Headlines

အမ်း – ပဒါန်းလမ်းရှိ စစ်ကောင်စီ စစ်ကြောင်းများကို ပိတ်ဆို့တိုက်ခိုက်ရာစစ်သုံ့ပန်း ၁၇ ဦးနဲ့လက်နက်များဖမ်းဆီးရမိကြောင်း CDF-Asho ထုတ်ပြန်

ဇန်နဝါရီလ ၂၇ ရက်။

ရခိုင် – မကွေးနယ်စပ်ရှိ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်းမှ စစ်ကောင်စီ ဆုတ်ခွာရာလမ်းနှင့် စစ်ကြောင်းများကို ပိတ်ဆို့တားဆီးပိတ်ဆို့တိုက်ခိုက်ရာမှ ဇန်နဝါရီ ၁၇ ရက်မှ ၂၅ ရက်နေ့အထိ ၈ ရက်တာအတွင်း စစ်ကောင်စီတပ်သား (၁၇) ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီးလက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) က ဒီနေ့ ဇန်နဝါရီ ၂၇ ရက်မှာသတင်းထုတ်ပြန်ပါတယ်။

CDF-Asho ဟာ ရခိုင်-မကွေးနယ်စပ်မှာ အခြေစိုက်စစ်ရေးလှုပ်ရှားနေတဲ့ ချင်းတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။

လက်ရှိမှာ ရခိုင် – မကွေးနယ်စပ်နားရှိ စစ်ကောင်စီစခန်းများနဲ့စစ်ကောင်စီတပ်စစ်အင်အားဖြည့်တင်းမှုများကို CDF-Asho နဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်နေကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *