

သွေး (စစ်ကိုင်း) ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ အတွက် အရေးအကြီးဆုံး အချက်က တိုင်းရင်းသား တန်းတူရည်တူ ရှိဖို့ပါပဲ။ ဒီနေ့ထက်ထိ ပဋိပက္ခတွေ မချုပ်ငြိမ်းသေးဘဲ ငြိမ်းချမ်းရေး မရသေးတာလည်း တိုင်းရင်းသား တန်းတူညီမျှမှု မရှိတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသား တန်းတူရည်တူ ရှိရေး အတွက် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) အနေနဲ့ မဖြစ်မနေ ကြိုးပမ်းသွားရမှာပါ။ တိုင်းရင်းသား အများစု နေထိုင်ကြတဲ့ ပြည်နယ်တွေမှာပါ NLD ပါတီက အနိုင်ရရှိခဲ့တာကို ကြည့်ရင် တိုင်းရင်းသားတွေ အနေနဲ့ NLD ပါတီ အပေါ်…
Salai Khup Khup ပလက်ဝမြို့နယ်ရှိပီချောင်းရွာနှင့်ကျေးရွာအချို့ဖက်ကို ဆန်ထောက်ပံ့ပေးရန် ကြိမ်းစားခဲ့သော်လည်း AAလက်နက်ကိုင်အဖွဲ့စိုးမိုးသည့်နယ်မြေများဖြစ်ခြင်းကြောင့်မပို့ဖြစ်ခဲ့ကြောင်း ချင်းစစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် Relief and Renhabilitation Committee For Chin IDPS(RRCCI )အဖွဲ့ပြောရေးဆိုခွင့်ရှိ မိုင်နန်းဝေက ပြောသည်။ RRCCI ဖွဲ့ပြောရေးဆိုခွင့်ရှိ မိုင်နန်းဝေက “RRCCI အနေနဲ့ ဆန်တွေ ပို့ဖို့ ၄ ကြိမ်လောက် ကြိုးစားဖူးတယ် ကုလားတန်ဖက်နဲ့ ဆမီးဖက်ကို ပေးလို့ရတယ် ပလက်ဝမြို့အနီးတဝိုက်ကို ပေးလို့ရတယ် အဲဒီပီချောင်းဖက်ကိုတော့ ထောက်ပံ့ပေးချင်လည်း အဆင်မပြေနိုင်ဘူး နယ်မြေက AA စိုးမိုးနေတဲ့ နယ်လိုဖြစ်သွားတယ် ဆိုတော့ ပို့လို့ အဆင်မပြေခဲ့ဘူး”ဟုပြောသည်။ ပလက်ဝမြို့နယ်တွင် လက်ရှိ ကိုဗစ်ကာလနှင့် စစ်နယ်မြေကြောင့် လမ်းပန်းဆက်သွယ်ရေး…
Salai Khup Khup ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းများအား ပြည်ထောင်စုအစိုးရမှ မှုရင်းလစာ၏ ၂ ဆခံစားခွင့် ပေးလိုက်ကြောင်း သိရသည်။ ပလက်ဝမြို့နယ် ပညာရေးမှူး ဦးကီးလောဟာက “အခုလိုပေးတာ အစိုးရက ပေးသင့်တယ် ထင်တယ် ဒီမှာက ကုန်စျေးနှုန်းက အဆမတန် စျေးကြီးတော့ အခုပေးတဲ့ဟာတောင် နည်းတယ်လို့ ပြောလို့ရတယ် ဝန်ထမ်းတွေအပြင် တောင်သူ လယ်သမားတွေလည်း တော်တော်ဒုက္ခရောက်ကြတယ် အခုလို ဝန်ထမ်းတွေကို ပေးတဲ့ပေါ်မှာလည်း ကျေးဇူးတင်ပါတယ် ဒီမှာရှိတဲ့ ဝန်ထမ်းတွေက မလောက်မဌလေး သုံးနေကြတယ် အခုလို ရတော့ဝမ်းသာပေးတယ်”ဟုပြောသည်။ ပလက်ဝမြို့နယ်၏ ဒေသအခြေအနေရ ဝန်ထမ်းများကို ၂၀၂၀ ဒီဇင်ဘာလမှ ဇန်နဝါရီ၊ဖေဖော်ဝါရီ၊မတ်လ အထိ လစာ၏ ၂ ဆခံစားခွင့်ပြုမည်ဟုလည်း…
Ruth Su Pan ဖေဖော်ဝါရီ ၂ဝရက်နေ့ချင်းအမျိုးသားနေ့ကို လူစုလူဝေးပြုလုပ်ခွင့်ဖြေလျော့ပါက ဖလမ်းမြို့အနီးတွင်တည်ဆောက်ထားသည့်ဆူရ်ဘုန်လေယာဉ်ကွင်း ဖွင့်ပွဲနှင့်အတူ ချင်းအမျိုးသားနေ့အခမ်းအနားလုပ်ရန်စဉ်းစားထားကြောင်း ချင်းပြည်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်မှ ပြောသည်။ “ဒီနှစ်မှာတော့ ကိုဗစ်ကာလ ပုံစံနဲ့ ဆိုရင်တော့ လွယ်တော့ မလွယ်ဘူး၊ ဒါမယ့် ကျွန်တော်တို့က လူကြီးတွေကို နည်းနည်းတောင်းဆို ပြီးတော့ တင်ပြဖို့ စဉ်းစားနေတာကတော့ ဒီဖလမ်း ဆုရ်ဘုန်းလေယဉ်ကွင်းက ပြီးသွားပြီ။ ပြီးသွားတော့ အဲဒီဟာက လေယဉ်ကွင်းဖွင့် ဖို့ရှိတယ်။ အဲဒီချင်းအမျိုးသားနေ့နှင့် ဖွင့်ပွဲလေး အဲလိုလည်း လုပ်လို့များရမလား ပေါ့လေ ကိုဗစ်အလွန်မှာ။ ဒါမယ့် ကိုဗစ်က အခုမှာ လူ ၃၀ ပဲ ကန့်သတ်လိုက်မယ် ဆိုရင်တော့ လုပ်လို့တော့ မရဘူးပေါ့။…
Salai Khup Khup လာမည့်ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နေရာအတွက် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး နောက်ခံအတွေ့အကြုံ ပြည့်ဝသောသူကို ရွေးချယ်တာဝန်ပေးအပ်ရန် ချင်းအရပ်ဖက် လူမှုအဖွဲ့အစည်း(၈)ဖွဲ့က ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်ခဲ့သည်။ ထုတ်ပြန်ချက်နှင့် ပက်သက်ပြီး ပြောရေးဆိုခွင့်ရှိ ပီတာလွယ်လူးက “လက်ရှိဝန်ကြီးချုပ်လည်း ကောင်းပါတယ် ကျတော်တို့ သတင်းကြားတာတော့ လာမယ့် အစိုးရသက်တမ်းမှာ လက်ရှိဝန်ကြီးချုပ်ကို ထပ်ရွေးဖို့ သတင်းကြားတယ် ဆိုတော့ ဒီထက် ပိုအရည်ချင်းရှိတဲ့သူ ဘတ်စုံမှာ အတွေ့ကြုံရှိတဲ့သူကို လိုချင်တယ် ဒီငါးနှစ်သက်တမ်းမှာ သူလည်းလုပ်နိုင်ခဲ့ပြီ လာမယ့် ငါးနှစ်မှာNLD ပုံရိပ်ကို ပိုကောင်းအောင် ချင်းပြည်နယ်ကိုလည်း ပိုတိုးတက်အောင် လုပ်နိုင်တဲ့သူ ချင်းပြည်သူတွေရဲ့ ဆန္ဒနဲ့ တစ်ထပ်ထဲ လုပ်နိုင်တဲ့ ဝန်ကြီးချုပ်ကို…
Salai Khup Khup ချင်းပြည်နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်မှသိန်းတစ်သောင်း ဝန်းကျင်ခန့် ကုန်ကျခဲ့ကြောင် းချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးလင်းကျော်ကပြောသည်။ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးလင်းကျော်က “ကျတော်တို့ ပြည်နယ်က လူဦးရေ နည်းပေမယ့် ကုန်ကျစရိတ်တော့ ပိုများတယ် တစ်ပြည်နယ်လုံးမှာ သိန်းတစ်သောင်းဝန်းကျင် ကုန်ကျတယ် ရွေးကောက်ပွဲ လုပ်ငန်းစဉ် အတိုင်းသွားရတာဆိုတော့ တိုင်းနဲ့ ပြည်နယ် တစ်ခုခြင်းမတူဘူး ကျတော်တို့ပြည်နယ်က လမ်းပန်းဆက်သွယ်ရေး အခက်ခဲရှိတယ် အဌားဆိုင်ကယ် အဌားကားတွေ မရှိဘူး ဌားရမ်းခတွေက များတယ် နောက်ပြီး မဲရုံတာဝန်ကျ ဆရာ၊ ဆရာမတွေကလည်း သူတို့တာဝန်ကျတဲ့ နေရာတွေကို သူတို့ကိုယ်ပိုင် ဆယ်ကယ်တွေနဲ့ လာရတယ် ရပ်ကျေးတွေလည်း…
