Input your search keywords and press Enter.

Monthly Archives

June 2019

ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲများကြောင့် ပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို သိရှိစေရန် ရန်ကုန်ရောက်ချင်းပြည်သူများမှ ဆန္ဒဖော်ထုတ်မည်

Salai Khup Khup ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်မတော်AAနှင့် မြန်မာတပ်မတော် တို့အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ပြည်သူများ၏ လူ့အခွင့်ရေးချိုးဖောက် ခံရမှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများမှ သိရှိစေရန် ရန်ကုန်မြို့ရောက်ချင်းပြည်သူများ မှ ဇွန်လိုင်လ (၁၃)ရက်နေ့တွင် ဆန္ဒဖော်ထုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ဆန္ဒပြရန် ဦးဆောင်သူတစ်ဦးဖြစ်သူ ဆလိုင်း Ceu Bik Thawng က“ပလက်ဝနဲ့ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေ သူတို့ဒေသဖက်မှာ ဖြစ်နေတဲ့AAနဲ့ အစိုးရတပ်မတော်  ပစ်ခက်တိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်တန့်နိုင်ရေး နောက်ပြီး အဲဒီမှာရှိတဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ အားလုံးရပ်တန့်ပြီး လူသားချင်းကူညီမှု အပြည့်အဝရရှိရေး စစ်ဘေးဒုက္ခသည် တွေရဲ့အသက်အိုးအိမ် ဆုံးရှုံးမှုအားလုံး ဒီဟာတွေနဲ့ အဓိကပက်သက်နေတဲ့ AAနဲ့…

မတူပီခရိုင်ရုံးနေရာကိစ္စ ပထမဆုံးအကြိမ် ပြည်နယ်ပြင်ပတွင်ဆန္ဒဖော်ထုတ်မည်

Salai Khup Khup မတူပီခရိုင်ရုံးနေရာကိစ္စကန့်ကွက်ဆန္ဒဖော်ထုတ်မှုများကို အစိုးရအနေဖြင့် အရေးတယူဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် ရန်ကုန်မြို့တွင် စတုတ္ထအကြိမ် မြောက် ထပ်မံဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်းသိရသည်။ ယခင်က လက်ရှိအစိုးရသတ်မှတ်သည့် မတူပီမြို့ပေါ်နှင့် ၈ မိုင်ဝန်းကျင်ဝေးသည့် ဖနိုင်နှင့်ငလိုင်ကြားတွင် ခရိုင်ရုံးတည်ဆောက်မည့်အပေါ် ကန့်ကွက်ကြောင်း မတူပီမြို့ပေါ်တွင် သုံးကြိမ်တိုင် ဆန္ဒဖော်ထုတ်ခဲ့သော်လည်း အစိုးရအနေဖြင့် အရေးယူဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် ပြည်နယ်ပြင်ပ ရန်ကုန်မြို့ လယ်ဖြစ်သည့် ဗန္ဓုလပန်းခြံ၌ ဇွန်လ (၂၈) ရက်နေ့တွင်ထပ်မံဆန္ဒပြမည်ဖြစ်သည်။ ရန်ကုန်မြို့ပေါ်တွင် ပြုလုပ်မည့် ဆန္ဒထုတ်ဖော်မှု ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးဒုဆန်က “ဆန္ဒပြဖို့က မနက်ဖြန်ညနေ သုံးနာရီလောက်မှာ လူအင်အား (၁၅၀)ခန့်နဲ့ ဗန္ဓုလပန်းခြံရှေ့က ရေပန်းရှေ့မှာ အဲဒီမှာဘဲစုပြီးတော့  ဆန္ဒဖော်ထုတ်သွားကြမှာဖြစ်တယ်။ မတူပီမြို့ ခရိုင်ရုံးကို မတူပီစည်ပင်ဧရိယာအတွင်း ဆောက်ပေးဖို့ ဆန္ဒပြခြင်းဖြစ်တယ်။ သုံးကြိမ်ဆန္ဒပြပြီ။…

ကြိုတင်အသိပေးခြင်းမရှိဘဲ ရခိုင်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် (၉)မြို့နယ်တွင် အင်တာနက်ဖြတ်တောက်ခြင်းမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်း အချက်အလက်ရရှိပိုင်ခွင့် ချိုးဖောက်ရာရောက်ကြောင်း ကြေညာချက်ထုတ်ပြန်

