Input your search keywords and press Enter.

Monthly Archives

October 2019

သုံးနှစ်အတွင်း အခြေခံကျောင်းပေါင်း ၉၀၀ကျော် အဆင့်တိုးပေးခဲ့သော်လည်း တိုးတက်မှုမရှိဟု လူမှုရေးဝန်ကြီးဆို

Salai Benezer ချင်းပြည်နယ်အတွင် သုံးနှစ်အတွင်း အခြေခံပညာကျောင်းပေါင်း ၉၀၀ ကျော် အဆင့်တိုးပေးခဲ့ပြီး အစိုးရမှ ဆက်လက်ထောက်ပံ့နိုင်မှု အားနည်းသဖြင့် ထူးထူးခြားခြား တိုးတက်ပြောင်းလဲသွားခြင်းမရှိကြောင်း လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်းထန်မှ ပြောသည်။ “ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ကျနော်တို့ကျောင်းအများကြီးကို အဆင့်တိုးလိုက်တယ်၊ လူထုကလည်း လိုချင် လွှတ်တော်ကိုယ်စားလှယ်တွေကလည်းလိုချင်ဆိုတော့လုပ်ပေးလိုက်တယ်၊ ကျောင်းပေါင်း ၉၀၁ကျောင်း အဆင့်တိုးပြီးပီ သုံးနှစ်အတွင်းမှာပေါ့၊ ကျောင်းပေါင်း ၉၀၀ အဆင့်တိုးပြီးတော့ ဘာအကျိုးရှိလာလဲဆိုရင် နိုင်ငံတော်အစိုးရအနေနဲ့ မထောက်ပံ့နိုင်ဘူး၊ အဆောက်အဦးတွေလည်း မဆောက်နိုင်ဘူး၊ တစ်ခြားလိုအပ်တာလည်း မထောက်ပံ့နိုင်တော့ အဆင့်ပဲတိုးပြီးတော့ ဘာမှအကျိုးမရှိဘူး”ဟု လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန်မှ ပြောသည်။ ချင်းပြည်နယ်အတွင်း ကျောင်းပေါင်းများစွာ အဆင့်တိုးပေးခဲ့သော်လည်း ဆက်လက်ထောက်ပံ့နိုင်မှုအားနည်းသဖြင့် ကျောင်းအဆင့် တိုးပေးမှုကို ကန့်သတ်ပြီး အမှန်တစ်ကယ်လိုအပ်သည့်…

မတူပီမြို့မှ လူငယ် ၆ ဦးအား ထောင်ဒဏ် ၄နှစ်ခွဲ အသီးသီးချမှတ်ခြင်းအား ပြန်လည်ငဲ့ငြာပေးရန် လေးရာခန့်မှဆန္ဒဖော်ထုတ်

Salai Benezer ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် ချင်းအမျိုးသားနေ့တွင် ဖြစ်ပွားခဲ့သည့် ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဟုဆိုကာ ထောင်ဒဏ် ၄နှစ်ခွဲစီ ချမှတ်ခံရသည့် လူငယ် ၆ဦး၏အမှုအား ပြန်လည်ငဲ့ငြာပေးရန် မတူပီမြို့ဒေသခံ ၄ဝဝခန့်မှ ယနေ့ အောက်တိုဘာ ၂၉ရက်မနက်ပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်းသိရသည်။ ဆန္ဒဖော်ထုတ်ပွဲတွင် သားသမီး ဘဝများငြိမ်းချမ်းရေး၊ လူငယ်များ ဘဝငြိမ်းချမ်းရေး၊ တိုင်းရင်းဒေသများငြိမ်းချမ်းရေး၊ ပြည်သူများဘဝငြိမ်းချမ်းရေး စသည့်ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြပြီး အခင်းဖြစ်သည့်နေရာသို့ လုံးဝမရောက်သည့် ပြစ်ဒဏ်ချခံရသူအား လွှတ်ပေးပါ၊ ထောင်ချခံရသည့်ထဲတွင်ပါဝင်သည့် တက္ကသိုလ်ကျောင်းသားနှစ်ဦးအား ပညာပြီးဆုံးတိုင် သင်ကြားနိုင်ရန် ထောက်ထားငဲ့ညှာပေးပါ စသည့် ပိုစတာများကိုလည်း ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။ “ကျနော်တို့ ဒီနေ့ဆန္ဒပြတဲ့အပေါ်မှာ ကျနော်ကတော့ ကျေနပ်တယ်၊ ရဲမှူးကိုလည်း ကျနော်ပြောဖူးတယ်၊…

ချင်းပြည်၏ ဒုတိယမြောက် ကောလိပ် နောက်နှစ်ဒီဇင်ဘာလတွင် စဖွင့်နိုင်မည်ဟုဆို

Shing Mang ချင်းပြည်နယ်အတွက် ဒုတိယမြောက် ၀ိဇ္ဇာသိပ္ပံ ကောလိပ်ဖြစ်လာမည့် မင်းတပ်ကောလိပ်အတွက် အဆောက်အဦးတည်ဆောက်မှု နောက်နှစ်အောက်တိုဘာလ အတွင်းပြီးစီးပါက ဒီဇင်ဘာလတွင်စဖွင့်ရန်မျှော်လင့်ကြောင်း လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန် စီမှ သိရသည်။ “လောလောဆယ် တည်ဆောက်ရေးက စနေပြီ၊ ငွေကျပ် ၃ဘီလီယံကျော်ချပေးထားတယ် ကျွန်တော်တို့ချပေးတဲ့ဟာက နောက်နှစ်အောက်တိုဘာလမှာပြီးဖို့ဖြစ်တယ် အဲဒီလမှာပြီးမယ်ဆိုရင် ဒီဇင်ဘာလမှာတော့ တက်နိုင်မယ်လို့ ကျွန်တော်ကတော့ အဲလိုတော့မျှော်လင့်ထားတယ်”ဟု လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်မှ ပြောသည်။ မင်းတပ်ကောလိပ်တည်ဆောက်မှုနောက်ကျခြင်းမှာ မြေယာကိစ္စများတွင် လွဲချော်မှုများရှိနေခြင်းကြောင့်ဖြစ်ပြီး ယခုနှစ်တွင် အစိုးဘက်မှ ဘက်ဂျက်ချထားမှု လည်းအဆင်ပြေပြီး မြေနေရာများလည်း အဆင်ပြေပြီဖြစ်ကြောင်းလည်းသိရသည်။ ဝန်ကြီးမှ ဆက်ပြီး “အဓိကတော့ ပြည်ထောင်စုနဲ့ ညှိနှိုင်းပြီးလုပ်ရမှာပေါ့ တင်ပြရင်လည်းအဲလိုပဲတင်ပြရမှာပါ ကျွန်တော်တို့ အစပြုနိုင်ပြီ ကျောင်းသားတွေခေါ်တက်ခိုင်းလို့ရပြီ မင်းတပ်နဲ့ကန်ပလက် ဘက်ကတော့…

မတူပီမြို့မှ လူငယ်(၆)ဦးအား ထောင်ဒဏ်လေးနှစ်ခွဲစီချမှတ်လိုက်သည့်အမှုတွင် အမှန်တစ်ကယ် မကျူးလွန်သူများ ပါဝင်နေဟုဆို

Salai Benezer ချင်းပြည်နယ် မတူပီမြို့တွင် ဖေဖော်ဝါရီ ၂ဝရက် ချင်းအမျိုးသားနေ့တွင်ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့်ဟုဆိုကာ လူငယ်(၆)ဦးအား ထောင်ဒဏ် ၄နှစ်ခွဲစီချမှတ်လိုက်သည့်အမှုတွင် အမှန်တစ်ကယ် မကျူးလွန်သူများပါဝင်နေကြောင်း ထောင်ဒဏ်ချမှတ်ခံရသည့်ထဲတွင်ပါဝင်သူ၏ မိဘဖြစ်သူထံမှ သိရသည်။ “ကျမတို့သားက အဲဒီအခင်းဖြစ်တဲ့ညတုန်းက ဆယ်နာရီမှာပြန်လာတယ်၊ သူက အဲဒီမတိုင်ခင် လေဖြတ်ထားတာကြောင့် စောစောပြန်လာဖို့ပြောထားတယ်၊ သူလည်း ဆယ်နာရီလောက်ပြန်ရောက်တယ်၊ သူနဲ့အတူတူအိပ်တဲ့ ကျမတို့ဆီမှာနေတဲ့ ကျောင်းသားလေးကလည်း ဆယ်နာရီပြန်ရောက်တယ်လို့သေချာပြောတယ်၊ တစ်ကယ်အခင်းဖြစ်တဲ့အချိန်က ၁၁နာရီလောက်မှာ ဖြစ်တယ်လို့သိရတယ်၊ ဖမ်းတာကလည်း သံသယရှိတယ်ဆိုပြီး ဖေဖော်ဝါရီလ ၂၄လောက်မှ ခေါ်သွားတာ၊ ကျမတို့လည်း သံသယရှိရုံလောက်ဘဲဆိုတော့ သိပ်မကြာလောက်ဘူးထင်ထားတာပေါ့၊ ဒါပေမယ့် လွတ်မလာတော့ မြန်မြန်လွတ်ဖို့ဆိုပြီး ကျမတို့နဲ့ဘာမှမဆိုင်ပေမယ့် ရဲကားပြင်ဖို့အတွက် ၁၈သိန်းကျော်အကုန်ကျခံပြီးပြင်ပေးတယ်၊ ရှေ့နေဌားခတွေလည်းကုန်တယ်၊ စခန်းမြို့နှင့် မြို့နယ်မှူးကို ပေးထားတာတွေရှိပေမယ့်…

