

(ချင်းဝေါလ်အယ်ဒီတာ့အာဘော်) ၂၀၁၅ခုနှစ်ရွေးကောက်ပွဲမဲဆွယ်ကာလကချင်းပြည်နယ်တွင်ထိုစဉ်ကချင်းပြည်နယ်ဝန်ကြီးချုပ်ဦးဟုန်းငိုင်းနှင့်ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများဘေးတွင်တင်ဒါကုမ္ပဏီပိုင်ရှင်များကိုတပူးပူးတတွဲတွဲတွေ့မြင်ရသကဲ့သို့၂၀၂ဝခုနှစ်ရွေးကောက်ပွဲမဲဆွယ်ကာလတွင်လည်းလက်ရှိအာဏာရNLDပါတီကိုယ်စားလှယ်လောင်းများနှင့်တင်ဒါကုမ္ပဏီပိုင်ရှင်များတပူးပူးတတွဲတွဲတွေ့မြင်ခဲ့ရပါသည်။ချင်းပြည်နယ်၏နိုင်ငံရေးလောကသို့ယခင်ကထက်တင်ဒါကုမ္ပဏီသမားများနက်နက်ရှိုင်းရှိုင်းပတ်သက်ဝင်ရောက်လာပြီဖြစ်ပါသည်။ ချင်းပြည်နယ်တွင်တင်ဒါပြိုင်သည့်ကုမ္ပဏီများအရေအတွက်သည်ယခုနှစ်ဆိုလျှင် ၁၃၂၅ ခု အရေအတွက်အထိရောက်လာပြီဖြစ်သည်။ ချင်းပြည်နယ်၏နိုင်ငံရေးလောကသို့တင်ဒါသမားများနက်နက်ရှိုင်းရှိုင်းဝင်ရောက်လာခြင်းကိုလူမူ့ကွန်ရက်တွင်ပေါက်ကြားခဲ့သည့်ထန်တလန်မြို့နယ်NLDပါတီဥက္ကဌ၏စာသည်သက်သေပင်ဖြစ်သည်။ဤကဲ့သို့ဖြစ်ရပ်မျိုးသည်ထန်တလန်၁မြို့နယ်တွင်သာရှိသည်ဟုစာဖတ်သူသင်ယုံကြည်ပါသလား၊တခြားမြို့နယ်များထက်ထန်တလန်သည်ကံဆိုးစွာဖြင့်ပေါ်ပေါက်သွားသောဖြစ်ရပ်သာဖြစ်သည်။ထန်တလန်သည်ချင်းပြည်နယ်၁ခုလုံးတွင်ဖြစ်ပျက်နေသည့်တင်ဒါအကျိုးစီးပွားပြသနာများအားလုံးကိုကိုယ်စားပြုနေသည့်ပြသနာဖြစ်သည်။ထန်တလန်ုဖြစ်ရပ်သည်အရည်အသွေးမကောင်းသောလုပ်ငန်းတင်ဒါများ၏အဖြေကိုဖော်ပြနေသည့်ဖြစ်ရပ်ဖြစ်သည်။ ချင်းပြည်နယ်မြို့နယ်တိုင်းမှာကုမ္ပဏီများကအလှူငွေပေး၊အလှူငွေပေးသောကုမ္ပဏီများကိုတင်ဒါပြန်ပေးဖြစ်စဉ်မျိုးယခင်ကတည်းကရှိနေသည်ကိုတင်ဒါလျှောက်ထားသူများထံမှသိရှိရပါသည်။ တင်ဒါသမားများချင်းပြည်နယ်နိုင်ငံရေးလောကထဲသိသိသာသာဝင်ရောက်ခဲ့ခြင်းအစမှာချင်းပြည်နယ်မြို့နယ်တိုင်းရှိNLDပါတီရုံးများတည်ဆောက်ရေးတွင်တင်ဒါကုမ္ပဏီများအလှူငွေထည့်ဝင်ရာမှစတင်ခဲ့ပြီးအလှူထည့်သည့်ကုမ္ပဏီများကိုတင်ဒါပြန်ပေးလုပ်ဆောင်ခဲ့ကာတင်ဒါကုမ္ပဏီများသည်ယခုရွေးကောက်ပွဲတွင်လည်းNLDပါတီကိုလူအား၊ငွေအားဖြင့်ဝန်းရံပေးခဲ့ကြပါသည်။ထန်တလန်ဖြစ်စဉ်သည်လည်းNLDပါတီအောင်နိုင်ရေးအတွက်ကူညီအားပေးသည့်ကုမ္ပဏီစာရင်းနှင့်အဆိုပါကုမ္ပဏီများ၏တင်ဒါအမှတ်များဖော်ပြထားသည့်အတွက်ပါတီအောင်နိုင်ရေးကူညီသည့်ကုမ္ပဏီများကိုတင်ဒါပေးဖို့ရည်ညွှန်းသည်ကိုတွေ့ရပါသည်။ တင်ဒါစပြိုင်စဉ်က သိန်း၁၀၀ ခန့်စီမံကိန်းများသာလျှောက်နိုင်သည့်ကုမ္ပဏီပိုင်ရှင်တချို့သည်နောင် ၃ နှစ် ၄ နှစ်အကြာတွင်သိန်းထောင်ကျော်တန်စက်ကြီးများဝယ်ယူနိုင်သည့်ချမ်းသာမူ့မျိုးကိုချင်းပြည်နယ်တွင်မြင်တွေ့ရပါသည်။မြို့နယ်စည်ပင်ဥက္ကဌကိုယ်တိုင်စည်ပင်တင်ဒါဝင်ပြိုင်ပြီးတင်ဒါရသည့်ဖြစ်ရပ်မျိုးအထိချင်းပြည်နယ်တွင်ဖြစ်ပွားနေပါသည်။တင်ဒါသမားများလုပ်ဆောင်သောလုပ်ငန်းများအရည်အသွေးမပြည့်မီမူများရှိသော်လည်းကြီးကြပ်မူ့၊အရေးယူမူ့အားနည်းနေပါသည်။ လက်ရှိတွင်လူမူ့ကွန်ရက်တွင်ပေါက်ကြားခဲ့သည့်ထန်တလန်မြို့နယ်NLDပါတီဥက္ကဌလည်းဖြစ်သူ၊၂၀၂ဝရွေးကောက်ပွဲတွင်အနိုင်ရရွေးကောက်ခံထန်တလန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏တင်ဒါနှင့်ပတ်သက်ပြီးမှတ်ချက်ပေးစာအပေါ်စစ်ဆေးအရေးယူရန်လုပ်ဆောင်နေကြပါသည်။ဤကဲ့သို့စာသည်ထန်တလန်တမြို့နယ်တည်းသာလျှင်ထုတ်ပြန်သည့်စာဟုတ်မဟုတ်၊ထန်တလန်မြို့နယ်ပါတီဥက္ကဌကိုအရေးယူပြရုံ၊၄င်းထောက်ခံထားသည့်ကုမ္ပဏီများကိုတင်ဒါမပေးရုံမျှဖြင့်မဖြေရှင်းစေလိုပါ၊ ယခုကဲ့သို့တင်ဒါပြသနာများသည်မြို့နယ်တိုင်းတွင်ရွေးကောက်ပွဲကာလNLDပါတီကိုဝန်းရံပေးခဲ့သောတင်ဒါကုမ္ပဏီများ၏အကျိုးစီးပွားပါရှိနေသောပြသနာများဖြစ်သောကြောင့်ထန်တလန်တင်ဒါပြသနာသက်သက်မဟုတ်ပဲ၊ချင်းပြည်နယ်၏တင်ဒါပြသနာဖြစ်ပါကြောင်းမြို့နယ်တိုင်းရှိတင်ဒါလျှောက်သောသူများကိုသေချာစိစစ်ပြီးမျှမျှတတဖြင့်ချင်းပြည်နယ်အဆင့်ဖြင့်ဖြေရှင်းပေးရမည်ဖြစ်ပါသည်။တင်ဒါသမားများနှင့်ကင်းကင်းရှင်းနေမှသာအကျိုးစီးပွားပြသနာများရှောင်ရှားနိုင်ပြီးအဂတိကင်းသောအစိုးရ၊အဂတိကင်းသောလွှတ်တော်ကိုယ်စားလှယ်များဖြစ်နိုင်မည်ဖြစ်သည်။ အယ်ဒီတာ နိုဝင်ဘာလ ၃၀ ရက်၊၂၀၂၀။ …
“အနိုင်ရပါကလမ်းဖောက်ပေးမည်၊တံတားဆောက်ပေးမည်ကျောင်းဆောက်ပေးမည် “ရွေးကောက်ပွဲကိုယ်စားလှယ်များ၏မဲဆွယ်အသံများ၂၀၂ဝရွေးကောက်ပွဲနီးလာချိန်တွင်ခပ်စိတ်စိတ်ပြန်ကြားလာရပါသည်။ချင်းပြည်နယ်ကဲ့သို့ပြည်ထောင်စုမြန်မာနိုင်ငံ၏အဆင်းရဲဆုံးပြည်နယ်တွင်ထိုကဲ့သို့ကတိသံများကြားရသည်မှာမဆန်းပါ။လမ်း၊တံတား၊ကျောင်း ဖွွံဖြိုးရေးဘတ်ဂျက်မျှဖြင့် လွတ်လပ်ရေးရပြီးပါလီမန်ခေတ်တွင်လည်း ချင်းလူထုကိုမဲဆွယ်ခဲ့ကြပါသည်။၁၉၉ဝရွေးကောက်ပွဲတွင်လည်းလမ်း၊တံတား၊ကျောင်းဖွွံဖြိုးရေးဘတ်ဂျက်မျှဖြင့်ချင်းလူထုကိုမဲဆွယ်ခဲ့ကြပါသည်။၂၀၁ဝရွေးကောက်ပွဲတွင်လည်းကောင်း၊၂၀၁၅ရွေးကောက်ပွဲတွင်လည်းလမ်း၊တံတား၊ကျောင်း “စည်ပင်ဘတ်ဂျက်မျှဖြင့်၊ဖွွံဖြိုးရေးဘတ်ဂျက်မျှဖြင့်“မဲဆွယ်ခဲ့ကြပါသည်။ ဆန်းသည်မှာထိုကဲ့သို့မဲဆွယ်သူများသာဖြစ်သည်။နိုင်ငံသားများပေးဆောင်သောအခွန်ငွေ၊သံယံဇာတရောင်းရသောငွေများ၊နိုင်ငံတကာမှချေးငွေများဖြင့်သုံးစွဲရသောအစိုးရဘတ်ဂျက်ကို၄င်းတို့အိပ်ကပ်ထဲမှစိုက်လုပ်ပေးမည်သကဲ့သို့မဲဆွယ်ပြောဆိုခြင်း၊အစိုးရတိုင်း၊လွှတ်တော်အမတ်တိုင်း၏အခြေခံအကျဆုံးအလုပ်၊လုပ်ကိုလုပ်ရမည့်အလုပ်ကိုမက်လုံးကဲ့သို့မဲဆွယ်ခြင်းဖြစ်သည်။လမ်း၊တံတား၊ကျောင်း၊ဆေးပေးခန်းမျှဖြင့်မဲဆွယ်လို့ရသည်ဟုအတွေးဖြင့်မဲဆွယ်ခြင်းသည်ချင်းပြည်သူလူထုကိုလည်းအထင်သေးရာရောက်ပါသည်။”လမ်းဖောက်ပေးမည်၊တံတားဆောက်ပေးမည်ကျောင်းဆောက်ပေးမည်“ထိုမျှဖြင့်ချင်းပြည်သူများ၏မဲကိုရနိုင်သည်ဟူသည့်ခပ်လွယ်လွယ်အတွေးသည်ချင်းလူမျိုး၏ဂုဏ်ကိုပါကျဆင်းစေသောအချက်လည်းဖြစ်သောကြောင့်ချင်းပြည်သူများလက်မခံသင့်ကြောင်းအကြံပြုလိုပါသည်။ လမ်းတံတားတည်ဆောက်ခြင်းသည်မည်ကဲ့သို့အစိုးရမျိုးတွင်မဆိုလုပ်နိုင်သည့်လုပ်နေသည့်အခြေခံအလုပ်ဖြစ်ပါသည်။တပ်မတော်အစိုးရခေတ်ကချင်းပြည်အတွက်လမ်းတံတားမလုပ်ပေးခဲ့ဟုထောက်ပြပါကနေပြည်တော်တည်ဆောက်ရေးစီမံကိန်းကြောင့်ဟုဖြေဆိုပါရစေ။စစ်အစိုးရခေတ်တွင်အကြီးမားဆုံးစီမံကိန်းဖြစ်သောဒေါ်လာဘီလီယံချီကုန်ကျပြီးအစမှအဆုံးတည်ဆောက်ရသောနေပြည်တော်မြို့တော်သစ်စီမံကိန်းကြောင့်ချင်းပြည်နယ်ပင်မဆိုထားနှင့်မြို့တော်ဟောင်းရန်ကုန်အတွက်ပင်ထိုစဉ်ကတပ်မတော်အစိုးရဘတ်ဂျက်ကောင်းကောင်းမချပေးနိုင်ခဲ့ပါ။နေပြည်တော်ပြီးစီးပြီး၂၀၁ဝရွေးကောက်ပွဲမှတက်လာသောသမ္မတဦးသိန်းစိန်ခေတ်မှစပြီးရန်ကုန်အပါအဝင်ပြည်နယ်တိုင်းဒေသကြီးများကိုဘတ်ဂျက်ကောင်းကောင်းပြန်ချပေးလာနိုင်ခြင်းဖြစ်သည်။NLDပါတီအစိုးရခေတ်တွင်လည်းတိုင်းဒေသကြီးနှင့်ပြည်နယ်များကိုဘတ်ဂျက်များပိုတိုး၍ချပေးလာပါသည်။ “အနိုင်ရပါကလမ်းဖောက်ပေးမည်၊တံတားဆောက်ပေးမည်ကျောင်းဆောက်ပေးမည် အစား ဥပမာ မြေလွတ်မြေရိုင်းဥပဒေနှင့်ချင်းလူထု၏တောင်ယာကိုအလွယ်တကူသိမ်းလို့ရသောမြေယာပြသနာအရေးမျိုးကိုမည်ကဲ့သို့ဖြေရှင်းပေးမည်၊ပလက်ဝတွင်စစ်ပွဲရပ်တည့်ရန်လွှတ်တော်တွင်ဆွေးနွေးမည်၊ အကျင့်ပျက်ခြစားမူ့မရှိအောင်မည်ကဲ့သို့ဆောင်ရွက်မည်“စသကဲ့သို့ချင်းလူထုအတွက်အမှန်တကယ်လိုအပ်ပြီးအကျိုးရှိသောမဲဆွယ်ကတိများပေးစေလိုပါသည်။အစိုးရဖြစ်ပါက၊လွှတ်တော်အမတ်ဖြစ်ပါကအခြေခံအလုပ်၊လုပ်ကိုလုပ်ရမည့်အလုပ်ဖြင့်မဲမဆွယ်ကြရန်၊ထိုထက်ကြီးမားသေးချင်းလူထု၏နစ်နာချက်များလိုအပ်ချက်များ ကိုသာကိုင်ဆွဲပြီးမဲဆွယ်ကြပါရန်ချင်းဝေါလ်မီဒီယာမှတိုက်တွန်းရေးသားလိုက်ရပါသည်။ အယ်ဒီတာ …
U Lian Tuang အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ခရီးသွားပြည်သူများကို ဂုဏ်သိက္ခာကျဆင်းစေသည်ဟု ယူဆရပါသဖြင့် မိမိကိုယ်တိုင်ကြုံတွေ့ခဲ့သော အဖြစ်အပျက်တစ်ခုအား တင်ပြဆွေးနွေးချင်ပါသည်။ လုံခြုံရေးကဏ္ဍ၊ အကောက်ခွန် ကဏ္ဍများနှင့် တစ်စုံတစ်ရာငြိစွန်းမူမရှိသော်လည်း လေဆိပ် လုံခြုံရေးတာဝန်ရှိသူများ၏တားမြစ်ခြင်းကြောင့် ရုပ်ရုပ်သဲသဲဖြစ်ကာ ပစ္စည်းအိတ်တစ်ချို့ကို လျှော့ချ သယ်ယူခဲ့ရသည့်ဖြစ်စဉ်တစ်ခုပါ။ ၂၀၁၉၊ စက်တင်ဘာ ၂၁ ရက်နေ့တွင် ဝမ်းကွဲအစ်မနှင့် တူမ( အစ်မ သမီး ) အမေရိကား သွားဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကို လိုက်ပို့ခဲ့ပါသည်။ သဘောထားပြည့်ဝသူတွေ ဖြစ်သည့်အလျောက် လူကြုံပစ္စည်းအများကြီး ရသည့်အပြင် အမေရိကနေ ဆွေမျိုးများမှလည်း ပြည်တွင်းဖြစ် ဖိနပ်တွေ၊ အချဉ်ထုပ်တွေ၊ လက်ဖက်နှပ်တွေ စသည်ဖြင့် မြန်မာပြည် အငွေ့အသက်ရှိသောပစ္စည်းများကို တက်နိုင်သလောက် ယူလာပေးဖို့ မှာထားတာကြောင့်…