Salai Benezer ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် (၉)မြို့နယ်တွင် ကြိုတင်အသိပေးခြင်းမရှိဘဲ အင်တာနက်ဖြတ်တောက်ခြင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရရှိပိုင်ခွင့်ကို ချိုးဖောက်ရာရောက်ကြောင်း ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားဆောင်ရွက်နေကြသော အဖွဲ့အစည်းများနှင့် အခြားအရပ်ဖက်အဖွဲ့အစည်းများမှ ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ဖော်ကြေညာခဲ့သည်။   အဆိုပါထုတ်ပြန်ကြေညာချက်တွင် အစိုးရတိုင်းတွင် ပြည်သူလူထု၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်း အချက်အလက်ရရှိပိုင်ခွင့်ကို မြှင့်တင်ကာကွယ်ပေးရန် တာဝန်ရှိပြီး ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်သည့် အစိုးရဆိုလျင် ပို၍ပင် တာဝန်ရှိကြောင်း သို့သော်လည်း အများပြည်သူအား ကြိုတင်အသိပေးခြင်းမရှိဘဲ ရခိုင်နှင့် ချင်းပြည်နယ်များရှိ မြို့နယ် (၉) မြို့နယ်တွင် အင်တာနက်ဖြတ်တောက်ရန် ဆုံးဖြတ်ခြင်းသည် အဆိုပါ လူ့အခွင့်အရေးများကို ချိုးဖောက်ရာ ရောက်ပြီး မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြုသူ…

ချင်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးဌာနအသစ်တိုး မတိုး ယခုအပတ်တွင်ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်

Salai Benezer June 24, 2019 ချင်းပြည်နယ်အစိုးရအဖွဲ့တွင် လိုအပ်ချက်အရ ၀န်ကြီးဌာနအသစ်တိုး မတိုး ယခုအပတ် ဇွန်လ ၂၇-၂၈ရက်နေ့တွင်ကျင်းပမည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ “ချင်းပြည်နယ်မှာက ၂၇-၂၈ ရက်နေ့မှ ဆွေးနွေးမှာဆိုတော့ အဲဒီကျမှ သိရမယ်၊ ဘယ်ဝန်ကြီးဌာနတိုးမလဲဆိုတာတော့ မသိရသေးဘူး၊ ၀န်ကြီးဌာန တိုးမတိုးကတော့ ချင်းပြည်နယ်အနေနဲ့ တစ်ကယ်လိုအပ်သလားဆွေးနွေးရမှာပေါ့၊ တစ်ကယ်လို့ ချင်းပြည်နယ်အတွက်လည်းအကျိုးရှိမယ်၊ ချင်းပြည်သူအတွက်လည်းအကျိုးရှိမယ်ဆိုရင် ကြိုဆိုရမှာပေါ့” ဟု မတူပီ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်လျန်းမှ ပြောသည်။ ဇွန်လ ၂၁ရက်နေ့တွင် ကျင်းပခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေမှာ လူဝင်မှုကြီးကြပ်ရေးနဲ့လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ကို တိုးချဲ့ ဖွဲ့စည်းသွားဖို့ရှိတယ်လို့ အာဏာရပါတီဒီချုပ်ရဲ့ ဒုတိယ…

နှစ်စဉ်နှစ်တိုင်းတောင်ပြိုလေ့ရှိသည့် မတူပီ-လိုင်လင်ပီး ကားလမ်းအား မြေထိန်းနံရံ ပြုလုပ်မယ်

Salai Khup Khup မတူပီမြို့နှင့် ခြောက်မိုင်အကွာနေရာတွင် နှစ်စဉ်မိုးရာသီရောက်တိုင်း တောင်ပြိုမှုကြောင့် မြို့နှင့်ဆက်သွယ်ထားသော ကျေးရွာများ သွားလာရန် အခက်ရှိခြင်းကြောင့် မြေထိန်းအကာအရံကို ၂၀၁၉-၂၀ဘတ်ဂျက်တွင်ပြုလုပ်ရန် ဌာနဆိုင်ရာများနှင့် တိုင်ပင်ထားကြောင်း မတူပီမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဆလိုင်းအောင်လျန်ကပြောသည်။ မတူပီမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းအောင်လျန်က “အဲဒီနေရာကနှစ်တိုင်းဖြစ်နေတယ် အဲဒီအနားက လမ်းတွေက အရမ်းပျော့တော့ နှစ်တိုင်းနှစ်တိုင်းလိုဖြစ်နေတယ်။ အခုကျေးရွာဖက်ကနေ ကိုယ်ထူကိုယ်ထ ရှင်းနေတယ်လို့သိရတယ် ဒီလမ်းအတွက် သီးသန့်ရန်ပုံငွေမရှိတော့ နည်းနည်းတော့ အခက်ခဲရှိတယ် အဲဒီဖက်က ကျေးရွာတွေကလည်း မိုးရာသီရောက်ရင် အခက်ခဲအများကြီးရှိတယ်။ ၂၀၁၉-၂၀ဘတ်ဂျက်မှာ သေချာလေးလုပ်ပြီးတော့ အကာရံအထိန်းလေးလုပ်ဖို့ ဌာနနဲ့တိုင်ပင်ထားဒါတော့ ရှိတယ်”ဟုပြောသည်။ မြေပြိုသောနေရာသည် မတူပီမြို့နှင့် လိုင်လွန်းပီမြို့ဆက်သွယ်ထားသည့် ကားလမ်းဖြစ်သည့် အပြင်ကျေးရွာများစွာနဲ့ ဆက်သွယ်ထားသော ကားလမ်းဖြစ်ပြီး…

