Input your search keywords and press Enter.

Article

ကိုဗစ် ၁၉ ကို ကျော်လွှားဖို့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပါ

  သွေး (စစ်ကိုင်း) ကိုဗစ် ၁၉ ရောဂါဟာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ဆက်လက်ကူးစက်နေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကိုဗစ်ကူးစက်ခံရမှုတွေ ရှိနေဆဲ ဖြစ်ပေမဲ့ သေဆုံးမှုနှုန်း အနည်းငယ်လျော့ကျလာတာ တွေ့ရပါတယ်။ ဒီလို လျော့ကျလာတာဟာ ပြည်သူတွေ အနေနဲ့ နေအိမ်မှာ နေထိုင်ကြခြင်း အပါအဝင် လိုက်နာရမယ့် ကိုဗစ်စည်းကမ်းချက် တွေကို လိုက်နာခဲ့တာကြောင့် လို့ ပြောနိုင်ပါတယ်။ ကိုဗစ်မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေထဲမှာ အခုနောက်ဆုံး Lambda မျိုးကွဲ ကူးစက်ခံရသူ တစ်ယောက်ကို ဖိလစ်ပိုင်နိုင်ငံမှာ တွေ့ရှိခဲ့ရပါတယ်။ အဲဒါကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူတွေ စည်းကမ်းကို သေချာလိုက်နာဖို့ တိုက်တွန်းပြောကြားပါတယ်။ Lambda မျိုးကွဲမှာ ကာကွယ်ဆေးထိုးနှံမှုက…

ပူးကျင်ရှင့်ထန် ( သို့မဟုတ် ) သမိုင်းဝင် ဖက်ဒရယ်လှုပ်ရှားမှုရဲ့ အစိတ်အပိုင်း

    စိုင်းထွန်းအောင်လွင် စာရေးသူတို့ငယ်စဉ်ကတော့ ကျောင်းသုံးပြဌာန်းသမိုင်းစာအုပ်တွေမှာ ဖက်ဒရယ်မူဆိုတာ ခွဲထွက်ရေး လိုလို သင်ကြားခဲ့ရတယ်။ ရှမ်းစော်ဘွားတွေ ဖက်ဒရယ်မူကို အကြောင်းပြ တိုင်းပြည်ကနေ ခွဲထွက်ဖို့ ကြံစည်လို့ တိုင်းပြည်မပြိုကွဲရေးအတွက် စစ်တပ် ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီက တိုင်းပြည်ချောက်ထဲမကျခင် ဝင်ရောက်ထိန်းသိမ်းလိုက်ရတယ် ဆိုတာမျိုးကအစပါ။ တနည်းအားဖြင့် ဖက်ဒရယ်ဆိုတာကို ကြောက်ရွံ့စရာ တစ္ဆေအဖြစ် ပုံဖော်ခဲ့တယ်။ စာရေးသူ အသက် ၂၀ ဝန်းကျင် အရွယ်ရောက်တော့ မီဒီယာမလွတ်လပ်တဲ့ခေတ်ကာလ ဖြစ်ပေမယ့် ပြည်ပ ရေဒီယိုတွေက လွှင့်တဲ့ သတင်းအစီအစဉ်တွေ နားထောင်ဖြစ်တယ်။ အဲကာလမှာ ဒီမိုကရေစီ အသံကို ပြည်ပ ရေဒီယို အစီအစဉ်တွေမှာ ကြားရတာများပေမယ့် အဲတုန်းက ရှားရှားပါးပါး ဖက်ဒရယ်…

ဗီဇပြောင်းကိုဗစ်ပိုး ကူးစက်မှုကို အချင်းချင်း ဖေးမ,မှုနဲ့ ကာကွယ်ပါ

  သွေး (စစ်ကိုင်း) ကူးစက်မှုနှုန်း ပိုမိုမြန်ဆန်, ပြင်းထန်တဲ့ မျိုးဗီဇပြောင်း ကိုဗစ် ၁၉ ဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံတွေမှာ ပျံ့နှံ့နေပါတယ်။ အမေရိကန်ပြည်ထောင်စု ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး ဗဟိုဌာန (CDC) က ဒီဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ်တွေထဲမှာ ကူးစက်မှုနှုန်း အမြန်ဆုံး ဖြစ်တယ် လို့ သတိပေးထားပါတယ်။ ဇွန်လက စ,ပြီး မျိုးဗီဇပြောင်း ကိုဗစ်ပိုးတွေ့ခဲ့တဲ့ ကျမတို့ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူရော၊ သေဆုံးသူ အရေအတွက်ပါ သိသိသာသာ မြင့်တက်လာနေလို့ အထူးသတိပြုရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံမှာ တွေ့ရတဲ့ အယ်လ်ဖာ (Alpha)၊ တောင်အာဖရိက နိုင်ငံမှာ တွေ့ရတဲ့ ဘီတာ (Beta)၊ အိန္ဒိယနိုင်ငံမှာ…

ကိုဗစ် ၁၉ အစုလိုက် ကူးစက်မှုကို ကြိုတင်ကာကွယ်ပါ

  သွေး (စစ်ကိုင်း) ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးဟာ မျိုးဗီဇမျိုးကွဲ ၄ မျိုး အထိ ပြောင်းသွားပြီး ကမ္ဘာတဝှမ်း နိုင်ငံတွေမှာ လျင်လျင်မြန်မြန် ကူးစက် ပျံ့နှံ့နေ သလို မြန်မာနိုင်ငံမှာလည်း မျိုးဗီဇပြောင်း ကိုဗစ်ပိုး ကူးစက်ခံရသူတွေ ရှိလာနေတာကြောင့် ရောဂါပိုး ကူးစက်မှု လျှော့ချနိုင်ဖို့နဲ့ ထိန်းချုပ်နိုင်ဖို့ သတိရှိရှိ၊ အသိရှိ ကြိုးပမ်းကြဖို့ အထူးလိုအပ်နေပါပြီ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) ရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးဟာ ယူကေနိုင်ငံမှာ Alpha (B.1.1.7) (အယ်လ်ဖာ) မျိုးကွဲ၊ တောင်အာဖရိကမှာ Beta (B.1.351) (ဘီတာ) မျိုးကွဲ၊ ဘရာဇီးမှာ Gamma…

“ကိုဗစ်” ကို မပေါ့ဆပါနဲ့

  သွေး (စစ်ကိုင်း) တစ်ကမ္ဘာလုံးက လူသားတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်လာနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ခေါ် ကိုဗစ်ပိုးဟာ အခုဆိုရင် မျိုးဗီဇ ၃ မျိုး အထိ ပြောင်းလာပါပြီ။ အဲဒီ အမျိုးအစားတွေက UK နိုင်ငံမှာ ဖြစ်ပွားနေတဲ့ Alpha ပိုး၊ အိန္ဒိယနိုင်ငံမှာ ကူးစက်နေတဲ့ Delta နဲ့ Keppa မျိုးဗီဇပိုးတွေ ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာ မျိုးရိုးဗီဇပြောင်းလဲတဲ့ပိုး တွေ့ရှိသူ ၁၁ ဦး ရှိတယ် လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန် ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Alpha ပိုး ကူးစက်ခံရသူ ၂ ဦး၊ Delta…

အနှစ်သာရရှိတဲ့ဖယ်ဒရယ်ဒီမိုကရေစီခြေဥဖြစ်လာနိုင်ခြေကိုသုံးသပ်ခြင်း

    Salai Chin   မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဟာသုံးကြိမ်တိုင်ရေးဆွဲခဲ့ပြီးဖြစ်ပါတယ်။ အဲဒီရေးဆွဲတဲ့ဖြစ်စဥ်တွေကိုလေ့လာမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးရာကော်မရှင် သို့မဟုတ် ကော်မတီကို ၁၉၄၇ ခုနှစ် မေလမှာဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ကာ ကိုယ်စားလှယ် ၇၅ယောက်ဖြင့်ဖွဲ့စည်းခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းခေတ် ၁၉၄၇ မေလမှစတင်ကာဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲဖို့တိုင်းပြုပြည်ပြုလွှတ်တော်ခေါ်ယူကျင်းပခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာမူဝါဒလမ်းညွှန် ၇ချက်ကိုအခြေခံဖို့တင်ပြခဲ့ပါတယ်။ ဖဆပလညီလာခံမှာ ဗိုလ်ချုပ်ဦးဆောင်ရေးဆွဲခဲ့တဲ့​ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုအတည်ပြုခဲ့ကြပါသေးတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်ထောင်စုစနစ်ကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုလိုလားတယ်ဆိုတာထင်ရှားပါတယ်။ ဒါပေမဲ့လဲ လုပ်ကြံခံရတဲ့အတွက် သူ့နေရာမှာ ဦးနုအစားထိုးခဲ့ပြီးနောက် ဦးနုကနေဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလမ်းညွှန်မူကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကိုအတည်ပြုမပေးပဲ ဦးချန်ထွန်းကိုအသစ်ထပ်မံရေးဆွဲခိုင်းစေခဲ့ပါတယ်။   အဲဒီအသစ်ရေးဆွဲတဲ့ခြေဥမူကြမ်းဟာပြည်ထောင်စုစနစ်ကိုအခြေမခံတော့ပဲတစ်ပြည်ထောင်စနစ်ကိုအခြေခံတဲ့ခြေဥဖြစ်သွားရုံသာမက တိုင်းရင်းသားတွေရဲ့နိုင်ငံရေးအာဏာရပိုင်ခွင့်တွေအာမခံထားတာပါမလာတာတွေ့ရပါတယ်။ ဒါပေမဲ့လဲ ဦးနုဦးဆောင်တဲ့တိုင်းပြုပြည်ပြုလွှတ်တော်မှာ ဦးချန်ထွန်းရဲ့မူကြမ်းကို ၁၉၄၇ စက်တင်ဘာလ၂၄ရက်မှာအတည်ပြုချက်ရယူခဲ့ပြီး၁၉၄၈ခုနှစ်ကနေ၁၉၆၂ခုနှစ်စစ်တပ်အာဏာသိမ်းတဲ့အထိအသုံးပြုခဲ့ပါတယ်။ ပင်လုံစာချုပ်အပေါ်အခြေခံပြီးရေးဆွဲခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖွဲ့စည်းပုံအခြေခံ​ဥပဒေမူကြမ်းအတိုင်းဖြစ်မလာခဲ့တဲ့ ၁၉၄၇ ခြေဥဟာ ခြေဥရေးဆွဲတဲ့ရေးရာကော်မရှင်ဦးဆောင်မှုရဲ့ အဘယ်မျှလောက်ရေးပါပုံကိုပြသနေပါတယ်။   ဒုတိယခြေဥရေးရာကော်မတီကိုဗိုလ်နေဝင်းခေတ်မှာ သမ္မတဦးဆန်းယုကဦးဆောင်မှုပြုကာသူတို့စိတ်ကြိုက်ရွှေးချယ်တဲ့ လူ ၉၇ယောက်နဲ့ဖွဲ့စည်းခဲ့ပါတယ်။၁၉၇၃ခုနှစ်…

ကိုဗစ်ကူးစက်မှု ထိန်းချုပ်နိုင်ဖို့ ဘာကြောင့် အရေးကြီးလဲ

      သွေး (စစ်ကိုင်း) ကမ္ဘာတဝှမ်း ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ ပိုမိုများပြားလာနေတဲ့ အချိန်မှာပဲ ကျမတို့ မြန်မာနိုင်ငံမှာလည်း ရောဂါကူးစက် ဖြစ်ပွားမှု ပိုမိုများပြား လာနေတာ တွေ့ရပါတယ်။ ဒါဟာ ကိုဗစ်ကို အထူးဂရုစိုက် ကာကွယ်သွားရမယ့် အခြေအနေ တစ်ရပ်ကို ရောက်နေပြီ ဆိုတာ ညွှန်ပြနေတာလည်း ဖြစ်ပါတယ်။ ရောဂါကူးစက် ဖြစ်ပွားမှုကို ထိထိရောက်ရောက် ထိန်းချုပ် နိုင်ဖို့ အတွက် လူတစ်ဦးချင်းစီကလည်း ကိုဗစ်စည်းကမ်းချက်တွေကို တိတိကျကျ လိုက်နာဖို့ ခေါင်းလောင်းထိုး သတိပေးတာ လည်း ဖြစ်ပါတယ်။ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ကိုဗစ်ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာနေပါတယ်။ ထိုင်းနိုင်ငံမှာ ကာကွယ်ဆေး ထိုးနှံမှုတွေ လုပ်ဆောင်နေပေမဲ့…

