
စစ်ရေးအရ CDF CDM SIYIN ထိန်းချုပ်နယ်မြေအတွင်း ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း ဆိုင်ကယ်၊ အိမ်စီးကာ၊ ခရီးသည်ယာဉ်၊ ဘာသာရေးယာဉ် နဲ့ ကုန်တင်ကား ဘယ်လိုယာဉ်မှ ဖြတ်သန်းခြင်းမလုပ်ဖို့ CDF CDM SIYIN က ဒီကနေ့ မတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။
မဖြစ်မနေအရေးပေါ်ကိစ္စရှိခဲ့ရင်လည်း သက်ဆိုင်ရာကို ကြိုတင်အကြောင်းကြားပြီးမှ သာလျှင် ဖြတ်သန်းသွားလာကြဖို့ကိုလည်း CDF CDM SIYIN က အသိပေးထားပါတယ်။
CDF CDM SIYIN တပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်၊ တီးတိန်မြို့ နဲ့ ဖလမ်းမြို့ကို သွားတဲ့ အဓိက ကားလမ်းမကြီးဖြစ်တဲ့ ကလေး – သိုင်းငင်လမ်းမ ဝန်းကျင်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။
ကလေး – သိုင်းငင်းလမ်းဟာ အိန္ဒိယ – မြန်မာနယ်စပ်တွေအထိ ဆက်သွယ်ထားတဲ့ပြင် ကလေး – တီးတိန် နဲ့ ဖလမ်း -ဟားခါးမြို့တွေအထိ ဆက်သွယ်ထားတဲ့ အဓိကကားလမ်းမဖြစ်ပြီး အဆိုပါလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်နှစ်ဆန်းပိုင်းလောက်ကတည်းက သိမ်းပိုက်ထားပါတယ်။