ဆူရ်ဘုန်လေယာဉ်ကွင်းပြီးစီးမှသာ ထန်တလန်မြို့နှင့်တီးတိန်မြို့ လေယာဉ်ကွင်း တည်ဆောက်ခြင်းကို အကောင်ထည်ဖော်မည်ဟုဆို

Salai Khup Khup ထန်တလန်မြို့နှင့် တီးတိန်မြို့တို့တွင် လေယာဉ်ကွင်းပြုလုပ်ရန် စီမံကိန်းကို ဆူရ်ဘုန်လေယာဉ်ကွင်း ပြီးမှသာ အကောင်ထည်ဖော်ဆောက်ရွက်မှာ ဖြစ်ပြီး လက်ရှိ ထန်တလန်နှင့် တီးတိန်တွင် လေယာဉ်ကွင်းလုပ်၍ရမရ မြေအနေထား တိုင်းတာခြင်းသာရှိသေးကြောင်း စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။ စည်ပင်ဝန်ကြီးဦးစိုးထက်က “ဆူရ်ဘုန် လေယာဉ်ကွင်းတောင်မှ ဘတ်ဂျက်က ၂၅ ဘီလျံလောက်လိုတဲ့ ဥစ္စာမှာ တခြားဟာကိုလုပ်လို့မရသေးပါဘူး ဆူရ်ဘုန်လေယာဉ်ကွင်းအတွက် ဘတ်ဂျက်ကိုထည့်တော့ ထည့်ထားပြီးပါပြီ ၂၀၂၀မှာဖွင့်နိုင်ဖို့လုပ်ထားတာဖြစ်တယ်။ အဲဒါမပြီးမချင်းတော့ တခြားဟာလုပ်လို့ မရသေးဘူး ဆူရ်ဘုန်လေယာဉ်ကွင်းပြီးတာနဲ့ တဆက်တည်း တခြားမြို့တွေကလည်း လေယာဉ်ကွင်းလုပ်ချင်တယ် ဆိုတော့ တီးတိန်နဲ့ ထန်တလန်မှာ လေယာဉ်ကွင်းလုပ်လို့ရမယ့် မြေအနေထားရှိမရှိ မြေတိုင်းတာတဲ့ အနေအထားမှာဘဲရှိပါသေးတယ်”ဟုပြောသည်။ လေယာဉ်ကွင်း တည်ဆောက်ရန် မြေအနေထားမှာ အနည်းဆုံး ပေလေးထောင်ရှိရမှာ ဖြစ်ပြီး…

ပျက်စီးသွားသည့် ကုလားတန်မြစ်ကူးတံတား သံဘောင်များအတွက် လျော်ကြေးငွေပြန်လည်ရရှိပြီဖြစ်

Salai Khup Khup ရက္ခိုင့်တပ်မတော်AA၏ ဖျက်စီးမှုခံရသည့် ကုလားတန်မြစ်ကူးတံတား သံဘောင်များအတွက် IKBZအာမခံကုမ္ပဏီမှ လျော်ကြေးငွေကို အစိုးရထံသို့ ဇွန်လ (၁၈)ရက်နေ့က ပေးလျော်လိုက်ပြီ ဖြစ်ကြောင်းသိရှိရသည်။ ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “သင်္ဘောကနေပြီးတော့ သယ်ယူစရိတ်တွေမှာ IKBZမှာ အာမခံထားတယ်လို့ သိရတယ်။ အခုသူတို့ အာမခံလျော်ကြေးရတယ်လို့လည်း သိရတယ်။ အခုလျော်ကြေးရပြီဆိုတော့ သံဘောင်ဝယ်ပြီးတော့ ပလက်ဝကိုပို့ရင်တော့ မြန်မြန်ဆင်လို့ရပြီပေါ့။ မီးလောင်ပြီးပျက်စီးသွားတဲ့ သံဘောင်ရဲ့တန်ဖိုးက ၁ဘီလျံကျော် ရှိတယ်။ အခုကုလားတန်မြစ်ကူးတံတား ပြီးစီးမှုက ၅၈ရာခိုင်နှုန်းပြီးပြီ”ဟုပြောသည်။ ရက္ခိုင့်တပ်မတော်AA၏ မီးရှို့ခြင်းကြောင့် ပျက်စီးသွားသော သံဘောင်များကို အာမခံထားသည့် ကုမ္ပဏီမှ တန်းဖိုးအရ ဆုံးရှုံးမှုတန်ဖိုးများကို တွက်ချက်ခြင်း၊ ထုတ်ကုန်တန်ဖိုး ဆယ်ယူတန်ဖိုးများကိုတွက်ချက်ခဲ့ ပြီးနောက် ကျပ် ၄၉၁သန်း…

ဟားခါးတွင် ပလက်ဝစစ်ဘေးရှောင် ကူညီရေးအသင်းဖွဲ့စည်း

Salai Benezer ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား အကူအညီပေးအပ်နိုင်ရန် ပလက်ဝစစ်ဘေးရှောင်ကူညီရေးအသင်းကို ဇွန်လ ၁၈ရက်နေ့တွင် ဟားခါးမြို့တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ အဆိုပါအဖွဲ့၏ ဥက္ကဌဖြစ်သူ Salai Elisama က “ကျနော်တို့ မနေ့က တွေ့ကြပြီးတော့ အစည်းအဝေးလုပ်ခဲ့တယ်၊ အခု ဇွန်လ ၂၅-၂၉ ထိကို ဟားခါးမြို့တွင်းမှာ အလှူခံသွားမှာပါ၊ အဲဒီက ရလာတဲ့အလှူငွေတွေကို ပလက်ဝထိ ကျနော်တို့ကိုယ်တိုင်သွားရောက် လှူဒါန်းသွားမှာဖြစ်တယ်” ဟု ပြောသည်။ ဇွန်လ ၁၀ ရက်နေ့က ပလက်ဝမြို့ပေါ်သို့ ကျေးရွာပေါင်း(၅)ရွာမှ စစ်ဘေးရှောင်သူ အိမ်ထောင်စု ၁၅၈ စု လူဦးရေ ၇၈၇ဦးရှိခဲ့သည်။ လက်ရှိအချိန်တွင် ကျေးရွာပေါင်း(၃)ရွာမှ စစ်ဘေးရှောင် ပြည်သူများနေရပ်ပြန်နိုင်ကြပြီဖြစ်သည်။ ပလက်ဝ စစ်ဘေးရှောင်ပြည်သူများကို…

ပလက်ဝမြို့ပေါ်သို့ ခိုလှုံခဲ့သည့် စစ်ဘေးရှောင်အများစု နေရပ်ပြန်

Salai Khup Khup ပလက်ဝမြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည့် စစ်ဘေးရှောင်အများစုမှာ နေရပ်ကျေးရွာများသို့ ပြန်သွားကြပြီဖြစ်ကြောင်း ပလက်ဝစစ်ဘေးရှောင် ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးဝေတန်းကပြောသည်။ ဇွန်လ ၁၀ ရက်နေ့က ပလက်ဝမြို့ပေါ်သို့ ကျေးရွာပေါင်း(၅)ရွာမှ စစ်ဘေးရှောင်သူ အိမ်ထောင်စု ၁၅၈ စု လူဦးရေ ၇၈၇ဦးရှိခဲ့သည်။ လက်ရှိအချိန်တွင် ကျေးရွာပေါင်း(၃)ရွာမှ စစ်ဘေးရှောင် ပြည်သူများနေရပ်ပြန်နိုင်ကြပြီဖြစ်သည်။ ယနေ့တွင်လည်း သဲမချောင်းရွာမှစစ်ဘေးရှောင်များလည်း မိမိရွာနှင့်နီးသည့် ပိန္နဲတစ်ပင်ရွာသို့ ထပ်မံပြောင်းရွှေ့မည်ဖြစ်ကာ ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင် ၁၁၂ ဦးသာကျန်ရှိတော့မည်ဖြစ်ကြောင်း ဦးဝေတန်းကပြောသည်။ ပလက်ဝစစ်ဘေးရှောင် ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးဝေတန်းက “တချို့က ကိုယ့်ကျေးရွာဒေသကို ပြန်ကြပြီ လူဦးရေသုံးပုံမှာ နှစ်ပုံက ကိုယ့်ကျေးရွာဒေသတွေကို ပြန်သွားကြပြီ ။ သဲမချောင်းရွာကလူတွေလည်း…