

Dr.Lian Pi ရွေးကောက်ပွဲပြီးစီးသည်မှာ ၂ လပြည့်ပြီဖြစ်ပြီးအရှံးကိုကျေကျေနပ်နပ်လက်ခံကာနောင် ၅ နှစ်အတွက်ပြင်ဆင်နေသည့်နိုင်ငံရေးပါတီများစွာရှိပါသည်။ထို့အတူယခုအချိန်အထိ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများကရွေးကောက်ပွဲတရားမျှတမူမရှိ၊ရွေးကောက်ပွဲပြန်ကျင်းပရေးဆန္ဒထုတ်ဖော်မူများကြိမ်ဖန်များစွာပြုလုပ်နေသလို၊မဲစာရင်းPDFfileများကိုExcelဖိုင်ပြောင်း၍မဲမသမာမူဖြစ်နိုင်မဖြစ်နိုင်တပ်မတော်မှစစ်ဆေးနေမူများသည်လည်းတနိုင်ငံလုံးရှိမြို့နယ်တခုချင်းမဲစာရင်းစစ်ဆေးမူများမှာလည်းမကြာမှီပြီးစီးတော့မည်ဖြစ်သည်။ရွေးကောက်ပွဲသည် တပ်မတော်နှင့်ပြည်ခိုင်ဖြိုးပါတီအတွက်မပြီးသေးပါ။ တပ်မတော်မှစစ်ဆေးလျက်ရှိသည့်မြို့နယ်များတွင်ချင်းပြည်နယ်မှမြို့နယ်များလည်းပါဝင်လာပြီဖြစ်သည်။ ဤနေရာတွင်ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်ပြီး အနည်းဆုံး ၁ နေရာမှ အများဆုံး ၄၅ နေရာအထိအနိုင်ရသောတိုင်းရင်းသားပါတီများမှရွေးကောက်ပွဲနှင့်ပတ်သက်ပြီးခြုံကြည့်လျှင်တရားမျှတသည်ဟုလက်ခံကြထားပြီးထောက်ပြခြင်းမျိုးမရှိသည်ကိုတွေ့ရသည်။စာရေးသူအမြင်တွင်လည်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်ပါတီတခုခုကိုသိသာသည့်ဘက်လိုက်မူ့မရှိခဲ့ဟုမြင်သည်။ရွေးကောက်ပွဲနေ့တွင်လည်းတနိုင်ငံလုံးလွတ်လပ်စွာမိမိကြိုက်နှစ်သက်ရာပါတီကိုမဲပေးနိုင်ခွင့်ရှိခဲ့သည်ကိုတွေ့မြင်နိုင်ပါသည်။ ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်ပြီး လက်မခံဖြစ်နေသည့် ပြည်ခိုင်ဖြိုးပါတီနှင့်တပ်မတော်အဖွဲ့အစည်း ၂ ခုသည်သာယနေ့တိုင်လက်မခံကြောင်းလုပ်ရပ်အမျိုးမျိုးဖြင့်ပြသနေကြပါသည်။တပ်မတော်မှစစ်ဆေးနေသောမဲစာရင်းစစ်ဆေးမူတနိုင်ငံလုံးရှိမြို့နယ်များအားလုံးပြီးစီးလျှင်သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဟုသိရသလို၊သမ္မတဦးဝင်းမြင့်နှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးလှသိန်းအပါအဝင်၁၅ဦးတို့ကိုအမူဖွင့်သင့်မဖွင့်သင့်ကို(၂၉၁၂၀၂၁)ရက်နေ့နံနက်(၉:၃၀)အချိန်ကစပြီးတရားသူကြီး(၃)ဦးရှေ့မှာVideoConferencingစနစ်ဖြင့်ကြားနာဖို့ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံလျှောက်ထားတိုင်ကြားထားမူများရှိသည်။ သမ္မတဦးဝင်းမြင့်ကို လျှောက်ထားတိုင်ကြားသူမှာ မန္တလေးက အမျိုးသားရေးရှေ့နေ ဦးဇော်ဝိတ်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးလှသိန်းကိုတိုင်ကြားသူမှာအမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဌ သရေစည်သူ ဦးစိုးမောင် ဖြစ်သည်။ သမ္မတဦးဝင်းမြင့်နှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးလှသိန်းအပါအဝင်၁၅ဦးတို့ကိုအမူဖွင့်သင့်မဖွင့်သင့်ကို(၂၉၁၂၀၂၁)ရက်နေ့နံနက်(၉:၃၀)အချိန်ကစပြီးပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးတွင်တရားသူကြီး(၃)ဦးရှေ့မှာ Video Conferencingစနစ်ဖြင့်ကြားနာမည်ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီသည်တနိုင်ငံလုံးတွင် NLD ပါတီနှင့်အဓိကယှဉ်ပြိုင်သည့်ပါတီဖြစ်ပြီးမဲဆွယ်ကာလတွင်လည်း NLDနှင့်တန်းတူမဲဆွယ်ခွင့်ရခဲ့သည့်ပါတီဖြစ်သည်။ တပ်မတော်နှင့်ပြည်ခိုင်ဖြိုးပါတီအနေဖြင့်မဲသမာမူများကိုဖြစ်စဉ်ဖြင့်ထိထိရောက်ရောက်မထောက်ပြနိုင်ပဲမဲထပ်နေသည့်စာရင်းနှင့်မဲသမာမူဖြစ်နိုင်သည့်စာရင်းဟူ၍သာထုတ်ပြန်နေသည်ကိုတွေ့ရပါသည်။၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရအစိုးရသည်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုရွေးချယ်ဖွဲ့စည်းပေးရခြင်းကြောင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုဘက်လိုက်သည်ဟုပြည်ခိုင်ဖြိုးပါတီနှင့်တပ်မတော်မှရွေးကောက်ပွဲမတိုင်ခင်ဖြစ်စေ၊ရွေးကောက်ပွဲပြီးကာလတွင်ဖြစ်စေစဉ်ဆက်မပြတ်ဝေဖန်နေခြင်းဖြစ်သည်။ မည်သို့ပဲဝေဖန်စေကာမူပြည်သူ့ဆန္ဒကိုထင်ဟပ်သည့်ရွေးကောက်ပွဲရလဒ်ကိုထိခိုက်မည်မဟုတ်သော်လည်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်၂၀၂ဝရွေးကောက်ပွဲတွင်ဘက်လိုက်ခဲ့ကြောင်း၊၂၀၂ဝရွေးကောက်ပွဲရလဒ်ကိုလက်မခံကြောင်းတပ်မတော်နှင့်ပြည်ခိုင်ဖြိုးပါတီမှဆက်လက်လုပ်ဆောင်မည်ပုံဆောင်သည်။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့်NLDပါတီသည်မြန်မာပြည်လူထု၏နှစ်ပေါင်းများစွာအခိုင်အမာထောက်ခံအားပေးမူကိုရထားသည့်ပါတီဖြစ်သည့်အတွက်ရွေးကောက်ပွဲတွင်အနိုင်ရရန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏အကူအညီလိုသည့်ပါတီမဟုတ်သည်ကိုတပ်မတော်နှင့်ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်များနားမလည်နိုင်သေးသည်ကိုပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ၊မဲစာရင်းစစ်ဆေးနေသည့်တပ်မတော်၏လုပ်ရပ်များကသက်သေပြနေသည်။ ထို့အတူ၂၀၂၁ခုနှစ်တွင်အသစ်ဖွဲ့စည်းမည့်အစိုးရအနေဖြင့်၂၀၂၁ခုနှစ်တွင်အသစ်ပြန်လည်ဖွဲ့စည်းမည့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုရွေးကောက်ပွဲစောင့်ကြည့်သည့်လူမူ့အဖွဲ့အစည်းများ၊နိုင်ငံရေးပါတီပေါင်းစုံ၏သဘောထားများကိုရယူပြီး၂၀၀၈ဖွဲ့စည်းပုံ၏ဘောင်တွင်းလူအများလက်ခံနိုင်မည့်အနိုင်ရပါတီတခုတည်းသဘောဖြင့်ခန့်အပ်သည့်ပုံစံမပေါက်သည့်ရွေးကောက်ပွဲကော်မရှင်အသစ်ကိုဖွဲ့စည်းသင့်ကြောင်းအကြံပြုလိုပါသည်။သို့မဟုတ်ပါက၂၀၂၅ခုနှစ်ရွေးကောက်ပွဲတွင်လည်းဒိုင်လူကြီးလုပ်ရမည့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုတပ်မတော်နှင့်ပြည်ခိုင်ဖြိုးပါတီမှဆက်လက်ကန့်ကွက်နေအုံးမည်ဖြစ်သည် ။…
Salai Khup Khup လာမည့်ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နေရာအတွက် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး နောက်ခံအတွေ့အကြုံ ပြည့်ဝသောသူကို ရွေးချယ်တာဝန်ပေးအပ်ရန် ချင်းအရပ်ဖက် လူမှုအဖွဲ့အစည်း(၈)ဖွဲ့က ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်ခဲ့သည်။ ထုတ်ပြန်ချက်နှင့် ပက်သက်ပြီး ပြောရေးဆိုခွင့်ရှိ ပီတာလွယ်လူးက “လက်ရှိဝန်ကြီးချုပ်လည်း ကောင်းပါတယ် ကျတော်တို့ သတင်းကြားတာတော့ လာမယ့် အစိုးရသက်တမ်းမှာ လက်ရှိဝန်ကြီးချုပ်ကို ထပ်ရွေးဖို့ သတင်းကြားတယ် ဆိုတော့ ဒီထက် ပိုအရည်ချင်းရှိတဲ့သူ ဘတ်စုံမှာ အတွေ့ကြုံရှိတဲ့သူကို လိုချင်တယ် ဒီငါးနှစ်သက်တမ်းမှာ သူလည်းလုပ်နိုင်ခဲ့ပြီ လာမယ့် ငါးနှစ်မှာNLD ပုံရိပ်ကို ပိုကောင်းအောင် ချင်းပြည်နယ်ကိုလည်း ပိုတိုးတက်အောင် လုပ်နိုင်တဲ့သူ ချင်းပြည်သူတွေရဲ့ ဆန္ဒနဲ့ တစ်ထပ်ထဲ လုပ်နိုင်တဲ့ ဝန်ကြီးချုပ်ကို…
Salai Khup Khup ချင်းပြည်နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်မှသိန်းတစ်သောင်း ဝန်းကျင်ခန့် ကုန်ကျခဲ့ကြောင် းချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးလင်းကျော်ကပြောသည်။ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးလင်းကျော်က “ကျတော်တို့ ပြည်နယ်က လူဦးရေ နည်းပေမယ့် ကုန်ကျစရိတ်တော့ ပိုများတယ် တစ်ပြည်နယ်လုံးမှာ သိန်းတစ်သောင်းဝန်းကျင် ကုန်ကျတယ် ရွေးကောက်ပွဲ လုပ်ငန်းစဉ် အတိုင်းသွားရတာဆိုတော့ တိုင်းနဲ့ ပြည်နယ် တစ်ခုခြင်းမတူဘူး ကျတော်တို့ပြည်နယ်က လမ်းပန်းဆက်သွယ်ရေး အခက်ခဲရှိတယ် အဌားဆိုင်ကယ် အဌားကားတွေ မရှိဘူး ဌားရမ်းခတွေက များတယ် နောက်ပြီး မဲရုံတာဝန်ကျ ဆရာ၊ ဆရာမတွေကလည်း သူတို့တာဝန်ကျတဲ့ နေရာတွေကို သူတို့ကိုယ်ပိုင် ဆယ်ကယ်တွေနဲ့ လာရတယ် ရပ်ကျေးတွေလည်း…
(ချင်းဝေါလ်အယ်ဒီတာ့အာဘော်) ၂၀၁၅ခုနှစ်ရွေးကောက်ပွဲမဲဆွယ်ကာလကချင်းပြည်နယ်တွင်ထိုစဉ်ကချင်းပြည်နယ်ဝန်ကြီးချုပ်ဦးဟုန်းငိုင်းနှင့်ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများဘေးတွင်တင်ဒါကုမ္ပဏီပိုင်ရှင်များကိုတပူးပူးတတွဲတွဲတွေ့မြင်ရသကဲ့သို့၂၀၂ဝခုနှစ်ရွေးကောက်ပွဲမဲဆွယ်ကာလတွင်လည်းလက်ရှိအာဏာရNLDပါတီကိုယ်စားလှယ်လောင်းများနှင့်တင်ဒါကုမ္ပဏီပိုင်ရှင်များတပူးပူးတတွဲတွဲတွေ့မြင်ခဲ့ရပါသည်။ချင်းပြည်နယ်၏နိုင်ငံရေးလောကသို့ယခင်ကထက်တင်ဒါကုမ္ပဏီသမားများနက်နက်ရှိုင်းရှိုင်းပတ်သက်ဝင်ရောက်လာပြီဖြစ်ပါသည်။ ချင်းပြည်နယ်တွင်တင်ဒါပြိုင်သည့်ကုမ္ပဏီများအရေအတွက်သည်ယခုနှစ်ဆိုလျှင် ၁၃၂၅ ခု အရေအတွက်အထိရောက်လာပြီဖြစ်သည်။ ချင်းပြည်နယ်၏နိုင်ငံရေးလောကသို့တင်ဒါသမားများနက်နက်ရှိုင်းရှိုင်းဝင်ရောက်လာခြင်းကိုလူမူ့ကွန်ရက်တွင်ပေါက်ကြားခဲ့သည့်ထန်တလန်မြို့နယ်NLDပါတီဥက္ကဌ၏စာသည်သက်သေပင်ဖြစ်သည်။ဤကဲ့သို့ဖြစ်ရပ်မျိုးသည်ထန်တလန်၁မြို့နယ်တွင်သာရှိသည်ဟုစာဖတ်သူသင်ယုံကြည်ပါသလား၊တခြားမြို့နယ်များထက်ထန်တလန်သည်ကံဆိုးစွာဖြင့်ပေါ်ပေါက်သွားသောဖြစ်ရပ်သာဖြစ်သည်။ထန်တလန်သည်ချင်းပြည်နယ်၁ခုလုံးတွင်ဖြစ်ပျက်နေသည့်တင်ဒါအကျိုးစီးပွားပြသနာများအားလုံးကိုကိုယ်စားပြုနေသည့်ပြသနာဖြစ်သည်။ထန်တလန်ုဖြစ်ရပ်သည်အရည်အသွေးမကောင်းသောလုပ်ငန်းတင်ဒါများ၏အဖြေကိုဖော်ပြနေသည့်ဖြစ်ရပ်ဖြစ်သည်။ ချင်းပြည်နယ်မြို့နယ်တိုင်းမှာကုမ္ပဏီများကအလှူငွေပေး၊အလှူငွေပေးသောကုမ္ပဏီများကိုတင်ဒါပြန်ပေးဖြစ်စဉ်မျိုးယခင်ကတည်းကရှိနေသည်ကိုတင်ဒါလျှောက်ထားသူများထံမှသိရှိရပါသည်။ တင်ဒါသမားများချင်းပြည်နယ်နိုင်ငံရေးလောကထဲသိသိသာသာဝင်ရောက်ခဲ့ခြင်းအစမှာချင်းပြည်နယ်မြို့နယ်တိုင်းရှိNLDပါတီရုံးများတည်ဆောက်ရေးတွင်တင်ဒါကုမ္ပဏီများအလှူငွေထည့်ဝင်ရာမှစတင်ခဲ့ပြီးအလှူထည့်သည့်ကုမ္ပဏီများကိုတင်ဒါပြန်ပေးလုပ်ဆောင်ခဲ့ကာတင်ဒါကုမ္ပဏီများသည်ယခုရွေးကောက်ပွဲတွင်လည်းNLDပါတီကိုလူအား၊ငွေအားဖြင့်ဝန်းရံပေးခဲ့ကြပါသည်။ထန်တလန်ဖြစ်စဉ်သည်လည်းNLDပါတီအောင်နိုင်ရေးအတွက်ကူညီအားပေးသည့်ကုမ္ပဏီစာရင်းနှင့်အဆိုပါကုမ္ပဏီများ၏တင်ဒါအမှတ်များဖော်ပြထားသည့်အတွက်ပါတီအောင်နိုင်ရေးကူညီသည့်ကုမ္ပဏီများကိုတင်ဒါပေးဖို့ရည်ညွှန်းသည်ကိုတွေ့ရပါသည်။ တင်ဒါစပြိုင်စဉ်က သိန်း၁၀၀ ခန့်စီမံကိန်းများသာလျှောက်နိုင်သည့်ကုမ္ပဏီပိုင်ရှင်တချို့သည်နောင် ၃ နှစ် ၄ နှစ်အကြာတွင်သိန်းထောင်ကျော်တန်စက်ကြီးများဝယ်ယူနိုင်သည့်ချမ်းသာမူ့မျိုးကိုချင်းပြည်နယ်တွင်မြင်တွေ့ရပါသည်။မြို့နယ်စည်ပင်ဥက္ကဌကိုယ်တိုင်စည်ပင်တင်ဒါဝင်ပြိုင်ပြီးတင်ဒါရသည့်ဖြစ်ရပ်မျိုးအထိချင်းပြည်နယ်တွင်ဖြစ်ပွားနေပါသည်။တင်ဒါသမားများလုပ်ဆောင်သောလုပ်ငန်းများအရည်အသွေးမပြည့်မီမူများရှိသော်လည်းကြီးကြပ်မူ့၊အရေးယူမူ့အားနည်းနေပါသည်။ လက်ရှိတွင်လူမူ့ကွန်ရက်တွင်ပေါက်ကြားခဲ့သည့်ထန်တလန်မြို့နယ်NLDပါတီဥက္ကဌလည်းဖြစ်သူ၊၂၀၂ဝရွေးကောက်ပွဲတွင်အနိုင်ရရွေးကောက်ခံထန်တလန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏တင်ဒါနှင့်ပတ်သက်ပြီးမှတ်ချက်ပေးစာအပေါ်စစ်ဆေးအရေးယူရန်လုပ်ဆောင်နေကြပါသည်။ဤကဲ့သို့စာသည်ထန်တလန်တမြို့နယ်တည်းသာလျှင်ထုတ်ပြန်သည့်စာဟုတ်မဟုတ်၊ထန်တလန်မြို့နယ်ပါတီဥက္ကဌကိုအရေးယူပြရုံ၊၄င်းထောက်ခံထားသည့်ကုမ္ပဏီများကိုတင်ဒါမပေးရုံမျှဖြင့်မဖြေရှင်းစေလိုပါ၊ ယခုကဲ့သို့တင်ဒါပြသနာများသည်မြို့နယ်တိုင်းတွင်ရွေးကောက်ပွဲကာလNLDပါတီကိုဝန်းရံပေးခဲ့သောတင်ဒါကုမ္ပဏီများ၏အကျိုးစီးပွားပါရှိနေသောပြသနာများဖြစ်သောကြောင့်ထန်တလန်တင်ဒါပြသနာသက်သက်မဟုတ်ပဲ၊ချင်းပြည်နယ်၏တင်ဒါပြသနာဖြစ်ပါကြောင်းမြို့နယ်တိုင်းရှိတင်ဒါလျှောက်သောသူများကိုသေချာစိစစ်ပြီးမျှမျှတတဖြင့်ချင်းပြည်နယ်အဆင့်ဖြင့်ဖြေရှင်းပေးရမည်ဖြစ်ပါသည်။တင်ဒါသမားများနှင့်ကင်းကင်းရှင်းနေမှသာအကျိုးစီးပွားပြသနာများရှောင်ရှားနိုင်ပြီးအဂတိကင်းသောအစိုးရ၊အဂတိကင်းသောလွှတ်တော်ကိုယ်စားလှယ်များဖြစ်နိုင်မည်ဖြစ်သည်။ အယ်ဒီတာ နိုဝင်ဘာလ ၃၀ ရက်၊၂၀၂၀။ …
“၂၀၂၀ ရွေးကောက်ပွဲအတွက် ချင်းလူထုမှ အထူးစဉ်းစားသင့်သော ကိုယ်စားလှယ်လောင်း (၃) ဦး” Salai Deirel Arsi Chin World Media October 20, 2020 ၂၀၂၀ ရွေးကောက်ပွဲကြီးလည်း များမကြာမီမှာ ပြုလုပ်တော့မှာဖြစ်ပါတယ်။ ဒီနှစ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၀၀၀၀ နီးပါးက ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး၊ အဲ့ဒီအထဲမှာ ချင်းကိုယ်စားလှယ်တွေကလည်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ ကိုယ်စားလှယ်ပေါင်း ၂၅၀ ဝန်းကျင်က ယှဉ်ပြိုင်ကြမယ်လို့လည်း သိရပါတယ်။ ကိုယ်စားလှယ်လောင်းတိုင်းကတော့ မိမိဒေသအကျိုးကို လုပ်ဆောင်နိုင်မယ်လို့ ယုံကြည် ခံယူချက်ရှိသူတိုင်းဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် ဒီအထဲကနေ ချင်းလူမျိုးများအနေနဲ့ လူမှန်၊ နေရာမှန်၊ ချင်းတို့အကျိုးအလို့ငှာ ရွေးချယ်စဉ်းစားသင့်သူတွေကို စာရေးသူအနေနဲ့ သူတို့ရဲ့ ဘဝဖြတ်သန်းမှုတွေ၊…
သွေး (စစ်ကိုင်း)၊ စက်တင်ဘာ ၂၀၊ ၂၀၂၀ ဒီမိုကရေစီ စနစ်ရဲ့ အနှစ်သာရက ပြည်သူတွေကိုယ်တိုင် အစိုးရတစ်ရပ်ကို ရွေးချယ်တင်မြှောက်ခွင့် ရှိခြင်းပါပဲ။ အရေးကြီးတဲ့ အချက်က ပြည်သူတွေက ရွေးကောက်တင်မြှောက်မယ့် ပါတီဟာ ပြည်သူတွေရဲ့ အကျိုးကို အမှန်တကယ် သယ်ပိုးနိုင်မယ့် ပါတီဖြစ်ဖို့ လိုသလို ကိုယ်စားလှယ်တွေကလည်း အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေ ဖြစ်ဖို့ပါ။ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်လို့ ချင်းပြည်နယ်က ချင်းတိုင်းရင်းသားတွေ အနေနဲ့ ကိုယ့်ရဲ့ ကိုယ်စားလှယ်ကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၄၈…
