Headlines

မဏိပူရ်ပြည်နယ်အတွင်း နိုင်ငံခြားသားများ ဗီဇာ၊ နိုင်ငံကူးလက်မှတ်ဖြင့်သာ သွားလာခွင့်ရမည်

မြန်မာနိုင်ငံနဲ့နယ်နမိတ်ထိစပ်တဲ့ အိန္ဒိယနိုင်ငံ၊မဏိပူရ်ပြည်နယ်အစိုးရမှ ပြည်နယ်တွင်း နိုင်ငံခြားသားဝင်ခွင့်အတွက် ဗီဇာ (သို့)နိုင်ငံကူးလက်မှတ်များဖြင့်သာ မဏိပူရ်ပြည်နယ်တွင်းသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် N Biren Singh ကသတင်းမီဒီယာများသို့ထပ်မံအသိပေးပြောကြားခဲ့ကြောင်း India Today မီဒီယာက ဒီဇင်ဘာ (၂၆) ရက်နေ့မှာဖော်ပြပါတယ်။


မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က “အိန္ဒိယအစိုးရက လွတ်လပ်စွာသွားလာလှုပ်ရှားမှု FreeMovement Regime (FMR) ကိုထိန်းညှိဖို့ကြိုးစားတာဖြစ်တယ်။ ဘေးပြည်နယ်တွေကတော့မပြဌာန်းဖို့တောင်းဆိုကြတယ်။ အစောပိုင်းကတည်းက ပြည်ထဲရေးဝန်ကြီးဌာနက အိန္ဒိယကိုလာလိုတဲ့ မြန်မာနိုင်ငံသားများကို ဗီဇာထုတ်ပေးဖို့ကိုလည်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဗီဇာနဲ့နိုင်ငံကူးလက်မှတ် ရပြီးမှသာ ခွင့်ပြုမှာပါ” လို့ မီဒီယာများကိုပြောပါတယ်။

Free Movement Regime (FMR) ဟာ ပြည်နယ်တစ်ခုလုံးသို့သွားလာခွင့်မဟုတ်ပဲနယ်စပ်တစ်လျှောက်နေထိုင်သူများကို ဗီဇာနဲ့ နိုင်ငံကူးလက်မှတ်မလိုပဲ နိုင်ငံတစ်ဖက်နဲ့တစ်ဖက်၁၆ ကီလိုမီတာ (၁၀ မိုင်ခန့်) အထိသွားလာဖို့ခွင့်ပြုထားခြင်းဖြစ်ပါတယ်။


ထိုသို့နယ်စပ်ဖြတ်ကျော်ခွင့်ကိုလည်း ၁၄ ရက်အထိသာနေထိုင်ခွင့်ပေးထားတာဖြစ်ပြီးသတ်မှတ်ထားတဲ့ ပြန်ဌာန်းချက်များဖြင့်ကိုက်ညီတဲ့အကြောင်းပြချက်များဖြင့်သာခွင့်ပြုချက်ယူပြီးသွားလာခွင့်ရမှာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံအရှေ့မြောက်ဖက်ခြမ်းရှိ မီဇိုရမ်ပြည်နယ်၊ နာဂလန်းပြည်နယ် နဲ့မဏိပူရ်ပြည်နယ်တို့မှာ နိုင်ငံခြားသားဝင်ရောက်ရန်အတွက် အိန္ဒိယနိုင်ငံဗဟိုအစိုးရကဒီဇင်ဘာလ (၂၁) ရက်နေ့မှာ Protect Area Regime ( PAR) ကိုပြန်လည်ပြဌန်းပြီးအဆိုပါပြည်နယ်သုံးခုသို့ သွားရောက်လိုပါက ခွင့်ပြုချက်၊ အထူးခွင့်ပြုချက်များဖြင့်သာ
သွားရောက်ရန်ပြန်လည်ပြဌာန်းခဲ့ပါတယ်။ ထိုသို့အိန္ဒိယနိုင်ငံ ဗဟိုအစိုးရမှ ပြဌာန်းပြီးမကြာမီပင်မီဇိုရမ်ပြည်နယ်ရဲ့ အနိုင်ရပါတီဖြစ်တဲ့ Zomi People Movement(ZPM) က ဗဟိုအစိုးရအနေနဲ့ပြဌာန်းချက်များကို ပြန်လည်သုံးသပ်ရန် ထုတ်ပြန်ချက် ထုတ်ခဲ့ပါတယ်။

မဏိပူရ်ဝန်ကြီးချုပ်က အိန္ဒိယ – မြန်မာနယ်စပ်တစ်လျှောက် သွားလာဖို့အတွက် ဗဟိုအစိုးရကFMR ကိုထိန်းချုပ်ရန် ဆောင်ရွက်ခြင်းမှာ အိမ်နီးချင်းနိုင်ငံများရဲ့စိုးရိမ်ပူပန်မှုများဖြေရှင်းနိုင်ရန်နဲ့ နိုင်ငံတကာစံချိန်စံညွှန်းအတိုင်း နယ်စပ်ဖြတ်ကျော်ခွင့်သွားလာမှုကိုချောမွေ့စေရန် ရည်ရွယ်တာဖြစ်တယ်လို့ဆိုပါတယ်။


မဏိပူရ်ပြည်နယ်အတွင်း နိုင်ငံခြားသားများ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ပတ်သက်ပြီးပြည်နယ်လုပ်ပိုင်ခွင့်မည်မျှရှိနိုင်မည်နှင့်ပတ်သက်ပြီး မီဒီယာများ၏မေးမြန်းမှုကို ဝန်ကြီးချုပ်ကမဏိပူရ်ပြည်နယ်အစိုးရအနေနဲ့ ပြီးပြည့်စုံတဲ့ မူဘောင်တစ်ခုမရှိမချင်းလက်ရှိဆောင်ရွက်မှုများဟာ ကြားဖြတ်အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့
ပြန်လည်ဖြေကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *