Headlines

၂၀၂၄ ခုနှစ် အတွင်း ချင်းပြည်နယ်အတွက် ငွေကျပ် ၅၃.၈ သန်း ထောက်ပံ့ကူညီပေးခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ထုတ်ပြန်

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန အနေနဲ့ ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ၁ နှစ်တာအတွင်း ချင်းပြည်နယ်ကို ကျပ် – ၅၃.၈ သန်း ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ကဏ္ဍအလိုက်၊ ဒေသအလိုက် ပံ့ပိုးပေးနိုင်ခဲ့မှု အခြေအနေတွေကို NUG က ဇန်နဝါရီလ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်နှစ်တာကာလ အတွင်း အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန အနေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ စစ်ဘေးရှောင်ပြည်သူတွေအတွက် ငွေကျပ် (၅,၀၇၃) သန်း၊ ပြည်သူတွေ စားနပ်ရိက္ခာ ကြိုတင်စီစဉ်မှု ငွေကျပ် (၃၀) သန်း၊ CDM ဝန်ထမ်းတွေအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူညီအဖြစ် ငွေကျပ် (၈၀.၃) သန်း၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ၎င်းမိသားစုတွေအတွက် ငွေကျပ် (၄၆) သန်း၊ ထိတွေတိုက်ပွဲမှာ ကျဆုံးရတဲ့ သူရဲကောင်းပြည်သူတွေနဲ့ ထိုခိုက်ဒဏ်ရာရသူတွေ အတွက် ကျပ် (၄၄၅) သန်း၊ သဘာဝဘေး အန္တရယ် ထိခိုက်ခံစားရသူတွေ အတွက် ကျပ် (၁၂၉၅) သန်း၊ ထိခိုက်လွယ် ပြည်သူတွေနဲ့ ၎င်းမိသားစုတွေတွက် ကျပ် (၄.၅) သန်း၊ အထွေထွေ လူသားချင်းစာနာမှုအကူအညီဖြစ် ကျ (၆၉၁) သန်းတို့ကို ကဏ္ဍအလိုက်၊ ဒေသအလိုက် ပံ့ပိုးပေးနိုင်ခဲ့မှု အခြေအနေများကို ပြန်သူတွေထံ လက်ဝယ်အရောက်ကူညီထောက်ပံ့ထားမှုတွေလို့ ထုတ်ပြန်ခဲ့ပါတယ်။

တော်လှန်ပြည်သူတွေရဲ့ ပြည်သူမှပြည်သူသို့ ထောက်ပံ့လှူဒါန်းထားတဲ့ (၇.၇) ဘီလီယံကျပ်ကို ဒေသအလိုက် အမှန်တကယ် အကူအညီ လိုအပ်နေသူတွေထံ လက်ဝယ်အရောက် ထောက်ပံ့မှုတွေ ပေးအပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးကာလ (၄) နှစ်တာကာလအတွင်း တော်လှန်ရေးအလျင်အမြန် အောင်မြင်နိုင်ရေးကို ရှေးရှုပြီး ဘက်ပေါင်းစုံ အကြပ်အတည်းတွေကြားက ကြံကြံခံကာ စဉ်ဆက်မပြတ်ပါဝင်တော်လှန်နေကြတဲ့ ပြည်သူတစ်ဦးချင်းစီတိုင်းရဲ့ လုပ်ဆောင်ချက်တွေ ထားရှိတဲ့ စိတ်ဓာတ်တွေကို လေးစားဂုဏ်ယူလျက်ရှိကြောင်းနဲ့ ရှေ့ဆက်ပြီး ယခုလိုမလျော့တဲ့ ဇွဲနဲ့စစ်အာဏာရှင်စနစ် အပြီးတိုင်ချေမှုန်းရာမှာ ညီညွှတ်စွာလက်တွဲဆောင်ရွက်စေလိုတယ်လို့လည်း အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ကထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *