Input your search keywords and press Enter.

News

ပိုးတွေ့လူနာအများဆုံး တွေ့ရသည့် ကလေးမြို့စမ်းမြို့ရပ်ကွက်တစ်ခုလုံး (၁၄)ရက်ကြာ လော့ဒေါင်းချ

Salai Khup Khup ကလေးမြို့တွင် ပိုးတွေ့လူနာ အများဆုံးတွေ့ရသည့် စမ်းမြို့ရပ်ကွက် နယ်မြေ(၄)နှင့် နယ်မြေ(၅) တို့ကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ လော့ဒေါင်းချလိုက်ကြောင်း သိရသည်။ စမ်းမြို့ရပ်ကွက် နေမြေ(၅)တွင် နေထိုင်သူ တစ်ဦးက “ဒီ(၂)ရက်ကွက်မှာ ပိုးတွေ့လူနာတွေ အများဆုံးတွေ့ရတာဖြစ်လို့ အခုလို မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဒီမနက် ကိုးနာရီဝိုင်းကျင်လောက်မှာ လာပြီးမှ အခုလို ကြိုးတွေတပ်ပြီး ဟိုဖက်ဒီဖက် အသွားလာမရှိအောင် လုပ်တာဖြစ်တယ်”ဟုပြောသည်။ ကလေးမြို့တွင် ကိုဗစ်လူနာ ကူးစက်မှုအများဆုံး စမ်းမြို့ ရပ်ကွက်ကို ၁၄ ရက်အကြာ အိမ်ထဲတွင် နေကြရမှာဖြစ်ပြီး အချို့လူများအတွက် အခက်ခဲရှိကြောင်းလည်း သိရသည်။ စမ်းမြို့ရပ်ကွက်နေ ဒေသခံတစ်ဦးက “အခုလို ကူးစက်မှုတွေများနေလို့ လုပ်လိုက်တာက ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်…

ရွေးကောက်ပွဲအတွက် စင်္ကာပူရောက် ချင်းလူမျိုး ၂၄၅ ဦးထက် မနည်းမှ အဝေးရောက်ကြိုတင်မဲပေးမည်

ရွေးကောက်ပွဲအတွက် စင်္ကာပူရောက် ချင်းလူမျိုး ၂၄၅ ဦးထက် မနည်းမှ အဝေးရောက်ကြိုတင်မဲပေးမည် Chin World Media September 29, 2020 နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအား တရားဝင်သွားရောက်သည့် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများမှလည်း မဲပေးခွင့် ရှိကြပြီး၊ စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသော ချင်းလူမျိုး (၂၄၅) ထက်မနည်းမှ ကြိုတင်မဲပေးကြမည်ဖြစ်သည်ဟုသိရသည်။ စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော စာရင်းအင်းများအားလေ့လာရာတွင် ချင်းလူမျိုးများ၏ အမည်စာရင်းများကို Chin World Media မှ မြန်မာပြည် အနှံ့ ချင်းလူမျိုးများနေထိုင်သော ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ကလေး၊ ကလေးဝ၊ တမူး၊ မုံရွာနှင့် ဟုမ္မလင်း၊ မကွေးတိုင်းဒေသကြီးမှ သရက်၊ ဆော၊…

တပ်မတော်မှအပြည့်အဝတာဝန်ယူပါကပလက်ဝမြို့နယ်တခုလုံးရွေးကောက်ပွဲကျင်းပနိုင်မည့်အနေထားရှိဟုဆို

  Salai Shing Mang ၂၀၂ဝပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်မှအပြည့်အဝတာဝန်ယူပါက ပလက်ဝမြို့နယ်တခုလုံး ကျင်းပနိုင်မည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း၊ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်မှပြောသည်။ “မဲဆန္ဒနယ်အမှတ်(၁)ဘက်မှာဆိုရင် ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၄၅အုပ်စုရှိတယ်၊၄၅အုပ်စုမှာ ကျင်းပလို့ရတဲ့ အုပ်စုက ၃၄အုပ်စု ကျင်းပလို့ရတယ်၊ကျင်းပလို့မရတာ၁၁အုပ်စုရှိတယ်၊အဲတာ ရာခိုင်နှုန်းနဲ့တွက်လို့ရှိရင်ရ၅.၅၅ရာခိုင်နှုန်းလောက်ကကျင်းပလို့ရတယ်လို့ကျွန်တော်ပြောလိုတယ်၊ဒါမဲဆန္ဒနယ်(၁)၊မဲဆန္ဒနယ်(၂)မှာတော့ ကျေးရွာအုပ်စုပေါင်း (၅၇)အုပ်စုရှိတယ် ၊ကျင်းပလို့ရတာ(၄၃)အုပ်စုရှိတယ်၊သူလည်းပဲ ရာခိုင်နှုန်းအရတွက်မယ်ဆိုရင် ၇၅.၄၄ရာခိုင်နှုန်းရှိတယ်၊အဲတာကြောင့် မဲဆန္ဒနယ် (၁)ရော မဲဆန္ဒနယ်(၂)မှာရော နှစ်ခုလုံးက ကျင်းပလို့ရတဲ့ အနေထားရှိတယ်၊ကျွန်တော်တို့ သုံးပုံနှစ်ပုံ ကျင်းပလို့ရတဲ့ အနေထားရှိတာပေါ့နော်၊ကျန်တဲ့ သုံးပုံတစ်ပုံကလည်း တပ်မတော်ကသာလုံခြုံရေး အပြည့်ဝတာဝန်ယူပေးမယ် ဆိုရင်လည်း ကျင်းပလို့ရတယ်အဲတာလည်းပြောချင်တယ်” ဟု စည်ပင်ဝန်ကြီးဦးစိုးထက်မှပြောသည်။ လက်ရှိပလက်ဝမြို့နယ်အချို့နေရာများတွင် စစ်ဖြစ်သည့်နေရများဖြစ်ပြီး တစ်မြို့နယ်လုံးစစ်ဖြစ်ပြီး မအေးချမ်းသည့် နယ်မြေမဖြစ်သောကြောင့် ရွေးကောက်ပွဲကျင်းပနိုင်သည့် အနေထားပိုများကြောင်းလည်းသိရသည်။ ဦးစိုးထက်မှ “အစိုးရက ရွေးကောက်ပွဲကျင်းပနိုင်ဖို့ကလုပ်ပေးရမှာပေါ့နော်၊အခုကနိုင်ငံတော်ကလည်း ရွေးကောက်ပွဲကော်မရှင်ကလည်း…

ချင်းပြည်နယ်တွင်တာဝန်ကျရာကျေးရွာများရှိမဲရုံများသို့သွားရောက်ကြမည့်ကျောင်းဆရာ/ဆရာမများအနေဖြင့်အခက်အခဲများစွာရှိ

  Salai Khup Khup အထွေထွေရွေးကောက်ပွဲအတွက်ချင်းပြည်နယ်တောင်ပေါ်ဒေသတွင်တာဝန်ကျရာကျေးရွာများရှိမဲရုံများသို့သွားရောက်ကြမည့် ကျောင်းဆရာ/ဆရာမများအနေုဖြင့်အခက်အခဲများစွာရှိနေကြောင်းသိရသည်။ ဖလမ်းမြို့နယ် ဗန်ဗား အ.လ.က ကျောင်းဆရာမ ဒေါ်ဝေဝေတင်က “ကျောင်းဖက်ကလည်း အောက်တိုဘာလ (၁) ရက်နေ့ ရောက်ရမယ်လို့ ပြောတယ် အထက်ကနေ အမိန့်စာနဲ့ ဖြစ်တဲ့အတွက် မလာရင်လည်း ကိုယ့်ဘာသာ ဖြေရှင်းလို့ပြောတယ် နို့်ဆို့အရွယ်ကလေးတွေနဲ့ဆိုတော့ အန္တရယ်များတယ် လူလွတ်ဆိုရင်တော်သေးတယ် ကလေးနဲ့ဆိုတော့ အခုလိုမျိုးကာလမှာ လုံးဝအဆင်မပြေဘူး ကားတွေကလည်း မရှိဘူး အောက်တိုဘာလ (၁)ရက်နေ့ ရောက်ပြီးတော့ Quarantine ကို (၂၁)ရက် ကိုယ့်အိမ်ယာမှာ နေရမယ်ပေါ့ အဲလိုမျိုးပြောတယ်”ဟုုဆိုသည်။ ကိုဗစ််ကာလတွင် မိမိတာဝန်ကျခဲ့သည့် ကျောင်းများတွင် မဲရုံ နှင့် ပက်သက်ပြီး တာဝန်ယူကြရမည်မှာ များစွာ အခက်အခဲနှင့် စိုးရိမ်မှု…

ပလက်ဝမြို့နယ်တွင် ကိုဗစ်နှင့်စစ်ပွဲတို့ကြောင့် ရောင်းစရာဆန်မရှိတော့ပဲစားသောက်ကုန်များစျေးအဆမတန်မြင့်တက်

  Salai Khup Khup ပလက်ဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကပ်ဘေးနှင့် စစ်ပွဲတို့ကြောင့် အသွားအလာကန့်သတ်ထားသည့်အတွက် ရောင်းစရာဆန်မရှိတော့ပဲ စားသောက်ကုန် များလည်း စျေးအဆမတန်မြင့်တက် သွားကြောင်း ဒေသခံများထံမှ သိရသည်။ ပလက်ဝမြို့နယ် စစ်ရှောင်ကူညီရေး အဖွဲ့ပြောခွင့်ရ ဦးကျော်အောင်က “ဒီလ ၂၀ ရက်ကတည်းက ရောင်းစရာ ဆန်လည်းမရှိဘူး အသွားလာတွေလည်း ကိုဗစ်-၁၉ ကြောင့်လည်း ပိတ်ထားတယ် နောက်ပြီး စစ်ရေးကြောင့် အဓိက ဆမီးနဲ့ ပလက်ဝကြား လမ်းကြားမှာ တိုက်ပွဲတွေကလည်း ခဏခဏ ဖြစ်တော့ ဒီလိုမျိုးဖြစ်နေတော့ ပလက်ဝမြို့ပေါ်ရော နယ်ကကျေးရွာ တော်တော်များများရော ဆန်ပြတ်လတ်မှု ကြုံတွေ့ရမဲ့ အခြေနေဖြစ်နေတယ်”ဟုပြောသည်။ ကိုဗစ်ကပ်ရောဂါနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ပလက်ဝမြို့နယ်တွင် အသွားလာကန့်သတ်ထား…

ကလေးမြို့တွင် ကိုဗစ် ၁၉ ဒုတိယလှိုင်းအတွင်း ပြည်တွင်းကူးစက်မှု ၅ ခု ရှိ

    Salai Khup Khup စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ၂၄ ရက်နေ့ကတွေ့ရှိသော ကိုဗစ်-၁၉ ပိုးတွေ့လူနာ နှစ်ဦးမှာ ပြည်တွင်းကူးစက်မှု ဖြစ်ကြောင်း ကလေးမြို့တွင် ပြည်တွင်းခရီးသွားရာဇဝင်ရှိသောသူများကိုအကန့်အသတ်ထားစောင့်ကြည့်ရာမှ ပြည်တွင်းကူးစက်မူ ၅ ခုတွေ့ရှိကြောင်းကလေးမြို့ကိုဗစ်-၁၉ တိုက်ဖျက်ရေး အဖွဲ့မှ တာဝန်ရှိသူများက ပြောပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၄ ရက်နေ့တွင် ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၅ ဦးရှိခဲ့ပြီး ကလေးမြို့မှ ၂ ဦး၊ ခင်ဦးမြို့နယ်မှ ၂ ဦး၊ ကသာမြို့နယ်မှ ၁ တို့ဖြစ်သည်။ ကလေးမြို့ကိုဗစ်-၁၉ တိုက်ဖျက်ရေးအဖွဲ့မှ ဥက္ကဌ ဦးဗျက်မှိန်းထန်းငါက “အခုပိုးတွေ့ လူနာနှစ်ဦးက ရန်ကုန်ကနေပြန်လာတဲ့ သူ့ညီမဆီကနေ…

ချင်းပြည်နယ်တွင်လွှတ်တော်နေရာစုစုပေါင်း ၃၈ နေရာဝင်ပြိုင်မည့် ညီညွှတ်သောဒီမိုကရက်တစ်ပါတီ(UDP)အနေဖြင့် ၇၅%အနိုင်ရရှိရန်ယုံကြည်မှုရှိဟုဆို

  Salai Shing Mang ချင်းပြည်နယ်ရှိ လွှတ်တော်နေရာစုစုပေါင်း ၃၉ နေရာတွင် ၃၈ နေရာဝင်ပြိုင်မည့် UDP Party အနေဖြင့် ရွေးကောက်ပွဲတွင် ၇၅ရာခိူင်နှုန်းအနိုင်ရှိရန်ယုံကြည်ကြောင်း UDP ပါတီချင်းပြည်နယ်တာဝန်ခံ မှပြောသည်။ “ကျွန်တော်တို့ကတော့ ၇၅%ကတော့ သေချာသလောက်ဖြစ်ပြီ အင်အားက ကျွန်တော်တို့စုဆောင်းပြီးသားအင်အားအရဆိုရင် အုပ်စုတစ်ခုမှာ ဒီလအထိ ၁၅၀ အုပ်စုတစ်ခုမှာရှိပြီးသားဆိုတော့ ၇၅ရာခိုင်နှုန်းကတော့ အောင်မြင်ပြီးသားလို့ ကျွန်တော်တို့ယူဆပါတယ်ဗျ” ဟု UDP ပါတီချင်းပြည်နယ်တာဝန်ခံ ဦးသွန်ခမ်ကပ် မှ ပြောသည်။ UDP ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်းများကိုယ်တိုင် နေရာတိုင်းမသွားခိုင်းပဲ ကျေးရွာတိုင်းတွင်ပါတီရေးရာ ကော်မတီများမှ တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းပြီး ကြိုးစားနေရသည့်အခြေနေဖြစ်ကြောင်းလည်း သိရသည်။ ချင်းပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ပြိုင်မည့်ပါတီများနှင့်ပတ်သက်ပြီး ” CNLD…

၂၀၂၀ ရွေးကောက်ပွဲအတွက် ချင်းပြည်နယ်တွင် တစ်ပြည်နယ်လုံးရှိ ရဲအင်အား ၅၀ ရာခိုင်နူန်းအသုံးပြုမည်

    Salai C Lian နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပမည့်၂၀၂၀ ပါတီစုံရွေးကောက်ပွဲ လုံခြုံမူရှိစေရန် တစ်ပြည်နယ်လုံးရှိ ရဲအင်အား ၅၀ ရာခိုင်နူန်းအသုံးပြုသွားမည် ဖြစ်ကြောင်း ချင်းပြည်နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးထံမှသိရသည်။ “အခုပြည်နယ်လုံးမှာရှိတဲ့ လုံခြုံရေးရဲ အင်အား ၅၀ ရာခိုင်နူန်းအသုံးပြုမယ်၊ အထူးရဲတွေပါမယ်၊ အထူးရဲတွေသုံးမယ်၊ အတိကျပြောလို့မရဘူး ဆိုတာကတော့ ဗဟိုကော်မတီရယ်၊ ပြည်ထဲရေးရယ်၊ ကျန်တဲ့ဌာနဆိုင်ရာတွေ ပေါင်းစပ်ပြီးလုပ်မှ အဆင်ပြေမှာလေ၊ အဲဒါကြောင့် တစ်ပြည်နယ်လုံးမှာရှိတဲ့ အင်အား ၅၀ ရာခိုင်နူန်းကို သုံးမှာပါ၊” ချင်းပြည်နယ် တစ်ပြည်နယ်လုံးတွင် အထူးရဲအင်အားအသုံးပြုမည်ဖြစ်ပြီး ကျန်ရှိနေသည့် ရဲအင်အားများသည် ရုံးလုပ်ငန်းများလိုအပ်သောကြောင့် ၅၀ ရာခိုင်နူန်းကို အသုံးပြုရခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ အထူးရဲတွေ၊ အထူးလုံခြုံရေးအတွက် ၅၀…

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ချင်းပြည်နယ်ရှိဘာသာရေးအဆောက်အဦးများဆောက်လုပ်ရန်ထောက်ပံ့ငွေ ကျပ် ၄၈၅ သန်း သုံးစွဲဟုဆို

      Salai C Lian   ချင်းပြည်နယ်အတွင်းရှိ ဘာသာရေးအဆောက်အဦးများထောက်ပံ့ငွေများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး ဦးစီးဌာနမှ သန်း ၄၈၅ သုံးစွဲကြောင်း ချင်းပြည်နယ် လွှတ်တော်ဥက္ကဌ ပူး ဇိုဘွဲက ပြောသည်။ “တစ်ပြည်နယ်လုံးက ထောက်ပ့ံလိုအပ်တဲ့ ဘာသာရေးကျောင်းတွေကို တစ်မြို့နယ် လေး၊ ငါး ခုလောက်ကျွန်တော်တို့ ကူညီတယ်၊ သူတို့အနေနဲ့ ဘယ်လိုအကူအညီလိုအပ်ကြောင်း အစိုးရကို အကြောင်းကြား စာတင်ပြီး လိုအပ်ချက်အရ ကျွန်တော်တို့က ပြန်လည် ကူညီတာဖြစ်တယ ်”ဟု ပြောသည်၊ ယင်းတစ်ပြည်နယ်လုံး ဘာသာရေးအဆောက်အဦးများ ကူညီရာတွင် လျာထားချက်မရှိကြောင်းနှင့်လိုအပ်သည့် ထင်ပြချက်အရ ကူညီထောက်ပံ့ခြင်းဖြစ်ကြောင်း လွတ်တော်ဥက္ကဌ ကဆက်ပြောသည်။ “ကျွန်တော်တို့အနေနဲ့ကတော့ သက်မှတ်ချက်တော့ မရှိဘူး၊…