မြန်မာနိုင်ငံအား ဘာသာရေးလွတ်လပ်မှုချိုးဖောက်မှုစာရင်းထဲ အမေရိကန်ပြည်ထောင်စုမှ ဆက်လက်ထည့်သွင်း December 09, 2020 ဒီဇင်ဘာလ (၇) ရက်နေ့တွင် ၂၀၂၀ ခုနှစ်၏ ဘာသာရေးလွတ်လပ်မှု ချိုးဖောက်မှုရှိသော နိုင်ငံများစာရင်း၌ နိုင်ဂျီးရီးယားနိုင်ငံအား ထပ်မံထည့်သွင်းကြောင်း အမေရိကန်ပြည်ထောင်စုအစိုးရမှ ကြေညာပြီး၊ ယင်းစာရင်းတွင် မြန်မာနိုင်ငံအားလည်း ဆက်လက်ထည့်သွင်းထားမှုအား တွေ့ရသည်။ (https://bit.ly/3m09fOO) ဘာသာရေးလွတ်လပ်မှု ချိုးဖောက်မှုစာရင်းအား ၁၉၉၈ မှစတင်ကာ အမေရိကန်ပြည်ထောင်စုအစိုးရမှ နှစ်စဉ်ကြေငြာလေ့ရှိသည်။ ယင်းစာရင်းတွင် အထူးစိုးရိမ်နေရသောနိုင်ငံများ (Countries of Particular Concern) နှင့် အထူးစောင့်ကြည့်သော နိုင်ငံများ (Special Watch List) ဟူ၍ နှစ်မျိုးနှစ်စားခွဲခြားထားပြီး၊ မြန်မာနိုင်ငံမှာ ဘာသာရေးဆိုင်ရာ လွတ်လပ်မှု စိုးရိမ်မကင်းဖြစ်ရသောနိုင်ငံများ (Countries of…
Salai Khup Khup အာဖရိကဝက် အပြင်းဖျားရောဂါကြောင့် ဝက် အများအပြားသေဆုံး နေသော်လည်း ချင်းပြည်နယ်တွင် သေဆုံးသည့် ဝက်မရှိသေးကြောင်း ဟားခါးမြို့နယ် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများထံမှ သိရသည်။ ဟားခါးမြို့နယ် မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါက်တာဟုန်းဘူနိန်က “ဟိုတလောက ထန်တလန်မှာ ခုခံအားကျ ဝက်ရောဂါကြောင့် ဝက်ကောင်ရေ တစ်ထောင်ကျော် သေခဲ့တယ်။ အခုတလော အဖြစ်များနေတဲ့ အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့်တော့ သေဆုံးတဲ့ဝက် ချင်းပြည်နယ်မှာ အတည်ပြု မရှိသေးဘူး’’ ဟုပြောသည်။ အာဖရိကဝက် အပြင်းဖျားရောဂါကြောင့် သေဆုံးပါကလည်း စည်းကမ်းတကျ စွန့်ပစ်ကြရမည်ဖြစ်ပြီး စည်းကမ်းမဲ့ စွန့်ပစ်ပါက တရားဥပဒေအရ အရေးယူ၍ ရနိုင်ကြောင်း တီးတိန်မြို့နယ် ခိုင်ကမ်းမြို့၊…
Photo By Tourism Chin Salai Khup Khup ကန်ပက်လက်မြို့ရှိ ခေါ်နူးစုမ်တောင် (ဝိတိုရိယတောင်) တောင်ထိပ်ကို သဘာဝ ပက်ဝန်းကျင် မပျက်စီးရအောင် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ တက်ရောက်ခွင့် ပြုတော့မည်မဟုတ်ကြောင်းကန်ပက်လက်မြို့နယ်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့အစည်းအဝေးတွင်ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။ ကန်ပက်လက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ဝင်းက “တောင်ပတ်လမ်း ရှောင်ကွင်းလမ်းကို မနှစ်က ဖောက်လုပ်စဉ်ကတည်းကဘဲ အရင်ကားတွေ မတက်ဖို့ အဓိက ရည်ရွယ်ပြီးဖောက်လုပ်တာဖြစ်တယ် ဒီနှစ် DMO အစည်းဝေးပွဲမှာဘဲ မည်သည့်ယာဉ်မှတက်ရောက်ခွင့်မရှိဘူး အရေးပေါ်ယာဉ်တွေ အမှိုက်သိမ်းယာဉ်တွေဘဲ အရေးကြီးကိစ္စရပ် ဆောင်ရွက်မဲ့ ယာဉ်တွေဘဲ ဝင်ထွက်ခွင့်ပြုဖို့ ဆုံးဖြတ်ထားတယ်” ဟုပြောသည်။ ခေါ်နူးစုမ်တောင်သည် အမြင့်ပေ (၁၀၂၀၀) ရှိပြီး တောတောင်အတွင်း ရှားပါးငှက်များဖြင့်သည့် မျက်ခုံးဖြူငှက်ပြာခြောက် တို့အပြင် မျိုးစိတ်ပေါင်း များစွာရှိသည့်…