကောင်း ပြည်သူတွေအတွက် နားလည်ဖို့ခက်ခဲတယ်၊ ရွေးကောက်ပွဲမှာလဲ ဘယ်ပါတီကို ရွေးရမလဲ ဆိုတဲ့ ပြသနာရှိတာကြောင့် ကျွန်တော်တို့ ပူးပေါင်းခြင်းဖြစ်တယ်၊ ဒုတိယချက်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပါတီအများကြီးရှိလို့ ရှုံးရခြင်းဖြစ်တယ်ဆိုတဲ့ ခံယူချက်ရှိလို့ ပူးပေါင်းမယ်ဆိုတဲ့အဆိုရယ်၊ ဒီပါတီ (၃) ခုက မူဝါဒနဲ့ ရည်ရွယ်ချက်ကလည်း ၉၉ ရာခိုင်းနှုန်းတူနေတော့ တစ်ခြားစီနေဖို့ မလိုဘူးလို့ ကျွန်တော်တို့မြင်တယ်၊ ပြီးတော့ တိုင်းရင်းသား တွေဖြစ်တဲ့ ကချင်၊ မွန်၊ ရှမ်း၊ ကယား တို့ကလည်း အကုန်လုံးပူးပေါင်း နေပြီဆိုတော့ ကျွန်တော်တို့လည်း ပူးပေါင်းလိုက်ရင် ၁၀၀ ရာခိုင်နှုန်း အလုပ်လုပ်နိုင်မယ်လို့ ကျွန်တော်တို့ထင်လို့ ပူးပေါင်းခြင်းဖြစ်တယ်။
ဖြေ။ ။ ကျွန်တော် ပိုအားရတဲ့မြို့နယ်ဆိုရင်တော့ မင်းတပ်၊ မတူပီ၊ ကန်ပလက်ကို သိပ်မထင်ထားပေမဲ့ တော်တော်လေးကောင်းတယ်၊ ပြီးတော့ ဒုတိယအကြိမ် ခရီးစဉ်ကလည်း ထန်တလန်ကနေ စပြီးတော့ အကုန်လုံးတူနေတယ်၊ ဥပမာ ပြောရရင် တီးတိန်ဘက်ကိုသွားတဲ့ချိန် သိပ်မထင်ထားပေမဲ့ တော်တော်လေး ကောင်းတယ်၊ တွန်းဇံကလည်း ပါတီတောင် တည်ထောင်နိုင်မလားလို့ ထင်မိပေမယ့် ကောင်းကောင်းလေးဖွဲ့စည်းနိုင်ခဲ့တယ်၊ တမူးဘက်လည်း အရမ်းကောင်းတယ်၊ အထူးသဖြင့် ကလေးနဲ့ တမူးက တောင်ပေါ်ကနေ ဆင်းလာတဲ့ ချင်းတွေများတော့ အရမ်းအရေးကြီးတယ်၊ ကျွန်တော်တို့ အခြေအနေကောင်းပါတယ်။
မေး။ ။ ခေတ်အဆက်ဆက်ကြည့်ရင် ပြည်မပါတီမှာ မနေရင် ရာထူးကောင်းကောင်းမရနိုင်ဘူးဆိုတဲ့ အယူအဆရှိတဲ့သူတွေအပေါ် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ဘယ်လိုတုန့်ပြန်ချင်လဲ။
ဖြေ။ ။ ပြည်မပါတီကို ကျွန်တော်တို့ ပူးပေါင်းလို့ ရာထူးကောင်းရမယ်ဆိုတဲ့ နိုင်ငံရေးလောကထဲ ၀င်နေတဲ့သူတွေကတော့ အမည်ခံနိုင်ငံရေးသမားတွေပဲ ဖြစ်တယ်။ Nationalism ဆိုတဲ့ ကိုယ့်တိုင်းပြည်ကို ချစ်တဲ့သူလို့ ကျွန်တော်ကတော့ မမြင်ဘူး၊ အဲဒါကြောင့် ဒီလိုအတွေးရှိတဲ့သူတွေကတော့ ကိုယ့်တိုင်းပြည်ကို ဖျက်စီးတဲ့သူနှင့် ကိုယ့်အမျိုးသား စိတ်ဓါတ်ကို ပြောင်းလဲစေတဲ့သူလို့ ပဲကျွန်တော်ကတော့ စဉ်းစားမိတယ်၊ အဲလိုပြောလို့ သူတို့တွေက ပညာမတတ်ဘူးဆိုဒါမျိုးတော့ မဟုတ်ဘူး၊ သူတို့ရဲ့နိုင်ငံရေး ကစားပုံကတော့ ရာထူးတစ်နေရာသာကြည့်ပြီး၊ ရာထူးရရင်လည်း သူတို့နေတဲ့ ပြည်မပါတီ မူဝါဒနှင့် ရည်ရွယ်ချက်ကို လိုက်နာဖို့ လိုအပ်တဲ့အတွက် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအပေါ်သူတို့ ဘယ်လောက်ပဲ ချစ်ချစ်အလုပ်မဖြစ်နိုင်တော့ဘူး လို့မြင်တယ်၊ အကျဉ်းချုပ်ပြောလိုက်ရင် ရာထူးကိုသာကြည့်တဲ့အတွက် တကယ် ရင်နာစရာကောင်းတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့က ရာထူးဘယ်လောက်ပဲ ကြီးနေပါစေ ပြည်မပါတီမှာနေတော့ သူတို့ရဲ့မူဝါဒကို လိုက်နာရမှာပဲ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်အမျိုးသားတွေအတွက် တကယ်အလုပ်လုပ်နိုင်မယ့်သူကတော့ ချင်းပါတီမှာ သူတို့နေသင့်တယ်၊ ချင်းပါတီရပ်တည်ချက်ကလည်း ချင်းပြည်သူတွေအတွက်ပဲ အဓိက လုပ်ဆောင်နေတာ၊ ကိုယ်လူမျိုးကို ချစ်ရင် ချင်းပါတီမှာ နေသင့်တယ်လို့ ကျွန်တော်ကမြင်တယ်။
ဖြေ။ ။ ဘာကြောင့် ချင်းပါတီကို ပြည်မပါတီထက် ပိုမဲပေးသင့်သလဲ ဆိုတော့ အကျဉ်းချုပ်ပြောရရင် ချင်းကချင်းကိုမရပ်တည်ပေးဘူးဆိုရင် ဘယ်သူကရပ်တည်ပေးမှာလဲ၊ ရခိုင်ကရခိုင်ပါတီကို ရပ်တည်ပေးတယ်၊ ဗမာတွေကို သွားကြည့်မယ်ဆိုရင် ရှမ်း၊ ကချင်ပါတီတွေကို ဘယ်တော့မှ ရပ်တည်ပေးမှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သူတို့က နိုင်ငံရေးအမြင်ရှိတာတော်တော်ကြာပြီ၊ ဒါပေမဲ့ ကျွန်တော်တို့ ချင်းတွေက ကိုယ့်ချင်းပါတီကို မဲသွားပေးတာထက် ဗမာပါတီကို မဲသွားပေးတာ ကိုယ့်လူမျိုးချစ်သလိုလိုနဲ့ ပိုပြီးအလုပ်လုပ်နိုင်မယ်လို့ ထင်နေကြတယ်၊ ဒါဟာ တော်တော်မှားတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်၊ အဲဒါကြောင့် ချင်းပါတီကို မဲပေးသင့်တယ်၊ ဥဗမာ ချင်းပါတီခေါင်းဆောင်တွေကို မဲသွားပေးရင် ခေါင်းဆောင်တွေကို သွားကူညီတာ မဟုတ်ပဲ သူ့ဟာသူကူညီတာဖြစ်တယ်၊ ကိုယ့်လူမျိုးမှာ တကယ်လိုအပ်တဲ့ လမ်း၊ တံတားလောက်မဟုတ်ပဲ ကျွန်တော်တို့ စာပေယဉ်ကျေးမှု ပိုတိုးတက်စေချင်တယ်ဆိုရင် ကိုယ့်ချင်းပါတီကို မဲပေးရမယ်၊ ဒါကို ချင်းလူထုကိုယ်တိုင် နားလည်ရင် campign လုပ်စရာတောင်လိုမှာ မဟုတ်တော့ဘူးလို့ ကျွန်တော်ယုံကြည်တယ်၊ ကျွန်တော်တို့ကြားမှာ နားလည်မှုလွဲတာရှိရင် ကျွန်တော်တို့ကလည်း စုံစမ်းပြီး ပြန်လည်ရှင်းလင်းဖို့လိုတယ်လို့ ကျွန်တော်ယုံကြည်တယ်။