

Salai Khup Khup ထန်တလန်ပြည်သူ့ဆေးရုံတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး ဆေးရုံတာဝန်ခံကို ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှုးက စက်တင်ဘာ (၅) ရက်နေ့က ခေါ်ယူသတိပေးခဲ့ကြောင်းသိရသည်။ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ စီမံအုပ်ချုပ်ရေးအရာရှိ ဦးနိန်ဟုန်းက “ ပြည်နယ်မှုးကတော့ မနေ့က ခေါ် ယူသတိပေး တယ်။ ဌာနဆိုင်ရာမှာ ခေါ်ယူ သတိပေးခံရတယ်ဆိုတာ အတော်လေးနက်တာပေါ့။ မြို့နယ်ဆရာဝန်ကလည်း အသစ်ဆိုတော့ အတွေ့အကြုံအရလည်းလိုအပ်သေး တာပေါ့။ ပြည်နယ်မှုးကတော့ စီမံဆောင်ရွက်ရမယ့် လုပ်ငန်းတွေချပြပေးထားတယ်။ ထန်တလန်မြို့ ပြည်သူ့ဆေးရုံတာ ၀န်ခံကလည်း သူ့အနေနဲ့ လုပ်ငန်းပိုင်းတွေမှာ အတွေ့အကြုံအားနည်းပါတယ်ဆိုတာမျိုးဝန်ခံတယ်” ဟုပြောသည်။ သူကဆက်ပြီး ထန်တလန်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ကို ပြည်နယ်အဆင့်မှ တရားဝင်စာဖြင့် အသိပေးမှုလည်း ဆက်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောသည်။ လက်ရှိထန်တလန်မြို့နယ်ပြည်သူ့ဆေးရုံအုပ်သည် တိုက်နယ်ဆေးရုံမှ…
Salai Khup Khup ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ နယ်ရှိ ရှင်မဒိန်ရွာရှိ ရွာသူ/ရွာသားများကို ရက္ခိုင်တပ်မတော်(AA)မှမောင်းထုတ်သဖြင့် နီးစပ်ရာရွာများသို့  ပြောင်းရွေ့ နေရသည်ဟုဒေသခံများကပြောသည်။ ပလက်ဝလူမှုကယ်ဆယ်ရေးအဖွဲ့  ဝင်အိုက်ထွန်းလင်းက “ရှင်မဒိန်အုပ်စုကနေ ကင်းသလင်းရွာကို ရွာသူ/ရွာသားအိမ်ခြေကိုးအိမ်ရယ် လူဦးရေက(၅၁)ယောက် ပြောင်းရွေ့ လာကြတယ်၊ AAဘက်ကနေ ဒီလကုန်ရင် ဒီရွာ ကနေ အကုန်ပြောင်းခိုင်းထားတယ်လို့ ဒေသခံရွာသားတွေကပြောတယ်၊ အားလုံးဒီရွာကနေ နောက်တစ်ရွာကို ပြောင်းရွေ့ ပေး ဆိုတဲ့ ပုံဆန်မျိုးနဲ့ ပြောတယ်လို့ အုပ်ချုပ်ရေးမှူးကကျွန်တော့်ကိုပြောတယ်”ဟုပြောသည်။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်မတော် အကြားတပ်ပွဲများကြောင့် ပြည်တွင်းပြည်ပ စစ်ဘေးရှောင် ဒုက္ခသည် များစွာ ရှိနေသေးကြောင်းလည်း သိရပါတယ်၊ လက်တလော စစ်ဘေးရှောင်ပြည်သူများ အချို့ မှာ ကျန်းမာရေး…
