

Salai Siiptui ချင်းတို့၏ နိုင်ငံရေးပြောင်းလဲမှုအသစ်တစ်ခုဖြစ်စေ၊ ဖက်ဒရယ်ပြည်နယ်ဖြစ်စေ ရလာသည့်အခါ ချင်းလူမျိုးများ နဖူးတွေ့ဒူးတွေ့ ဆွေးနွေးရမည့် ခေါင်းစဉ်မှာ မျိုးနွယ်စုများတန်းတူပါဝင်သောနိုင်ငံရေးစနစ်ပုံဖော်နိုင်ရေးဖြစ်ပါသည်။ ချင်းမျိုးနွယ်စုများတန်းတူပါဝင်သောနိုင်ငံ ရေးစနစ်ပုံဖော်နိုင်ရန်မဲဆန္ဒနယ်များ မည်သို့မည်ပုံသတ်မှတ်ကြမည်နည်း။ ၂၀၀၈ ခြေဥအရ မြို့နယ်အလိုက် မဲဆန္ဒနယ်သတ်မှတ်ထားပါသည်။သို့သော်ချင်းလူမျိုးများ၏ပကတိဖြစ်တည်သောလူမှုအဆောက်အအုံမှာမျိုးနွယ်စုကိုအခြေခံပါသည်။ ချင်းလူမျိုးများ ကိုယ်ပိုင်ဥပဒေပြဌာန်းည့်အခါ မျိုးနွယ်စုအသီးသီး တန်းတူရေးကိုအခြေခံဖို့လိုပါသည်။ စာရေးသူ လက်လှမ်းမီသလောက် ကိုးကားဖော်ပြပါမည်။ (ကျွန်တော်ဖော်ပြသော မျိုးနွယ်စုအမည်များနှင့်မဖော်ပြသောမျိုးနွယ်စုအမည်များအကြား ခွဲခြားမှုဖြစ်စေ၊မြို့နယ်တွင်း ပဋိပက္ခကိုဦးတည်စေသောရည်ရွယ်ချက်ဖြစ်စေ လုံးဝ(လုံးဝ)မရှိပါ။ကိုးကားချက်သက်သက်ဖြစ်သည်။အမှားအယွင်းရှိပါက စာရေးသူ၏အားနည်းချက်သာဖြစ်ပါသည်။) ၂၀၀၈ ခြေဥအရ Dai မဲဆန္ဒနယ်မရှိပါ။ မင်းတပ်မဲဆန္ဒနယ်သာရှိပါသည်။ Mara မဲဆန္ဒနယ်၊Zotung မဲဆန္ဒနယ်မရှိပါ။ မတူပီမဲဆန္ဒနယ်သာရှိပါသည်။ Zophei, Lautu, Senthang မဲဆန္ဒနယ်မရှိပါ။ဟားခါးမဲဆန္ဒနယ်၊ထန်တလန် မဲဆန္ဒနယ်သာရှိပါသည်။ Zanniat, Ngawn, Khualsim မဲဆန္ဒနယ်မရှိပါ။ဖလမ်း…
Salai Ceu Bik Thawng ချင်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးအတွက် ၂၀၀၈ အခြေခံဉပဒေ ပုဒ်မ ၄၁၉အရ ပလက်ဝမြို့မှာ နေထိုင်သော ရခိုင်လူမျိုး ဉီးစိန်ထွန်းလှကို စစ်ကောင်စီက ခန့်အပ်မှုအပေါ် မေးခွန်းထုတ်စရာ အများအပြားရှိလာပါသည်။ သူတို့ စွဲကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေအရ ချင်းပြည်နယ်တွင် လူမျိုးခြား ရေးရာဝန်ကြီး ခန့်အပ်နိုင်လောက်အောင် လူဉီးရေ အလုံအလောက်ရှိမရှိ ဆိုသည့်အချက်နှင့် ထိုသို့ မဖြစ်ဖြစ်အောင် ခန့်အပ်ခြင်း၏ နောက်ကွယ်မှာ စစ်ကောင်စီ၏ ကစားကွက် မည်ကဲ့သို့ရှိသနည်း ဆိုသည့်အချက်သည် အထူးတလေ စဉ်းစားစရာ ဖြစ်ပါသည်။ ပထမချက်အနေဖြင့် စစ်ကောင်စီက ပုဒ်မ ၄၁၉အရ ဝန်ကြီးများ ခန့်အပ်ခွင့်ရှိသော်လည်း ရေးရာဝန်ကြီးဆိုင်ရာ ခန့်အပ်မှုကို ဖွဲ့စည်းပုံအခြေခံဉပဒေ…