Salai Khup Khup နိုင်ငံပိုင်ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်တွင်ဟောပြောထုတ်လွှင့်မည့်ပါတီ၏မှုဝါဒ၊သဘောထား၊လုပ်ငန်းစဉ်ပါအကြောင်းအရာစာသားအချို့ကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏စိစစ်ပယ်ဖျက်ခြင်းကြောင့်ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီအနေဖြင့်နိုင်ငံပိုင်ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်တွင်ဟောပြောတော့မည်မဟုတ်ကြောင်းအကြောင်းအရာစာသားတချို့တည်းဖြတ်ပြင်ဆင်ပယ်ဖျက်မူ့အပေါ်လုံးဝရှုံ့ချကြောင်းCNLDပါတီ၏ယနေ့ထုတ်ပြန်သောသဘောထားထုတ်ပြန်ချက်အရသိရသည်။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူးဆလိုင်းကျဲအိုဘိခ်ထောင်းက“၂၀၁၅ရွေးကောက်ပွဲမှာတောင် ဒီလိုပိတ်ပင်ကန့်သတ်တဲ့ ဟာတွေက ဒီလောက်မဆိုးဝါးခဲ့ဘူး ၊အခုဟာကတော့ ကျနော်တို့ မှုဝါဒတွေကို ရုပ်မြင်သံကြားမှာ ပြောတော့မယ့်အချိန်မှာ တည်းဖြတ်တာတွေ လုပ်တယ်၊အမှန်တကယ် တိုင်းရင်းသားတွေ လိုချင်တဲ့အပိုင်းတွေ ဖက်ဒရယ်အရေးတို့ ဗမာလည်း ပြည်နယ်တစ်ခုရှိရမယ် ဆိုတဲ့ကိစ္စတွေ သူတို့က ဒါကိုတော့ မပြောရဘူးလို့ ပြောတယ်၊ တိုင်းပြည်တည်ထောင်ဖို့ ကျတော်တို့ လိုချင်တဲ့ဟာတွေကို ပြောဆိုချင်တဲ့ဟာကို ပိတ်ပင်တဲ့အခါကျတော့ သူတို့က တိုင်းရင်းသားလိုချင်တဲ့ ဖက်ဒရယ်အရေးကို NLD အစိုးရအနေနဲ့ လုံးဝလက်မခံဘူးလို့ ပြသရာရောက်ပြီးတော့ ပါတီတစ်ခုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်ကို ကန့်သတ်တဲ့အတွက် သူတို့ရဲ့ ဒီမိုကရေစီက လွတ်လပ်စွာပြောဆိုခွင့် ဆိုတာက…
Salai Shing Mang ပလက်ဝမြို့နယ်တွင် အသုံးပြုမည့်မဲရုံသုံးပစ္စည်းများ မတူပီဘက်မှပို့သည့် မဲရုံသုံးပစ္စည်း (၄)မျိုးရောက်ရှိပြီဖြစ်သော်လည်း စစ်တွေဘက်မှ ပို့သည့် ပစ္စည်းများယခုချိန်ထိမရောက်ရှိနိုင်သေးဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်ထံမှ သိရသည်။ “ပလက်ဝမှာတော့ မဲရုံသုံးပစ္စည်း၄မျိုးကတော့ ပလက်ဝရယ် ဆမီးရယ် နောက်မတူပီနဲ့ နီးတဲ့နေရာတွေ မတူပီနဲ့နီးတဲ့အုပ်စုတွေကတော့ မတူပီမှာရောက်ပြီ၊နဂိုရွေးကောက်ပွဲတုန်းကတော့ ပလက်ဝမှာ အားလုံးပုံတယ်လေ အခုကတော့ အခြေနေတစ်ခုအရ မတူပီနဲ့နီးတဲ့ ပလက်ဝမြို့နယ်ထဲက အုပ်စုတွေအတွက်ဆိုရင် မတူပီမှာထားတယ်၊ဆမီးရဲ့အောက်ခြမ်းမှာရှိတဲ့ ကျေးရွာအုပ်စုတွေအတွက်ဆိုရင် ဆမီးမှာထားတယ်၊ ပလက်ဝနဲ့ ပလက်ဝပတ်ဝန်းကျင်နဲ့အထက်ပေါ့ အဲကအုပ်စုတွေအတွက်ဆိုရင် ပလက်ဝကိုပို့တယ်၊အဲတာကတော့ ပစ္စည်း(၄)မျိုးကတော့ ရောက်ပြီပေါ့ ၊ကျန်တဲ့ပစ္စည်းတွေက တော့ စစ်တွေမှာပဲရှိနေပါသေးတယ်၊” ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်မှပြောသည်။ မတူပီဘက်မှ ပစ္စည်းများသည် စက်တင်ဘာလ(၁၅)ရက်…
Salai Shing Mang ၂၀၂၀ ပါတီစုံရွေးကောက်ပွဲအတွက် ချင်းပြည်နယ်အတွင်းမဲစာရင်းကို ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ ယနေ့အောက်တိုဘာလ ၁ ရက်နေ့မှစပြီးဒုတိယအကြိမ်ပြန်လည်ကပ်ထားပြီး မဲထည့်မည့်ဦးရေ ၃၃၁၆၉၈ဦးရှိပြီး ပထမအကြိမ်မဲစာရင်းထက်၁သောင်းကျော်လျော့နည်းသွားကြောင်းချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်ထံမှ သိရသည်။ “ကျွန်တော်တို့ စီစစ်ပြီးတော့ ပုံစံ(၃)နဲ့လျှောက်တဲ့သူပြန်ဖြည့်ရတဲ့ဟာရှိတယ်၊ပုံစံ(၄)နဲ့ ကန့်ကွက်တဲ့သူ ပြန်ဖြုတ်ရတဲ့သူရှိတယ်၊ပြီးတော့ တစ်အိမ်တက်ဆင်း ပြန်လုပ်ကျသေးတယ်၊ရပ်ကွက်ကော်မရှင်နဲ့ မြို့နယ်ကော်မရှင်နဲ့အုပ်ချုပ်ရေးပိုင်းနဲ့ပေါင်းပြီးတော့ပေါ့၊လုပ်တဲ့အခါမှာမတွေ့တော့တဲ့လူတွေပါရှိတယ်၊ပြန်ဖြုတ်ရတဲ့ဟာတွေရှိတယ်၊တစ်ချို့ကတော့ရူးသွပ်တဲ့လူတွေပါနေတော့ ကန့်ကွက်တဲ့သူတွေလည်း မရှိပဲနဲ့လည်း၊အဲဒီလူတွေကိုကျွန်တော်တို့ ပြန်ဖြုတ်ရတယ်ပေါ့၊door to door လုပ်ပြီးတော့ စီစစ်တဲ့အခါမှာ မလျှောက်ပဲနဲ့ ကျန်နေသေးတဲ့ လူတွေကိုလည်းပြန်ထည့်တယ်၊ပထမအကြိမ်မဲကပ်တဲ့အခါမှာ ပုံစံ(၄)နဲ့ ပြန်ဖြုတ်တဲ့ဟာတွေလည်းရှိတယ်၊ပြီးတော့မြေပြင်မှာဖြုတ်သင့်တဲ့လူတွေကိုဥပဒေအရပြန်ပြီးပယ်ဖျက်လိုက်တဲ့ဟာတွေရှိတယ်၊အဲဒီနှစ်ခုခြားနားလိုက်တဲ့အခါမှာလျော့သွားတယ်ပေါ့ “ ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်ထံမှ သိရသည်။ ပထမအကြိမ်မဲစာရင်းကပ်ထားချိန်တွင် မဲစာရင်းတွင် ကျား ၁၅၉၆၂၅ ဉီး မ ၁၇၂၀၇၃ ဦး…