Input your search keywords and press Enter.

Chin

ကံဦးရွာရဲ့ ရေပြသနာကြောင့် နှစ်စဉ် ကျန်းမာရေးထိခိုက်မှုဘယ်လိုတွေကြုံတွေ့နေရပါသလဲ

  Salai Hung Tun Gei   “ရေပြသနာကြောင့် ကျန်းမာရေးပြသနာကတော့ အများကြီးပေါ့။ ကိုယ်လက်သန့်စင်တာကအစ ကလေးတွေလည်း ပုံမှန်ရေမချိုးရတာတို့ကြောင့် အရေပြားရောဂါတွေ၊ တစ်ခြားရွာနဲ့မတူတဲ့ ရောဂါဖြစ်တာတွေ၊ အဓိကတော့ အရေပြားရောဂါနဲ့ပတ်သက်တဲ့ဟာတွေပေါ့။ နောက် လူမှုရေးပြသနာအရ ရေလုပြီး ပြသနာမျိုးကြောင့် ရန်ကိစ္စတွေဖြစ်လို့ အုပ်ချုပ်ရေးအဖွဲ့က အမြဲဖြေရှင်းပေးရတာတွေကို လုပ်ရတယ်” ဒီစကားကိုတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင်းက ရေပြသနာကြောင့် ကံဦးကျေးရွာမှာ ဘယ်လို ပြသနာတွေကြုံတွေ့နေရတာနဲ့ပတ်သက်ပြီး ကံဦးကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သူ ဦးဟန်လျန်ခုပ်က ရွာရဲ့အခြေအနေကို ပြောပြတာဖြစ်ပါတယ်။ ဦးဟန်လျန်ခုပ်က သူကျေးရွာအုပ်ချုပ်ရေးမှူးလုပ်ခဲ့တဲ့ ကာလနဲ့ အခုလက်ရှိကြုံတွေ့ရတဲ့အနေအထား၊ ရေပြသနာကိုလည်း အခုလိုပြောပြပါတယ်။ တစ်ရွာလုံး အသုံးပြုတဲ့ ရေတွင်းမှာလည်း ခွဲတမ်းစနစ်နဲ့ ရေခပ်ယူနေရတယ်လို့ဆိုပါတယ်။ ဦးဟန်လျန်ခုပ်က “ဒီတစ်ခေါက်တော့…

တပ်မတော်အာဏာသိမ်းသည့်အပေါ်ချင်းအဖွဲ့အစည်းအသီးသီး၏အမြင်

  တပ်မတော်မှနိုင်ငံတော်အာဏာကို ၁ နှစ် အာဏာသိမ်းသည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်များ၊ပါတီခေါင်းဆောင်များ၊အရပ်ဖက်အဖွဲ့အစည်းတချို့တို့၏အမြင်ကိုစုစည်းဖော်ပြလိုက်ပါသည်။   ဦးဝှေ့တင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ( ပလက်ဝမြို့နယ်၊ ချင်းပြည်နယ်) ကျနော်တို့က တတိယအကြိမ် လွှတ်တော်တက်ဖို့အတွက် နေပြည်တော်ကိုလာတယ် ကျနော်တို့က ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ အစိုးရအုပ်ချုပ်စဉ်မှာ ဒီလိုမျိုး တပ်မတော်က ရုတ်တရက်အာဏာသိမ်းတယ် ဆိုတာက မဖြစ်သင့်တဲ့အရာလို့ မှတ်ချက်ပြုချင်တယ် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လွှတ်တော်တက်ဖို့အတွက်အဆင်သင့်ရှိနေတဲ့အချိန် တပ်မတော်က ရုတ်တရက်ကြီး အာဏာသိမ်းတယ်ဆိုတာက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စိတ်ထဲမှာလည်း မကောင်းဘူး ဒီမိုကရေစီ နိုင်ငံဖြစ်နေဆဲကာလမှာ ဒီလိုမျိုး လုပ်ရပ်က မလုပ်ထိုက်ဘူးလို့ သုံးသက်တယ် လက်ရှိNLD ဥက္ကဌနဲ့ သမ္မတကြီးရဲ့ လမ်းညွှန်မှုအောက်မှာဘဲ NLD အဖွဲ့ဝင်များအနေနဲ့ လိုက်နာသွားဖို့…

အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးပါ

  သွေး (စစ်ကိုင်း) ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားမှု အချိန်ကြာမြင့်လာတာနဲ့ အမျှ အလုပ်သမားတွေရဲ့ ဘဝရပ်တည်မှု အပေါ် ရိုက်ခတ်မှုတွေလည်း ပိုများလာနေပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင် ဆုံးရှုံးမှုတွေနဲ့ တွေ့ကြုံနေရသလို ပြည်ပကို သွားရောက်လုပ်ကိုင်နေရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကုန်ထုတ်လုပ်မှုအတွက် အလုပ်သမားတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါတာကြောင့် သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဖောင်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။ အထည်ချုပ်စက်ရုံတွေ၊ အိတ်ချုပ်စက်ရုံတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ သူတွေက ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းမှာပဲ သိန်းချီ ရှိပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံ နေရာအနှံ့အပြားက လာရောက်လုပ်ကိုင်နေတာ ဖြစ်ပြီး တချို့စက်ရုံတွေမှာ ပိုင်ရှင်က ထွက်ပြေးသွားလို့ လုပ်ခ, မရကြတာလည်း…

မှတ်တမ်းမဝင်သော်လည်း ရာဇဝင်တွင်မည့် ၂၀၂၀ကချင်းပြည်နယ်ကလူသားဆန်သူများ

  Lian Tuang ပြည်ထောင်စုအစိုးရမှ သော်လည်းကောင်း၊ ပြည်နယ်အစိုးရမှ သော်လည်းကောင်း သိပ်မကြာသေးခင်က ထုတ်ပြန်ခဲ့သော ဂုဏ်ထူးဆောင်သူများရွှေးချယ်ခြင်းနှင့် ဆုလက်မှတ်များချီးမြှင့် အပ်နှင်းခြင်း ခဲ့ပါသည်။ ချင်းပြည်နယ် အစိုးရ အဖွဲ့အနေဖြင့်လည်း သူ့ စံနှုန်နှင့် သူ ကဏ္ဍအလိုက် ထူးချွန်ဂုဏ်ထူးသူများ စီစစ် သတ်မှတ် ဂုဏ်ပြုခဲ့ပါသည်။ စာရင်းထဲတွင် ကျန်းမာရေး ဝန်ထမ်းနဲ့ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်ပါသဖြင့် အလွန်ပင် အားရမ်ိပါသည်။ တစ်ဆက်တည်းတွင် ဂုဏ်ထူးဆောင်များ အဖြစ် သတ်မှတ်ခြင်း မခံရသော်လည်း လူသားဆန်ဆန် အများ အကျိုးကို စွမ်းစွမ်းတမံ ကြိုးစား ဖော်ဆောင်နေသည့် အသင်းအဖွဲ့နှင့် လူပုဂ္ဂိုလ်တစ်ချို့ကိုလည်း အသိအမှတ်ပြု ဂုဏ်ပြုချင်ပါသည်။ (က) ဆရာမ ဒိမ်လွန်းမာန်…