Salai Rual Lian Thang ———————————————————— ခေတ်သစ် မြန်မာပြည် နိုင်ငံရေးအကျပ်အတည်း၏ အခြေခံသည် ဖက်ဒရယ်ဒီမိုကရေစီစနစ် လိုလားသူ နှင့် မလိုလားသူအကြား ဖြစ်ပေါ်သည့် နိုင်ငံရေးပဋိပက္ခ ဟု အတိုင်းတာတစ်ခုထိ ဆိုနိုင်သော်လည်း ထိုအချက်သည် နိုင်ငံရေးအကျပ်အတည်း၏ အဓိက ရင်းမြစ်မဟုတ်ပါ။ နိုင်ငံရေး အကျပ်အတည်း၏ အဓိက ရင်းမြစ်သည် မြန်မာ့သမိုင်းကို လွဲမှားစွာ နားလည်သဘောပေါက်သည့် စစ်တပ်ထောက်ခံသူအုပ်စု နှင့် ဒေါ်အောင်ဆန်းစုကြည် ကိုးကွယ်သူအုပ်စု နှစ်ခုကြားဖြစ်ပွားသည့် နိုင်ငံရေးအာဏာလုပွဲမှစတင်ကာ၊ ထိုအုပ်စု နှစ်ခုလုံးကို ဆန့်ကျင်သည့် ဖက်ဒရယ်ဒီမိုကရေးစီစနစ် နှင့် အတူယှဉ်တွဲနေထိုင်ရေး (pluralistic society) လိုလားသူ (တတိယ) အုပ်စု သုံးခုအကြား ဖြစ်ပေါ်သည့် ပဋိပက္ခဖြစ်သည်။ ပထမ…
ဆလိုင်းဟင်နရီလျန် Chin World Media April 10, 2021 မြန်မာ့နွေဦးတော်လှန်ရေးသည် ကမ္ဘာတဝှမ်းလုံးရှိ နိုင်ငံရေးခေါင်းဆောင်များက အသိ အမှတ်ပြု၊ ချီးကျူးသည်အထိ အောင်မြင်ခဲ့ချေပြီ။ နိုင်ငံတကာရှိ အထင်ကရ သတင်းစာ၊ စာနယ်ဇင်း၊ ရုပ်မြင်သံကြား အစီအစဥ်၊ မီဒီယာ စသည်တို့ကလည်း မြန်မာ့ နွေဦးတော်လှန်ရေးအကြောင်းကို အကျယ်တဝင့် ဖော်ပြလျက်ရှိသည်။ ထိုမျှမက ပြည်သူတို့၏ အကြမ်းမဖက်လူထုမနာခံမှု (CDM) လှုပ်ရှားမှုကို ၂၀၂၂ခုနှစ်အတွက် ငြိမ်းချမ်းဆိုင်ရာ နိုဘယ်လ်ဆုအတွက် အမည်စာရင်းတင်သွင်း ထားသည်။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် မြန်မာပြည်သူများသည် အောင်လံကိုလွှင့်ထူနိူင်ခဲ့ပြီဟုဆိုလျင် မမှား။ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်များသည် မြန်မာပြည်သူများအတွက်/နှင့် ရပ်တည်လျက်ရှိ နေသည်မှာ သိသာထင်ရှားလှပါသည်။ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုကို စီးပွားရေး၊ ကုန်သွယ်ရေး၊…
ဆလိုင်းထောင်း မြန်မာနိုင်ငံတွင် စစ်တပ်က သုံးကြိမ် နိုင်ငံအာဏာကို သိမ်းယူပြီးပြီ။ ပထမဆုံးအကြိမ် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုကြောင့် ချင်းခေါင်းဆောင်များက လက်နက်ကိုင်ပြီး တော်လှန်ခဲ့ကြသည်။ သို့သော် ကြာရှည်မခံခဲ့ ပေ။ ဒုတိယအကြိမ်အာဏာသိမ်းသည့် ၁၉၈၈ တွင် ချင်းကျောင်းသားများက လက်နက်ကိုင်လမ်းစဉ်ကို ထပ်မံ ရွေးခဲ့သည့်။ ယခု တတိယ အကြိမ် အာဏာပြန်သိမ်းရာမှာ ချင်းလူငယ် အပါအဝင် မြန်မာနိုင်ငံက လူငယ် ခပ်များများ လက်နက်ကိုင်လိုစိတ် ထပ်မံ ပြင်းပြလာသည်။ အဆိုပါ လက်နက်ကိုင်လိုသော ချင်းလူငယ်များသည် တည်ရှိနှင့်ပြီးဖြစ်သော CNF လက်နက်ကိုင်တပ်ဖွဲ့သို့ အားလုံးပါဝင်နိုင်မလား။ သို့တည်းမဟုတ် သီးခြား လက်နက်ကိုင်အဖွဲ့ ထွက်ရှိလေမလား။ ချင်းစည်းလုံးညီညွတ် ရေးအတွက် အထူးလိုအပ်ချိန်မှာ…
အဓမ္မတွေကို တွန်းလှန်ခဲ့တဲ့ Civil Disobedience Movement သမိုင်းကြောင်း Dr. Lian H. Sakhong Chin World Media February 12, 2021 (ဤဆောင်းပါးသည်- ဒေါက်တာဆလိုင်းလျန်မှူန်းဆာခေါင်းမှ ချင်းဘာသာဖြင့် ရေးသားထားမှုအား မြန်မာဘာသာသို့ ပြန်ကာ ဖော်ပြခြင်းဖြစ်သည်။ ဆလိုင်းလျန်မှူန်းသည် ချင်းကျောင်းသားခေါင်းဆောင်တယောက်ဖြစ်ခဲ့ပြီး၊ ပြည်တွင်းနှင့် လွတ်မြောက်နယ်မြေများတွင် မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တလျှောက်လုံးပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။ လက်ရှိတွင် UPDJC ဟုခေါ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေမှု ပူးတွဲကော်မတီတွင် ဒုဥက္ကဌအဖြစ် ပါဝင်နေသူလည်း ဖြစ်သည်။ အယ်ဒီတာ) စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ “Civil Disobedience Movement (CDM)” မှာ ပါဝင်လှုပ်ရှားနေသူအားလုံးကို…
“ဘိုးဘေးတို့ရဲ့ သမိုင်း ရာဇဝင်ရိုင်းရတော့မလား” B A Thang Chin World Media February 04, 2021 ၂၀၂၀ ရွေးကောက်ပွဲကြီးတွင် သောင်ပြို၊ ကမ်းပြိုသာမကပဲ မိုးပြိုတဲ့တိုင်တောင် အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ပါလီမာန်အစည်းအဝေးသစ် စတင်မယ့်နေ့မှာ တပ်မတော်အစိုးရမှ ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ မှာ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီး လူထုဆန္ဒကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လိုက်ပါတယ်။အာဏာသိမ်းစစ်တပ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥက္ကဌအဖြစ်တာဝန်ယူကာ ကော်မတီများ၊ ပြည်နယ်ကောင်စီများကို ဖွဲ့စည်းလိုက်ပါတယ်။ အဲ့ဒီအာဏာသိမ်းစစ်တပ်ရဲ့ ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ Pu Maung Har က အဖွဲ့ဝင်အဖြစ် ဖြည့်စွက်ပါဝင်ခဲ့ရပြီး၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှာလည်း Pu Terence San Mawi…
