ဇန်နဝါရီလ ၈ ရက်။
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊“လိုင်” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်ကောင်စီ (LADC) ရဲ့ အမှုဆောင်အဖွဲ့ဝင်C.Lalmuanthanga က မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်းခရိုင်အတွင်းစစ်ဘေးရှောင်လာတဲ့ ဒုက္ခသည်များနဲ့မြန်မာပြည်တွင်းနေရပ်စွန့်ခွါလာသူများအနေနဲ့မီဇိုရမ်ပြည်နယ်အတွင်းမှာ ဧည့်သည်များဖြစ်တယ်ဆိုတာ အမြဲသတိပြုရန်အသိပေးပြောကြားခဲ့တယ်လို့ ဇန်နဝါရီ (၆) ရက်နေ့မှာ Times of India ကဖော်ပြပါတယ်။
ထိုသို့အသိပေးစကားကို လောင်တလိုင်မြို့ဗဟိုလူငယ်အသင်းဘောလုံးကွင်းမှာလက်ရှိကျင်းပနေတဲ့ဒုက္ခသည်အရေးရန်ပုံငွေဘောလုံးပြိုင်ပွဲရဲ့ဖွင့်ပွဲအခမ်းအနားမှာ သူကထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး ဒုက္ခသည်များအနေနဲ့ မိမိတို့လာရောက်နေထိုင်တဲ့ ဒေသရှိအိမ်ရှင်များကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အပြုအမူများကို ရှောင်ကြဉ်သင့်တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။
C.Lalmuanthanga က “ဒုက္ခသည်တွေအတွက် အစိုးရနဲ့ပြည်သူတွေက သနားပြီး တတ်နိုင်သမျှအကူအညီပေးတယ်။ စိုးရိမ်စရာမလိုပဲ အေးအေးချမ်းချမ်းနေစေချင်တယ်။ ဒါပေမယ့်သင်တို့အနေနဲ့ ဒုက္ခသည်တွေဆိုတာကို အမြဲသတိရနေရမယ်” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
သူကဆက်ပြီး မြန်မာနိုင်ငံဟာ မီဇိုရမ်ပြည်နယ်အတွင်းကိုမူးယစ်ဆေးဝါးရောင်းဝယ်ဖော်ကားမှုရဲ့ အဓိကလမ်းကြောင်းအဖြစ်အသုံးနေခြင်းဖြစ်ပြီးထိုကဲ့သို့သော လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခြင်းကို ရှောင်ကြဉ်ကြရန် နဲ့ တရားမဝင်လှုပ်ရှားမှု၊ ဆောင်ရွက်မှု တစ်စုံတစ်ရာကို သတိပြုမိပါကလည်း အာဏာပိုင်များထံချက်ခြင်းအသိပေးရန်တိုက်တွန်းထားပါတယ်။
ဘောလုံးပြိုင်ပွဲကို အိုင်ဇောလ်မြို့ရှိ Frace Theological College ၏ ကျောင်းအုပ် Dr.Matthew APasawng ကကြီးမှုးကျင်းပပေးတဲ့ ေဘာလုံးပွဲဖြစ်ပြီး လောင်တလိုင်မြို့နဲ့ အနီးအနားရှိကျေးရွာများက ကစားသမားများပါဝင်ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။ အဆိုပါပွဲကိုဒုက္ခသည်အသိုင်းအဝိုင်းကြား စည်းလုံးညီညွတ်မှုကိုမြှင့်တင်ရန်ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့သိရပါတယ်။