အိမ်မီးလောင်မူဆုံးရှုံးမူတန်ဖိုးကိုဘယ်လိုတွက်ချက်လဲ

    မေးမြန်းသူ Ruth Su Pan   ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ် ကွက်သစ် ရပ်ကွက်တွင် ပျဉ်ထောင်အိမ် ၂ လုံးနှင့် ဝါးဓနီအိမ်၁ လုံး မီးလောင်မှု ဖြစ်ပွားကာ အသက် ၃၆ နှစ် တစ်ဦး သေဆုံးပြီး အိမ်မီးလောင်မူနစ်နာဆုံးရှုံးမှု တန်ဖိုး ၉ သိန်းကျော် ကို စာဖတ်ပရိတ်သတ်များမှဝေဖန်နေမူအပေါ် အိမ်မီးလောင်မူနစ်နာဆုံးရှံူးမူတန်ဖိုးတွက်ချက်ပုံကိုချင်းပြည်နယ်၊ ဟားခါးမြို့နယ်မီးသတ်ဦးစီးမှူးထံ၊ Chin World Media မှ မေးမြန်းထား ပါသည်။ CW ပျဉ်ထောင်အိမ် ၂ လုံးနှင့် ဝါးဓနီအိမ်၁ လုံး အိမ်မီးလောင်မူနစ်နာဆုံးရှုံးမှု တန်ဖိုး ၉ သိန်းကျော် လို့တွက်ချက်တာကိုစာဖတ်ပရိတ်သတ်များမှဝေဖန်နေကြတယ်။အိမ်မီးလောင်မူနစ်နာဆုံးရှံူးမူတန်ဖိုးကိုဆရာတို့မီးသတ်ဌာနကဘယ်လိုတွက်ချက်တာလဲ ဖြေ- “မီးသတ်…

တိုင်းရင်းသားပါတီတွေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ ဆိုရင်…

    သွေး (စစ်ကိုင်း) ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ အတွက် အရေးအကြီးဆုံး အချက်က တိုင်းရင်းသား တန်းတူရည်တူ ရှိဖို့ပါပဲ။ ဒီနေ့ထက်ထိ ပဋိပက္ခတွေ မချုပ်ငြိမ်းသေးဘဲ ငြိမ်းချမ်းရေး မရသေးတာလည်း တိုင်းရင်းသား တန်းတူညီမျှမှု မရှိတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသား တန်းတူရည်တူ ရှိရေး အတွက် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) အနေနဲ့ မဖြစ်မနေ ကြိုးပမ်းသွားရမှာပါ။ တိုင်းရင်းသား အများစု နေထိုင်ကြတဲ့ ပြည်နယ်တွေမှာပါ NLD ပါတီက အနိုင်ရရှိခဲ့တာကို ကြည့်ရင် တိုင်းရင်းသားတွေ အနေနဲ့ NLD ပါတီ အပေါ်…

ပလက်ဝမြို့နယ်တွင် AA လက်နက်ကိုင်အဖွဲ့စိုးမိုးသည့်ကျေးရွာများသို့ဆန်ပေးပို့ရန်အခက်အခဲရှိ

  Salai Khup Khup ပလက်ဝမြို့နယ်ရှိပီချောင်းရွာနှင့်ကျေးရွာအချို့ဖက်ကို ဆန်ထောက်ပံ့ပေးရန် ကြိမ်းစားခဲ့သော်လည်း AAလက်နက်ကိုင်အဖွဲ့စိုးမိုးသည့်နယ်မြေများဖြစ်ခြင်းကြောင့်မပို့ဖြစ်ခဲ့ကြောင်း ချင်းစစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် Relief and Renhabilitation Committee For Chin IDPS(RRCCI )အဖွဲ့ပြောရေးဆိုခွင့်ရှိ မိုင်နန်းဝေက ပြောသည်။ RRCCI ဖွဲ့ပြောရေးဆိုခွင့်ရှိ မိုင်နန်းဝေက “RRCCI အနေနဲ့ ဆန်တွေ ပို့ဖို့ ၄ ကြိမ်လောက် ကြိုးစားဖူးတယ် ကုလားတန်ဖက်နဲ့ ဆမီးဖက်ကို ပေးလို့ရတယ် ပလက်ဝမြို့အနီးတဝိုက်ကို ပေးလို့ရတယ် အဲဒီပီချောင်းဖက်ကိုတော့ ထောက်ပံ့ပေးချင်လည်း အဆင်မပြေနိုင်ဘူး နယ်မြေက AA စိုးမိုးနေတဲ့ နယ်လိုဖြစ်သွားတယ် ဆိုတော့ ပို့လို့ အဆင်မပြေခဲ့ဘူး”ဟုပြောသည်။ ပလက်ဝမြို့နယ်တွင် လက်ရှိ ကိုဗစ်ကာလနှင့် စစ်နယ်မြေကြောင့် လမ်းပန်းဆက်သွယ်ရေး…

ပလက်၀မြို့နယ်ရှိ နိုင်ငံဝန်ထမ်းများ လစာ ၂ ဆ ခံစားခွင့်ရ

Salai Khup Khup ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းများအား ပြည်ထောင်စုအစိုးရမှ မှုရင်းလစာ၏ ၂ ဆခံစားခွင့် ပေးလိုက်ကြောင်း သိရသည်။ ပလက်ဝမြို့နယ် ပညာရေးမှူး ဦးကီးလောဟာက “အခုလိုပေးတာ အစိုးရက ပေးသင့်တယ် ထင်တယ် ဒီမှာက ကုန်စျေးနှုန်းက အဆမတန် စျေးကြီးတော့ အခုပေးတဲ့ဟာတောင် နည်းတယ်လို့ ပြောလို့ရတယ် ဝန်ထမ်းတွေအပြင် တောင်သူ လယ်သမားတွေလည်း တော်တော်ဒုက္ခရောက်ကြတယ် အခုလို ဝန်ထမ်းတွေကို ပေးတဲ့ပေါ်မှာလည်း ကျေးဇူးတင်ပါတယ် ဒီမှာရှိတဲ့ ဝန်ထမ်းတွေက မလောက်မဌလေး သုံးနေကြတယ် အခုလို ရတော့ဝမ်းသာပေးတယ်”ဟုပြောသည်။ ပလက်ဝမြို့နယ်၏ ဒေသအခြေအနေရ ဝန်ထမ်းများကို ၂၀၂၀ ဒီဇင်ဘာလမှ ဇန်နဝါရီ၊ဖေဖော်ဝါရီ၊မတ်လ အထိ လစာ၏ ၂ ဆခံစားခွင့်ပြုမည်ဟုလည်း…

ဖလမ်းဆူရ်ဘုန်လေယာဉ်ကွင်းဖွင့်ပွဲနှင့်အတူချင်းအမျိုးသားနေ့အခမ်းအနားလုပ်ရန်စဉ်းစားထားဟုဆို

    Ruth Su Pan ဖေဖော်ဝါရီ ၂ဝရက်နေ့ချင်းအမျိုးသားနေ့ကို လူစုလူဝေးပြုလုပ်ခွင့်ဖြေလျော့ပါက ဖလမ်းမြို့အနီးတွင်တည်ဆောက်ထားသည့်ဆူရ်ဘုန်လေယာဉ်ကွင်း ဖွင့်ပွဲနှင့်အတူ ချင်းအမျိုးသားနေ့အခမ်းအနားလုပ်ရန်စဉ်းစားထားကြောင်း ချင်းပြည်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်မှ ပြောသည်။ “ဒီနှစ်မှာတော့ ကိုဗစ်ကာလ ပုံစံနဲ့ ဆိုရင်တော့ လွယ်တော့ မလွယ်ဘူး၊ ဒါမယ့် ကျွန်တော်တို့က လူကြီးတွေကို နည်းနည်းတောင်းဆို ပြီးတော့ တင်ပြဖို့ စဉ်းစားနေတာကတော့ ဒီဖလမ်း ဆုရ်ဘုန်းလေယဉ်ကွင်းက ပြီးသွားပြီ။ ပြီးသွားတော့ အဲဒီဟာက လေယဉ်ကွင်းဖွင့် ဖို့ရှိတယ်။ အဲဒီချင်းအမျိုးသားနေ့နှင့် ဖွင့်ပွဲလေး အဲလိုလည်း လုပ်လို့များရမလား ပေါ့လေ ကိုဗစ်အလွန်မှာ။ ဒါမယ့် ကိုဗစ်က အခုမှာ လူ ၃၀ ပဲ ကန့်သတ်လိုက်မယ် ဆိုရင်တော့ လုပ်လို့တော့ မရဘူးပေါ့။…