တပ်မတော်မှနိုင်ငံတော်အာဏာကို ၁ နှစ် အာဏာသိမ်းသည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်များ၊ပါတီခေါင်းဆောင်များ၊အရပ်ဖက်အဖွဲ့အစည်းတချို့တို့၏အမြင်ကိုစုစည်းဖော်ပြလိုက်ပါသည်။ ဦးဝှေ့တင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ( ပလက်ဝမြို့နယ်၊ ချင်းပြည်နယ်) ကျနော်တို့က တတိယအကြိမ် လွှတ်တော်တက်ဖို့အတွက် နေပြည်တော်ကိုလာတယ် ကျနော်တို့က ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ အစိုးရအုပ်ချုပ်စဉ်မှာ ဒီလိုမျိုး တပ်မတော်က ရုတ်တရက်အာဏာသိမ်းတယ် ဆိုတာက မဖြစ်သင့်တဲ့အရာလို့ မှတ်ချက်ပြုချင်တယ် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လွှတ်တော်တက်ဖို့အတွက်အဆင်သင့်ရှိနေတဲ့အချိန် တပ်မတော်က ရုတ်တရက်ကြီး အာဏာသိမ်းတယ်ဆိုတာက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စိတ်ထဲမှာလည်း မကောင်းဘူး ဒီမိုကရေစီ နိုင်ငံဖြစ်နေဆဲကာလမှာ ဒီလိုမျိုး လုပ်ရပ်က မလုပ်ထိုက်ဘူးလို့ သုံးသက်တယ် လက်ရှိNLD ဥက္ကဌနဲ့ သမ္မတကြီးရဲ့ လမ်းညွှန်မှုအောက်မှာဘဲ NLD အဖွဲ့ဝင်များအနေနဲ့ လိုက်နာသွားဖို့…
Lian Tuang ပြည်ထောင်စုအစိုးရမှ သော်လည်းကောင်း၊ ပြည်နယ်အစိုးရမှ သော်လည်းကောင်း သိပ်မကြာသေးခင်က ထုတ်ပြန်ခဲ့သော ဂုဏ်ထူးဆောင်သူများရွှေးချယ်ခြင်းနှင့် ဆုလက်မှတ်များချီးမြှင့် အပ်နှင်းခြင်း ခဲ့ပါသည်။ ချင်းပြည်နယ် အစိုးရ အဖွဲ့အနေဖြင့်လည်း သူ့ စံနှုန်နှင့် သူ ကဏ္ဍအလိုက် ထူးချွန်ဂုဏ်ထူးသူများ စီစစ် သတ်မှတ် ဂုဏ်ပြုခဲ့ပါသည်။ စာရင်းထဲတွင် ကျန်းမာရေး ဝန်ထမ်းနဲ့ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်ပါသဖြင့် အလွန်ပင် အားရမ်ိပါသည်။ တစ်ဆက်တည်းတွင် ဂုဏ်ထူးဆောင်များ အဖြစ် သတ်မှတ်ခြင်း မခံရသော်လည်း လူသားဆန်ဆန် အများ အကျိုးကို စွမ်းစွမ်းတမံ ကြိုးစား ဖော်ဆောင်နေသည့် အသင်းအဖွဲ့နှင့် လူပုဂ္ဂိုလ်တစ်ချို့ကိုလည်း အသိအမှတ်ပြု ဂုဏ်ပြုချင်ပါသည်။ (က) ဆရာမ ဒိမ်လွန်းမာန်…