ဟားခါးမြို့စက်မှုလက်မှုသိပ္ပံကျောင်း ( GTI ) ကျောင်းဝင်းအတွင်း တရားလွှတ်တော်ရုံး တည်ဆောက်မည့်အပေါ် ကန့်ကွက်မှုများရှိနေခဲ့ပြီးအပြီးသတ်ဆုံးဖြတ်ချက်ကို လာမည့် သောကြာနေ့တွင် ပြည်နယ်အစိုးရအစည်း အဝေးတွင် ဆုံးဖြတ်တော့မည်ဖြစ်သည်။ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က “ လာမယ့်သောကြာနေ့မှာ အဖြေတစ်ခု ထုတ်မှာဖြစ်ပါတယ်။ ကျောင်းသားတွေဖက်က လည်း မြေနေရာကို အစိုးရက သိမ်းတယ်လို့ ထင်ကြတယ်။ ကန့်ကွက်ကြတယ်။ အစိုးရအဖွဲ့အစည်းဖက်ကတော့ မြေနေရာအတွက် ဆုံးဖြတ်ချက်တွေမချရသေးဘူး။ညှိနှိုင်းတဲ့ကာလပဲဖြစ်ပါသေးတယ်။ ရုံးချုပ်ဖက်က ညွှန်ချုပ်တွေလာပြီး အသေးစိတ်လာကြည့်မယ်။ မြေနေရာအကျယ်အ၀န်းကအစပေါ့။ အဓိကသူတို့ရဲ့ ဆုံးဖြတ်တဲ့အပေါ်မှာ မူတည်သွားမယ်” ဟုပြောသည်။ ယနေ့ တွင်လည်း အဆိုပါမြေနေရာအတွက် ကျောင်းသား (၆)ဦး၊ ဆရာ/ဆရာများ နှင့် အစိုးရဘက်မှ တရားလွှတ်တော်ချုပ်၊ ဥပဒေချုပ် အပါအ၀င်…
ချင်းပြည်နယ်ဟားခါးခရိုင်အတွင်းရှိဘုံဇုံးရွာတွင် ဘိလပ်မြေစက်ရုံတည်ဆောက်နိုင်ရန် အရည်အသွေးစမ်းသပ်မှုများပြုလုပ်ခဲ့ရာ အောင်မြင်သဖြင့် ၂၀၁၈ နှစ်ကုန်ပိုင်းတွင် စတင်အကောင်ထည်ဖော်တော့ မည်ဖြစ်ကြောင်းချင်းပြည်နယ်စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဦးစိုးထက်ကပြောသည်။ ဝန်ကြီးဦးစိုးထက်က “ဘိလပ်မြေစက်ရုံတည်ဆောက်နိုင်ဖို့အ တွက်အရည်သွေးပြည့်မီမှု ရှိမရှိစမ်းသပ်မှုများလုပ်ဆောင်ခဲ့ ပြီးအောင်မြင်မှု အပြည့် ဝရရှိခဲ့ပါတယ်၊မြေပိုင်ဆိုင်မှုတို့  အခြားဟာတို့ ကို နှိုင်ငံတော်အဆင့်ထိတင်ပြပြီးတော့ ဆောင်ရွက်နေတယ၊် စတင်အကောင်အထည်ဖော်ဖို့ ကို ဒီနှစ်ကုန်ပိုင်းပွင့်လင်းရာသီရောက်တာနဲ့  အမြန်ဆုံးလုပ်ဖို့ ပြင်ဆင်နေတယ်”ဟုပြောသည်။ ဘုံဇုံးကျးရွာ၊ ဘိလပ်မြေစက်ရုံတည်ဆောက်ရန် ချင်းပြည်နယ် အစိုးရ၊ ပြည်ထောင်စုအဆင့် သာမက နှိုင်ငံခြားပညာရှင်များမှ စမ်းသပ်ပြီး ရေရှည်လုပ်ငန်းလုပ်ဆောင်ရန်ရွည်ရွယ်ထားခြင်းဖြစ်သည်။ သူကဆက်ပြီး “ သစ်တောဝန်ကြီး ၊ စိုက်ပျိုးမွေးမြူရေးဝန်ကြီးနဲ့  လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ က ကွင်းဆင်းပြီးတော့ ပြည်သူလူထုနဲ့  သွားဆွေးနွေးတယ်။ ပြည်သူဘက်ကနည်း…