မီဇိုရမ်ပြည်နယ် Camphai ခရိုင်သစ်တောဦးစီးဌာနနဲ့ အာသံရိုင်ဖယ်တပ်များမှ မြန်မာ – အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ် Zokhawthar စစ်ဆေးရေးဂိတ်မှာ ရူးပီးသိန်း (၆၀)တန် တန်ဖိုးရှိ ရှားပါးမျိုးစိတ်ဖြစ်တဲ့ De Brazza မျောက် ၄ ကောင်ကို ကယ်တင်နိုင်ခဲ့ပြီး ထိုသို့မှောင်ခိုတင်သွင်းရောင်းဝယ်ရန် ကြိုးစားတဲ့ မြန်မာနိုင်ငံသား တစ်ဦးကို ဒီဇင်ဘာလ (၁၇) ရက်နေ့ဖမ်းဆီးရမိကြောင်း The India Today သတင်းဌာနကဖော်ပြပါတယ်။
တောရိုင်းတိရိစာ္ဆန်များ ရောင်းဝယ်မှုတိုက်ဖြတ်ရေးစီမံချက်ဖြင့် နယ်စပ်ဖြတ်ကျော် သီးခြား ထောက်လှမ်းစစ်ဆေးရေးပွိုင့် III ကို Thangkhupa Kai အနီးတွင် ကင်းစခန်းချကာ နှစ်နိုင်ငံကြား မှောင်ခိုရောင်းဝယ်မှုများကို စောင့်ကြပ်ခဲ့ခြင်းဖြစ်ရာ နယ်စပ်မြို့ Tiau, Khawmawi တွင်နေထိုင်တဲ့ မြန်မာနိုင်ငံသား လတ်ချန်းဟင်မ် (၄၀) နှစ်ကို ဖမ်းစီးရမိခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါမှောင်ခိုကုန်သည်အား ဖမ်းဆီးရမိပြီးနောက် ရှာဖွေစစ်ဆေးခဲ့ရာ အိန္ဒိယနိုင်ငံတွင်းဖက်သို့ တင်သွင်းရန် လှောင်ထားတဲ့ ရှားပါးမျိုးစိတ်ဝင် မျောက်လေးကောင်ကို တွေ့ရှိခဲ့ပြီး ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
အာသံရိုင်ဖယ်တပ်မှ ဖမ်းဆီးရမိတဲ့ မှောင်ခိုကုန်သည်နဲ့ မျောက်လေးကောင်ကို ဆက်လက်စုံစမ်းရန်အတွက် သစ်တောဦးစီးဌာနကို လွှဲပြောင်းပေးခဲ့ပါတယ်။