ကိုဗစ်အလွန် လူမှုစီးပွားရေး ထိခိုက်မှုတွေ ပြန်လည်ကုစားဖို့ ဆိုရင်…

  သွေး (စစ်ကိုင်း) ကိုဗစ် ၁၉ ဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ဖို့ ကြိုးစားရမှာ ဖြစ်သလို ကိုဗစ်အလွန်ကာလမှာ တွေ့ကြုံရမယ့် အခက်အခဲတွေကိုပါ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကိုဗစ် ၁၉ ကြောင့် စီးပွားရေး၊ လူမှုဘဝ ထိခိုက်မှုတွေကို နိုင်ငံတော်တော်များများမှာ တွေ့ကြုံနေရတာပါ။ ရောဂါဖြစ်မှ ကုသ,တာထက် မဖြစ်ခင် ကြိုတင် ကာကွယ်တာက ပိုမိုကောင်းမွန်တာကြောင့် ကိုဗစ်ကူးစက် မခံရအောင် ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး ကာကွယ်ကြရမှာပဲ ဖြစ်ပါတယ်။ ရောဂါထိန်းချုပ်ရေး၊ ကာကွယ်ရေး အတွက် လုပ်ဆောင်တဲ့ နေရာမှာ နိုင်ငံ တစ်ခုနဲ့ တစ်ခု စီမံခန့်ခွဲမှုချင်း မတူကြပါဘူး။ ကိုဗစ် စ,ဖြစ်ချိန် အစောပိုင်းကာလမှာ…

ဗီဇပြောင်း ကိုဗစ်ပိုးကူးစက်မှုကို ကာကွယ်ပါ

သွေး (စစ်ကိုင်း) တစ်ကျော့ပြန် ဗီဇပြောင်း ကိုဗစ် ၁၉ ရောဂါဟာ အာရှနိုင်ငံတွေကို ကူးစက်ပျံ့နှံ့လာနေတဲ့ သတင်းတွေ နေ့စဉ်ကြားနေရဆဲ ဖြစ်သလို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လျော့ကျလာပြီ၊ တားဆီးကာကွယ်နိုင်ပြီ ဆိုတာမျိုးတွေတော့ မတွေ့ရသေးပါဘူး။ ဒီကပ်ရောဂါဆိုးကြီးကို ရင်ဆိုင် ကျော်လွှားနိုင်ဖို့ နိုင်ငံတိုင်းက ရုန်းကန်ကြိုးပမ်းနေရဆဲပါ။ ကျမတို့ မြန်မာနိုင်ငံမှာလည်း ကိုဗစ်တတိယလှိုင်း ဖြစ်မလာဖို့  တစ်ဦးတစ်ယောက်ချင်းစီကနေ တစ်သင်းတစ်ဖွဲ့ အပါအဝင် ကျမတို့ ပြည်သူအားလုံး အထူးသတိပြု ကာကွယ်ကြဖို့ လိုအပ်နေပါပြီ။ ကိုဗစ် ကူးစက်မှု အမြင့်မားဆုံး နိုင်ငံတစ်ခု ဖြစ်တဲ့ အမေရိကန်နိုင်ငံကို လေ့လာကြည့်ရင် နိုင်ငံတဝှမ်း ကာကွယ်ဆေး ထိုးနှံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်လာတာက အားတက်စရာပါ။ ကိုဗစ်ကြောင့် သေဆုံးမှု…