ချင်းပါတီ (၃) ပူးပေါင်းထားတဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရဲ့ ပူးတွဲဥက္ကဌဖြစ်တဲ့ ဦးနိုထန်ကပ်နှင့်တွေ့ဆုံးမေးမြန်းခြင်း အပိုင်း (၁)

မေး။ ။ ပထမဆုံးအနေနဲ့ နာမည်နဲ့ လက်ရှိပါတီမှာ တာဝန်ယူထားတဲ့ တာဝန်ကိုသိချင်ပါတယ်။ ဖြေ။ ။ ကျွန်တော့်နာမည်ကတော့ ဦး နိူးထန်ကပ်ဖြစ်ပြီး လက်ရှိမှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီရဲ့ ဥက္ကဌ (၃) ဦးအနက် တစ်ဦးအပါအဝင်ပါ။ မေး။ ။ ယခင်က နိူင်ငံရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှု ကိုပြောပြပေးပါ။ ဖြေ။ ။ ယခင်က ၁၉၉၈ ခုနှစ်ကနေ Chin National Fornt ( CNF ) မှာ ဥက္ကဌ လုပ်ပြီး၊ Chin National Army တည်ထောင်ပြီးတော့ Comanda in Cheif လုပ်ခဲ့တယ်၊ ၁၉၉၂ ခုနှစ်က…

ပြည်နယ်အစိုးရ စီမံခန့်ခွဲမှုညံ့ဖျင်းနေခြင်းနှင့် CSOs / မီဒီယာအခန်းကဏ္ဍရဲ့ ကွက်လပ်

ရေး – လျန်တွောင် ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကား နိုင်ရန် ရွေးကောက်ပွဲ တစ်ခုတည်းဖြင့် မလုံလောက်နိုင်ပါ။ အစိုးရ၊ ဈေးကွက် (ကုမ္ပဏီ)၊ လူမှုရေး အသင်းအဖွ့ဲများ အားလုံး လက်တွဲညီညီ အပြန်အလှန် ထိန်းကွပ်နိုင်မှ သာလျှင် ဒီမိုကရေစီ ယဉ်ကျေးမှု အမြစ်တွယ် ခိုင်မာလာနိုင်မည်ဟု မိန့်ဆိုကြပါသည်။ သို့သော်လည်း လက်ရှိ ချင်းပြည်နယ် အနေအထားတွင် အစိုးရနှင့် ဈေးကွက် (ကုမ္ပဏီ) သာ ခိုင်မာအားကောင်းပြီး လူမှုရေးအသင်းအဖွဲ့များမှာ လိုအပ်သည်ထက် များစွာ အားနည်းနေသည်ဟု သုံးသပ်ရပါမည်။ ယခင် အစိုးရလက်ထက်တွင် အတိုက်အခံ အင်အားစုနှင့် လူမှုရေး အသင်းအဖွဲ့များသည် နိုင်ငံတော် တည်ဆောက်ရေး၏ မိတ်ဖက် ဘက်တော်သားများ အဖြစ်…

မတူပီမြို့နယ်အတွက် ပညာရေးဝန်ထမ်း လုပ်အားပေး ဦးရေ ၁၈ဝဝခေါ်ယူနေပြီး လျှောက်ထားသူ ၂ဝဝဝကျော်ရှိ

Salai Benezer ချင်းပြည်နယ် မတူပီမြို့နယ်အတွက် လစ်လပ်နေသည့် ကျောင်း ဆရာ/ဆရာမ နေရာများအတွက် လုပ်အားပေးဦးရေ ၁၈၀၀ ခေါ်ယူနေပြီး လျှောက်ထားသူဦးရေ ၂ဝဝဝကျော်နေပြီဖြစ်ကြောင်း ချင်းပြည်နယ် ပညာရေးဝန်ကြီး ဦးပေါင်လွန်မင်းထန် ထံမှသိရသည်။ “လုပ်အားပေး ဆရာ/ဆရာမ ဆိုပြီးတော့ ၁၈၀၀ လောက်ခေါ်နေတယ်ဆိုတာမှန်ပါတယ်၊ လျှောက်ထားသူလည်း ၂ဝဝဝကျော်လောက်ရှိပါပီ၊ အဲဒါကတော့ အရေးပေါ်ပြသနာဖြေရှင်းဖို့ပေါ့၊ လုပ်အားပေး ဆရာ/ဆရာမအတွက် ဝင်ခွင့်ဖြေခိုင်းပြီးတော့ အောင်မြင်တဲ့သူတွေကို ခန့်ဖို့ပေါ့၊ လုံးဝအရည်ချင်းရှိတဲ့သူတွေကိုလည်း ခန့်လို့မရတာကြောင့် အရည်အချင်းရှိတဲ့သူတွေကို စားရိတ်ပေးပြီးတော့ သင်ခိုင်းမယ့်သဘောမျိုးပါဘဲ၊ ပညာရေးဝန်ကြီးဌာအနေနဲ့ကလည်း လောလောဆယ် ဆရာ/ဆရာမ ခန့်ဖို့ မလုပ်နိုင်သေးတဲ့အခါကျတော့ ဒီဟာကို အရေးပေါ်သုံးလို့ရအောင် ဆောင်ရွက်တာပါ”ဟု ချင်းပြည်နယ် ပညာရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်မှပြောသည်။ ယခုကဲ့သို့ ပညာရေး လုပ်အားပေးဝန်ထမ်း…

ဟားခါးတွင် ယဉ်ကျေးမှုထိန်းသိမ်းသည့်အနေဖြင့် ပထမဦးဆုံးအကြိမ် စာပေနှင့်ရိုးရာနေ့ ကျင်းပမည်

Shing Mang ချင်းပြည်နယ် ဟားခါးမြို့တွင် ယဉ်ကျေးမှုထိန်းသိမ်းသည့်အနေဖြင့် ဟားခါးတက္ကသိုလ်ကျောင်းသားများအဖွဲ့အစည်း(HUSO)မှ ဦးဆောင်ပြီး ပထမဆုံးအကြိမ် အဖြစ် “စာပေနှင့်ရိုးရာနေ့”ကို နိုဝင်ဘာလ ၂၁ရက်နေ့တွင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ “ယင်းပြိုင်ပွဲအတွက် ဟားခါးမြို့မှာရှိတဲ့ရပ်ကွက် အားလုံးပေါင်းပြီး ရက်ကွက်ကြီး ၆ ရပ်ကွပ်ခွဲပြီး အကတွေကိုပြိုင်ခိုင်းမှာဖြစ်တယ်၊ဝါးညှပ် အက တစ်ခုစီရယ် တခြားရိုးရာ အက ၁ ခုစီ ပြိုင်ကြရမှာဖြစ်တယ်” ဟုHUSO ဥက္ကဌ ဆလိုင်း ကြာကမ်းမှ ပြောသည်။ ဟားခါးမြို့ရှိရပ်ကွက်များကို Vaurawng အုပ်စု၊ Senri အုပ်စု ၊ Phaizawng အုပ်စု၊Bingbir အုပ်စု ၊ Chokhlei အုပ်စု ၊Dingdi အုပ်စု စသည့်အုပ်စုများအဖြစ် အုပ်စုအလိုက်ခွဲကာ ပြိုင်ပွဲများယှဉ်ပြိုင်ရမည် ဖြစ်ကြောင်းသိရသည်။ ယင်းပြိုင်ပွဲတွင်…

သုံးပွဲဆက်တိုက် ဂိုးပြတ်နိုင်ပွဲရထားသည့် ချင်း U 12 အသင်း ကွာတားဖိုင်နယ်ကို ကစားသမား၁၂ဦးဖြင့် ဆက်လက်ကစားရမည်

Shein Mang ပြည်နယ်နှင့်တိုင်း ၁၂ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ပွဲပယ်ခံရသူများ နေမကောင်းသူများရှိခြင်းကြောင့် သုံးပွဲဆက်တိုက် ဂိုးပြတ်နိုင်ပွဲရထားသည့် ချင်း U 12 အသင်း ကွာတားဖိုင်နယ်ကို ကစားသမား ၁၂ ဦးဖြင့် ဆက်လက်ရုံးကန်နေရမည်ဖြစ်ကြောင်းသိရသည်။ “၂ယောက်က အထုတ်ခံရတယ် ၂ယောက်ကနေမကောင်းဆိုတော့ ကွာတားဖိုင်နယ်ကို အဓိက ကစားသမား ၁၂ ဦးနဲ့ပဲ ဆက်လက် ရုံးကန်ရမှာဖြစ်တယ် ” လို့ ချင်း U-12 နည်းပြ ဦး ကီလိန်းထံမှ သိရသည်။ ကွာတားအဆင့်တွင် မနက်ဖြန်ယှဉ်ပြိုင်ကစားမည့် ရန်ကုန် Vs စစ်ကိုင်း ၊ ဧရာဝတီ Vs ကချင် တွင် နိုင်သည့် အသင်းအပေါ်မူတည်ပြီး ချင်း…